ချစ်ခဲ့မိပါသည် သို့သော်~~~မိုးရေစက်ကလေးများကလည်း တဖွဲဖွဲ မြေပြင်ပေါ်သို့ သက်ဆင်းကျရောက်နေသည်။မြေနီလမ်းနှင့်မိုးရေစက်တို့ ထိခတ်သောအခါ ထွက်ပေါ်လာတတ်သော မြေသင်းရနံ့တို့ဖြင့် မွှေးကြိုင်ထုံအီနေသော လမ်းမပေါ်တွင် ကျွန်မလျှောက်လှမ်းနေသည်။ အမှန်တကယ်အားဖြင့်ယနေ့သည် ကျွန်မတို့အစိုးရကျောင်းသားများ၏ ပထမဆုံးကျောင်းတက်ရသောနေ့ဖြစ်သည်။ ကျောင်းသားကျောင်းသူအားလုံးကပျော်ရွှင်စွာ ကျောင်းထဲဝင်သွားကြသည်။သူငယ်ချင်း အသစ်များနှင့် မိတ်ဖွဲ့ကြသည်။ သူငယ်ချင်းအဟောင်းများနှင့်တွ့ဆုံကြသည်။ အမှတ်တရများဖလှယ်နေကြသည်။ ယခုအခြေအနေနှင့်လုံးဝကွဲထွက်နေသည်က ကျွန်မပင်။ ကျွန်မသည် မိုးရာသီကိုလည်းလုံးဝမနှစ်သက်သလို, ကျောင်းတက်ရခြင်းကိုလည်းလုံးဝမကြိုက်,လူများစွာနှင့်အဆက်အဆံလုပ်ရသည်ကိုလည်းမလိုလား။ထို့ကြောင့်ကျောင်းမှာလည်း လူသိမများ။ကျွန်မသည်ရိုးရိုးရှင်းရှင်းဖြင့် အေးချမ်းစွာနေထိုင်လိုပြီး အပူအပင်မရှာချင်သော လူမျိုးဖြစ်သည်။သို့သော်ထိုအရာများသည် တစ်စုံတစ်ယောက်က ကျွန်မအားမပြောင်းလဲပေးခင်အထိသာ ဟုမထင်ခဲ့ရိုးအမှန်။
ကျောင်းတက်ချိန်တွင်မူ ကျွန်မသူငယ်ချင်းသုံးယောက် အသစ်ထပ်ရသည်။သူတို့ကလည်း ကျွန်မကဲ့သို့ပင် လူတိုင်းနှင့် အပေါင်းအသင်းသိပ်မလုပ်သော စတိုင်ပင်ဖြစ်သည်။သူတို့ကတော့ Suu Shoon Yadi(ဆုရွှန်းရတီ), May Thukha(kha)(မေသုခ), Thae Hsu Naing (Thae Thae)(သဲဆုနိုင်)တို့ပဲဖြစ်ကြသည်။ အာ~~~ကျွန်မနာမည်က May Hnin Cherry (Hnin)(မေနှင်းချယ်ရီ)ပါ။ကျွန်မကတော့ ချောတာထက် ချစ်ဖို့ကောင်းတဲ့ဘက် ကိုပိုသွားပါတယ်။ Khaနဲ့ Thae Thaeကတော့ sexy typeဘက်ကိုသွားပြီး Shoonကတော့ innocence hyperမမပါ။မေ့သွားလို့ ကျွန်မတို့အားလုံးကအခု တက္ကသိုလ်ဝင်တန်းလို့ခေါ်တဲ့ grade10 ကျောင်းသူတွေဖြစ်ပြီး B. E. H. S(2) Mayangone မှာပညာသင်နေကျတာပါ။ Grade 10လို့ခေါ်တဲ့၊အားလုံးကနတ်ကြီးတယ် ပြောကြတဲ့ အတန်းမှာ ကျွန်မနှလုံးသားလေး နာကျင်ခဲ့ရတဲ့ အဖြစ်အပျက်တစ်ချို့ဖြစ်မည်ဟု အတွေးထဲတောင်မရှိခဲ့။
YOU ARE READING
Loved him but
Teen FictionIt is a normal story. Not both fiction and nonfiction. Some of the facts are happening in her real life. But some are imagining. She is my best friend. It's a present for her. I want to tell her "First love is not important, The most important in yo...