11.6K 544 9
                                    

Unicode ....

ကိစ္စတစ်ခုဖြစ်ပြီးတိုင်းမှာ လူတွေက သွေးပူနေတုန်း ဘာပြောပြောနားဝင်မှာမဟုတ်ဘူးလေ.ဒါကြောင့် ကျွန်တော်လည်း သူစိတ်အေးအောင် ခနလွှတ်ပေးထားလိုက်တယ်.သူအလုပ်ဆင်းချိန်တိုင်း သူကားစော့င်နေချိန် တစ်ချိန်လုံး ကျွန်တော် သူမမြင်နိုင်တဲ့တစ်နေရာကားထဲမှာ သူ့ကိုကြည့်နေခဲ့ပါတယ်.သူကတော့မမြင်ဘူးပေါ့.ဒီနေ့တော့ သူလည်း စိတ်ငြိမ်လောက်​ပြီထင်တယ် တော်ကြာအကြာကြီးပစ်ထားတယ်ဆိုပြီး အခြေအနေပိုဆိုးသွားဦးမယ်.ကားပေါ်သူရောက်လာတော့ကားပေါ်မှာနှစ်ယောက်လုံး စကားမပြောဖြစ်ကြဘူး.ကလေးတို့လမ်ထိပ် မှတ်တိုင်ကနေ တော်တော်ဝေးဝေး ဆက်မောင်းသွားလို့ရှိရင် စပါးစိုက်တဲ့ လယ်ကွင်းပြင်တွေ နဲ့ တစ်အိမ်နဲ့တစ်အိမ်တော်တော်ဝေးပြီး ကားတစ်စီး နှစ်စီး လောက်ပဲ ဖြတ်မောင်းကြတဲ့ လေတဖြူးဖြူးနဲ့ သာယာတဲ့နေရာလေးရှိတယ်.ပတ်ဝန်းကျင်ကလည်း လူရှင်းတော့တိတ်ဆိတ်နေတယ်.ကျွန်တော် ကားထဲကထွက်ပြီး သူု့ကို ကားတံခါးဖွင့်ပေးတော့ သူလည်းထွက်လာတယ်.

ရှိုင်း....."အဒါက ကလေးထင်နေသလိုမဟုတ်ဘူး
သူက ကိုယ့်အတွင်းရေးမှူးမလေး ကလေးလာမယ်လို့ဖုန်းရပြီ သူဝင်လာတာ .....
ကော်ဖီခွက်လာချရင်း သူ့​ခြေ ​ထောက်ခေါက်ပြီး ကိုယ့်ပေါ် လဲကျတော့ ကိုယ်က သူ့ကိုထူ​ပြီးထိန် လိုက်ရုံပဲ အဲ့အချိန်မှာကလေးဝင်လာတာ"

ကလေးဘက်က ဘာမှပြန်​ပြောမလာဘူး တိတ်နေတယ် ခနကြာမှ

စစ်..."ကျွန်တော်ယုံတယ် ကိုကိုက မဟုတ်ဘူးပြော တာနဲ့ အဲ့ကိစ္စကမဟုတ်ဘူးလို့ပဲယုံကြည်တယ် ကိုကို့စကားကိုပဲယုံမယ်"

ကျွန်တော်ယုံတယ် သူကကျွန်တော့ရဲ့ ကိုးကွယ်ရာ ကျွန်တော်အချစ်ရဆုံးလူသား သူ့စကားကိုမယုံရင် ကျွန်တော် ဘယ်သူ့စကားကိုယုံရမှာလဲ.

ရှိုင်း.. " ကျေးဇူးပါ ကလေးလေး ကို့ကို ယုံကြည်ပြီး အခွင့်အရေးထပ်ပေးတဲ့အတွက်"

နှစ်ဦးသား တစ်ဦးကိုတစ်ဦး လွတ်ထွက်သွားမည့်အလား တင်းကြပ်​အောင် ဖက်ထားမိတယ်.ကျွန်တော်ကိုကို့ရင်ခွင်ထဲကနေ ခေါင်းမော့ကြည့်လိုက်တော့ ကိုကို့ မျက်လုံးတွေက တစ်ခုခု ကို ခွင့်တောင်းနေပုံနဲ့ ကျွန်တော့်မျက်ဝန်းတွေကိုစိုက်ကြည့်နေတယ်. ကျွန်တော်နားလည်ပါတယ် ချစ်သူဖြစ်လာတဲ့ အချိန်ကနေ အခုချိန်ထိ ပါး. နဖူး .လက် စတာတွေလောက်ပဲနမ်းဖူးတာ.ယောက်ကျားလေးချင်း ကျွန်တော်နားလည်ပါတယ်.ကျွန်တော်လည်း စကားနဲ့မဖြေတော့ပဲခွင့်ပြုပေးသည့်အလား မျက်ဝန်းတွေကိုမှိတ်ပေးလိုက်တယ်.တဖြည်းဖြည်း နီးကပ်လာတဲ့အသက်ရှူသံ ငွေ့ငွေ့ . တစ်ခုခုရောက်လာမှာကိုသိနေတဲ့ ခံစားချက် ထိကပ်လာတဲ့ နှုတ်ခမ်းနှစ်စုံ အပေါ်နှုတ်ခမ်း အောက်နှုတ်ခမ်း တစ်လှည့်စီနမ်းနေရင်း ဝင်ခွင့်တောင်းနေတဲ့ သူရဲ့လျှာလေး ကျွန်တော်လည်း အလိုက်တသိ နှုတ်ခမ်းလေးဟပေးလိုက်တယ် ဝင်ရောက်လာတဲ့သူရဲ့လျှာ နဲ့ ကျွန်တော့လျှာနှစ်ခု ပွတ်သပ်နေရင်း လက်တွေကလည်း တစ်ယောက်တစ်ယောက် တင်းကြပ်စွာဖက်ထားမိတယ်.အနမ်းတွေက မနူးညံ့သလို ရမက်ဆန်ဆန်ပူလောင်နေတဲ့အနမ်းမျိုးလည်းမဟုတ်.နှစ်ယောက်သား အချိန်ကြာကြာနမ်းနေရင်းမှ အသက်ရှူဖို့ လိုအပ်လာတော့ ကျွန်တော့် လက်ကသူ့ရင်ဘက်ကို အားပါပါတွန်းထုတ်မှ သူ့ဘက်က မလွှတ်ချင် လွှတ်ချင်နဲ့ လွှတ်ပေးလိုက်ရတဲ့ပုံစံမျိုး
အဲ့ဒိနေ့ကစပြီး ကျွန်တော်တို့ အရင်ကထက်ပိုပြီး ရင်းနှီးလာသလို တစ်ရက်ပြီးတစ်ရက် ပို ပိုပြီးတော့လည်းချစ်လာရတယ်.ထာဝရထက် တစ်ရက်ပိုသည်ဆိုသလိုမျိုးပေါ့.


Forever 💚 (unicode and zawgyi) Completed Where stories live. Discover now