အပိုင်း ၁

3.3K 207 5
                                    


[ Unicode ]

တစ်ထောင်ကိုးရာကိုးဆယ့်တစ် အောက်တိုဘာ ငါးရက်နေ့မှာ ဝမ်ရှောင်းကျန့်လို့အမည်တွင်တဲ့ ဝမ်အိမ်ရဲ့သားအကြီးက ဆည်းလည်းလေးအဖြစ် မိသားစုထဲပထမဦးစွာရောက်လာခဲ့တယ်။

ဝမ်မားမားကပြောပါတယ်။သားဦးမို့ ရှောင်းကျန့်ကို မျှော်လင့်ချက်တွေ သိပ်ထားခဲ့တယ်တဲ့လေ။ အောက်နှုတ်ခမ်းကမှဲ့သေးလေးနဲ့ လူတိုင်းကို ချိုချိုသာသာပြုံးပြတတ်ကာ လူမှုဆက်ဆံရေးကလည်းကောင်းလှပြီး
အရာရာမှာ သွက်လက်ချက်ချာရှိလှတဲ့သားက
ဉာဏ်သိပ်ထက်ပြီး သူတို့အားကိုးရတဲ့ လူတော်တစ်ယောက်ဖြစ်လာမှာ အသေချာပဲတဲ့။
ငယ်ငယ်ထဲက အရွယ်နဲ့မလိုက်အောင် သိတတ်နားလည်ပြီး လိမ္မာလွန်းလို့ ပြောမပြတတ်အောင်လဲ ချစ်ခဲ့ရတဲ့သားဦးပေါ့။

သားဦးမွေးပြီးလို့ ခြောက်နှစ်အကြာ တစ်ထောင်ကိုးရာကိုးဆယ့်ခုနစ် သြဂုတ်လငါးရက်မှာတော့ ဝမ်ရိပေါ်လို့အမည်တွင်တဲ့ သားငယ်လေးကလည်း ဒီမိသားစုထဲ ဒုတိယသားအနေနဲ့ဝင်ရောက်လာခဲ့ပြန်သည်။

အသက်ခြောက်နှစ်ကွာခြားသည့် ညီငယ်လေးကို ရှောင်းကျန့်က အရမ်းဂရုစိုက်ကာ အရမ်းလဲချစ်တယ်လို့ ဝမ်မားမားက ခဏခဏပြောတယ်။ သူမကလည်း သားမွေးအလွန်ကျဲခဲ့တာမို့ ရှောင်းကျန့်တစ်ယောက်တည်းနှင့် တစ်ဦးတည်းသော သားဖြစ်လိမ့်မယ်လို့ယုံကြည်ထားခဲ့တာ။ ဒါကြောင့် ခြောက်နှစ်ငယ်တဲ့ညီငယ်လေးကို ရှောင်းကျန့်အတွက် လက်ဆောင်ပေးဖြစ်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။

ဝမ်ရိပေါ်က အခုတော့ တစ်အိမ်သားလုံးရဲ့ အသဲညှာလေးပေါ့။ တစ်ယောက်ထဲ အဖော်မဲ့ခဲ့တဲ့ရှောင်းကျန့်ကလည်း ညီငယ်လေးမထင်မှတ်ပဲရသွားတော့ သိပ်ပျော်ရွှင်နေခဲ့ပြီး အစမှခပ်သိမ်း သူ့ညီလေးကို ဂရုစိုက်တတ်ကာ အလိုလိုက်ဖူးဖူးမှုတ်ရင်း အထိမခံနိုင်အောင်ကို ချစ်ရှာတယ်။

သို့ပေမဲ့ ဝမ်ရိပေါ်က ဆိုးသွမ်းတယ်။ ဘာလို့ဆို တစ်အိမ်လုံးရဲ့ အသဲညှာ အသည်းတုံး အချစ်ခံလေးမို့ သူကအိမ်မှာ အကျင့်ဆိုးတဲ့မင်းသားလေးတစ်ပါးလို ပြုမူနေထိုင်နေတော့တယ်။
အဲ့လိုဆိုးတာကိုမှ တုန်နေအောင်ချစ်တဲ့ သူ့အကိုရှောင်းကျန့်ကလည်းရှိနေပြန်တော့ ဒီကလေးက ထိန်းဖို့သိပ်တော့မလွယ်လှဘူး။

Wrong Step But Perfect(Completed)Where stories live. Discover now