-Unicode-

439 57 2
                                    


~ခင်ဗျား အရေးတယူလုပ် ပြောပြောနေတဲ့ ကျွန်တော့်ဘဝဆိုတာကြီးကလည်း..ခင်ဗျားလက်ထဲမှာသေနေခဲ့တာ ကြာပြီပဲ ဆန်းတော့လည်းမဆန်းပါဘူး ကျွန်တော်က လူမြင်ကောင်းအောင် တန်ဆာဆင်ပေးထားတဲ့ ငွေဝယ်ကျွန်မဟုတ်လား ဒါမှမဟုတ်လည်း ခြူတပ်ပေးထားတဲ့ ခိုင်းနွားပေါ့~

~ဆင်းစမ်း Oh Sehun ငါ့ကားပေါ်က အခုဆင်း~

ရုပ်ရှင်ထဲမှာ Oh Sehun ကားပေါ်က ဆင်းသွားတော့ Lu Han က ငိုရင်းကျန်ခဲ့သည်။

အပြင်က Sehun ကတော့ Lu Han ထားသွားတဲ့နေ့ကစပြီး မျက်ရည်နဲ့ မျက်ခွက်။

ဖန်သားပြင်ပေါ်မှ မြင်ကွင်းမှာ သူ့အချစ်ကလေးဟာ စီးကျလာသည့်မျက်ရည်တွေကို မသုတ်ပစ်ဘဲ နှုတ်ခမ်းတွေကို ပြတ်ထွက်မတတ်ကိုက်ခဲ ထားရင်း ဒေါသကဲနေသည့်နာကျင်မှုတွေကို အပြည့်အဝ ပုံဖော်နေသည်။

Lu Han ဟာ ဇာတ်ကောင်ရဲ့ နှလုံးသားကို အပြည့်အဝ ရခဲ့သည်။ ရခဲ့သည့်အတိုင်းလည်း ပြန်ထုတ်ပြနိုင်ခဲ့သည်။

ရီမု ယူပြီး ရပ်လိုက်တော့ အနီးကပ်ရိုက်ချက်ယူထားသည့် မျက်လုံးတွေက မြင်ကွင်းကျယ်ပေါ်မှာ ရင်သပ်ရှုမောစရာ။

Lu Han ရဲ့ မျက်ရည်တွေကိုကြည့်ပြီး သူပါ မျက်ရည်ဝဲလာသည်။

နာကျင်မှုတွေကို ကြည့်နေသည့်လူပါကူးစက်သွားအောင် လုပ်နိုင်သည့် ပါရမီထူးကို Lu Han ပိုင်ဆိုင်ထားတာတစ်ခုတည်း‌ကြောင့်မဟုတ်။

အသည်းကွဲနေသည့်သူရဲ့ ရှိရင်းစွဲ နာကျင်မှုတွေကြောင့်ပါ မျက်ရည်ဝဲလာခြင်းဖြစ်၏။

လမ်းခွဲခံရပြီးငါးလကျော်ကြာခဲ့တာတောင်မှ Sehun က Luhan သူ့ကို တကယ်ချစ်ခဲ့တာလို့ ယုံကြည်နေ‌သေးသည်။

"Hyung.."

နာနာကျင်ကျင်ရှိုက်ထုတ်လိုက်တော့ သက်သာရာ ရသွားသလိုလို။

ရယ်သံတွေပြန်ကြားယောင်လာတော့ မျက်လုံးတွေမှိတ်ချလိုက်သည်။

ရင်ဘတ်ထဲမှာလိုပင် မျက်ရည်တွေကလည်း ပူသည်။

~tin~

အိမ်တံခါးဖွင့်သံ‌ကြောင့် Sehun လှည့်ကြည့်လိုက်တော့ သူထင်ထားသည့်အတိုင်း Luhan မဟုတ်။

Polaris: You are the brightestWhere stories live. Discover now