Unicode_
" ဂျုံအင်.. အစ်ကိုဒီမှာ... "
ဆိုင်ထဲကိုဝင်ဝင်ချင်း အစ်ကိုချန်းယောလ်ရဲ့ ခေါ်သံကြောင့်ဂျုံအင် လွန်ခဲ့တဲ့ ၈နှစ်လောက်ကလိုပဲ ကြည်နူးမှု့အပြည့်နဲ့ ချန်းယောရှိရာဆီပျော်ရွှင်စွာလျှောက်သွားတယ်။
သူနှင့်အစ်ကိုချန်းယောလ်အခုလို မတွေ့ဖြစ်တာတောင်အတော်ကြာနေပြီမဟုတ်လား?
" ငါကတော့ ဟွန်းရဲ့အချစ်တွေကြောင့် အခုချိန်ထိ ဘာပဲလုပ်လုပ် အောင်မြင်နေတာလို့ထင်တယ် "
ထိုင်ခုံပေါ်တောင်မထိုင်ရသေးခင်မှာပင် ယုံကြည်မှုအပြည့်အဝရှိရှိနဲ့ပြောနေတဲ့ စီနီယာဘတ်ခ်ဟျွန်းရဲ့အသံကြောင့် နောက်ဆုံးမှရောက်ရှိလာသူ ဂျုံအင်တစ်ယောက် အစ်ကိုချန်းယောလ် ရဲ့ 'နေ့လည်စာအတူတူစားကြရအောင်လေ' ဆိုတဲ့ စာကို မငြင်းမိတဲ့ ကိုယ့်ကိုယ်ကို ပထမဆုံးအကြိမ် စိတ်ပျက်မိတယ်။
တကယ်ကြီး သူမေ့နေခဲ့တာ ဒီနေ့က ဖေဖော်ဝါရီ၁၄ဆိုတာကို...
ပြီးတော့ သူထင်နေခဲ့တာက မတွေ့ရတာကြာပြီဆိုတော့.. သူနှင့်အစ်ကိုချန်းယောလ် နှစ်ယောက်တည်းပဲဖြစ်မည်ထင်ကာ ဘယ်သူတွေပါသေးလဲလို့မေးရန်မေ့နေခဲ့သည်။
ဘယ်လောက်ရယ်စရာကောင်းတဲ့ ဟာသလဲ? ကင်ဂျုံအင်က ကိုယ့်ကိုယ်ကိုသိပ်အထင်ကြီးတာပဲ...
မဟုတ်ရင် 'ဂျုံအင် အခု တစ်ယောက်တည်းလား? ဘာစားပြီးပြီလဲ? " ဆိုတဲ့ အစ်ကိုချန်းယောလ်ရဲ့ ပို့စာကစပြီး နောက်ဆုံးပို့ခဲ့တဲ့ 'နေ့လည်စာအတူတူစားကြရအောင်လေ'အထိ လျစ်လျူရှု့လိုက်မိမှာအမှန်ပဲ.. ။
အခုတော့...............။
_____♡1402♡_____
" ကဲလူစုံပြီဆိုတော့ စလိုက်ကြရအောင်... အဟမ်း.. အဟမ်း.. အက်ဖ်အေအပေါင်း သူတော်ကောင်းတို့ မတွေ့ရတာအတော်ကြာပြီနော်... ငါကတော့ အားလုံးသိကြတဲ့အတိုင်း အိုဆယ်ဟွန်းရဲ့ အသည်းတစ်ခုလုံးကိုအပိုင်စားရထားတဲ့.. ချစ်စရာကောင်းလှသော.. ဘတ်ခ်ဟျွန်းနီးလေးပဲဖြစ်ပါတယ်... "
YOU ARE READING
♡I'm YOURS♡ {SEBAEK}
Kurzgeschichten♡SEBAEK♡ ♡ 9404 ♡ ❀one short collections❀ By coffee_61