"သူမ" Part 2

25 1 0
                                    

'ဟုတ်ပါတယ်'
ကျွန်တော်သည် LGBT တွေကို မုန်းမနေခဲ့ဘူးဆိုပေမယ့် ပက်သက်ဖို့၊ နားလည်ပေးဖို့၊ လေ့လာဖို့၊ လက်ခံပေးဖို့ ခါးခါးသီးသီး ဖြစ်နေသည့် လူသားတစ်ဦးရယ်ပါ။
'သူတို့ဖြစ်တည်လို့ရတယ် ငါနဲ့လာမပက်သက်ရင်ပြီးရော' ဆိုပြီး ကျွန်တော့်ကမ္ဘာနဲ့ ကျွန်တော် ပျော်မွေ့နေသည့် အိုင်ထဲက ဖားငယ်လေးတစ်ကောင်ပါ‌လေ။
"LGBT"ကို ဝေဖန်တိုက်ခိုက်၊ ရှုံ့ချတာကို ဘယ်တုန်းကမှမလုပ်ခဲ့ပေမယ့် ကျွန်တော့်ကို လာရောက် ပက်သက်ဆက်နွယ်မှာကိုတော့ သေမလောက်ကြောက်ရွံ့ခဲ့သည်။
'ဟင် ကျားကျားချင်း မမချင်းလား' ဆိုသည့် ပက်သက်မှုတွေကို ခါးသီးခဲ့သည်။
ကျောင်းက သူငယ်ချင်းမတွေ အဲ့ဒီလို အကြောင်းအရာတွေကို ပြောနေကြပြီ ကြည့်နေကြပြီဆိုလျှင် ကျွန်တော့်မှာ တီကောင်ဆားနဲ့တို့သလို ခန္ဓာကိုယ်ကို တွန့်လိမ်ပြပြီး ရွံခဲ့ဖူးသည်။ ထိုအကြောင်း‌အရာ ထိုအသံတွေ ထိုအုပ်စုနဲ့ဝေးရာကိုသာ အစဉ်အမြဲ ရှောင်တိမ်းလိုက်သည်ပဲလေ။ ကျွန်တော့်ကို အဲ့ဒီအကြောင်းအရာတွေ အယူအဆတွေ အဖွဲ့အစည်းတွေကြောင်း လာပြောပြသည့် သူငယ်ချင်းတွေနဲ့ အမြဲကတောက်ကဆ။

"တော်ပြီ ငါ့ကို အဲဒါတွေလာမပြောနဲ့
ငါနဲ့လဲမဆိုင်ဘူး တော်တော်အားယားနေကြသလား။ ကြည့်စရာ ရိုက်စရာ ရေးစရာ အဲ့လောက်‌တောင် ရှားနေကြလား ဟမ်...
မြင်ရ ကြားရတာ လက်ခံချင်စရာကို မရှိဘူး၊ သိပ်မုန်းတာပဲ" ဟုသာ LGBTရနံ့ ကျွန်တော့်ကိုယ်အား ငြိတွယ်မလာစေရန် ခပ်ပြတ်ပြတ်သာ ပြန်‌ပြောခဲ့ဖူးသည်။

"နင် နှလုံးသားနဲ့ဖတ် နှလုံးသားနဲ့ပဲနား‌ထောင်ပါဟာ။ မျက်စိနဲ့ဖတ် နားနဲ့ပဲနားထောင်ပြီး
ဦးနှောက်ကိုပါ စစ်ကူခေါ်နေရင်တော့ နင် ဒီတစ်သက် အမှောင်ဖုံးနေမှာပဲ" ဟု ကျွန်တော့် သူငယ်ချင်းမတစ်ဦးဖြစ်သည့် ဝဝကစ်ကစ်လုံးလုံးကျစ်ကျစ်ပုံစံလေးရှိသော ဖူးဝေကို က အမြဲ ဆရာကြီးလေသံဖြင့် ပြန်ရှင်းတာကိုလဲ မြင်ပြင်းကပ်လှသည်။

"အေးဟေ အေးဟ နင်တို့ပဲ အပြည့်အဝ နားလည်ကြ နင်တို့ကိုယ်နင်တို့သုံးနေကြ ဘာတဲ့။ ဪ သိပြီ သိပြီ မား... မား
အဲ့ဒီ အမေဘဝမှာသာ ပျော်နေကြ
ငါ့ကိုတော့ လာပြီး ဆွယ်တရား လာမဟောကြနဲ့။ နင်တို့လုပ်လေ ငါပိုပြီး မုန်းမိနေလေပဲ" ဆိုပြီး မျက်စိပိတ် နားပိတ်နဲ့ ပြန်ပက်ခဲ့တာ အရသာရှိလွန်းလှသည်ဟု ထင်ခဲ့မိသည်။

ဘေးနားက LGBTမိခင်ကြီးဟု ကျွန်တော်သမုတ်ထားသည့် ယွန်းယွန်းကပါ တွေးတွေးဆဆနဲ့ ဝင်ပြောလိုက်သည်က
"နင် အဲ့လိုသာ ကြပ်ကြပ်မုန်း
တစ်နေ့ကြရင် နင်အရမ်းမုန်းပါတယ်လို့ တွေးနေ အော်နေခဲ့တဲ့ အဲ့ဒီအရာတွေက နင့်ဆီ တိုက်ရိုက်ရောက်လာလိမ့်မယ်၊ အေး အဲ့အခါကြရင် လက်ခံလိုက်ရရုံအပြင် မတတ်နိုင်တဲ့ နင်။
နင် ရှုံးပြီ..." တဲ့

"ဟွန်း စိတ်ချ အဲ့လို ဘယ်တော့မှ မဖြစ်ဘူး၊
ဘာလို့ဆို ငါက မိန်းမချင်းလိုက်ကြိုက်‌နေတဲ့ သူမှ မဟုတ်တာ၊ ငါ့crushကလဲ ယောက်ျားလေးလေ၊ ပြီးတော့ ငါက မ၊ crush တော့လဲ ကျားကို၊ Solution ကို prove that ပါဆို
Answer is Normal
Answer is Simple "ပဲဆိုပြီး ခပ်ဟဟလေး ရယ်လျက် တစ်အုပ်စုလုံး ငြိမ်ကျသွားအောင်ကျွန်တော် ပြန်ပြောခဲ့တာ မှတ်မိနေသေးသည်။

တကယ်တမ်းငြိမ်ကျသွားရမှာ ကျွန်တော်ဆိုတာ နောင်တချိန်များမှာ ကြိုသိခဲ့ရရင်ဖြင့်
ကျွန်တော် ပြန်ပြောမိခဲ့မည့် တစ်ခွန်းတည်းသောစကားမှာ........

အရှင်းဆုံးပြန်ပြောပြရရင်ဖြင့် ကျွန်တော်ဟာ LGBT ကို လက်မခံနိုင်သူလေလား။LGBT negative thinking ရှိနေသူလေ‌လော။သေချာနေသည့်အမှန်တရားမှာ LGBTဆိုတဲ့ဝေါဟာရကြီး ကျွန်တော့်ကိုသာ လာ‌ရောက်ပက်သက်ခဲ့မည်ဆိုလျှင်တော့ LGBT တွေနဲ့ပက်သက်တဲ့ အကြောင်းအရာမှန်သမျှအား အရ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အရှင်းဆုံးပြန်ပြောပြရရင်ဖြင့် ကျွန်တော်ဟာ LGBT ကို လက်မခံနိုင်သူလေလား။
LGBT negative thinking ရှိနေသူလေ‌လော။
သေချာနေသည့်အမှန်တရားမှာ LGBTဆိုတဲ့ဝေါဟာရကြီး ကျွန်တော့်ကိုသာ လာ‌ရောက်ပက်သက်ခဲ့မည်ဆိုလျှင်တော့ LGBT တွေနဲ့ပက်သက်တဲ့ အကြောင်းအရာမှန်သမျှအား အရိုးစွဲအောင် မုန်းပစ်လိုက်မည် ထင်သည်။
.
.
.

ဒါဆိုရင် ကျွန်တော် ဘာဆက်လုပ်သင့်ပါသလဲ??

ကျွန်တော် အမုန်းဆုံးအရာတွေနဲ့ တိုက်ရိုက်ပက်သက်နေတဲ့
ကျွန်တော်အချစ်ဆုံး "သူမ"

ကျွန်တော် အမုန်းဆုံးအရာတွေနဲ့ တိုက်ရိုက်ပက်သက်နေတဲ့ကျွန်တော်အချစ်ဆုံး "သူမ"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အမုန်းတရားကင်းပါရစေသား

You've reached the end of published parts.

⏰ Last updated: Dec 12, 2021 ⏰

Add this story to your Library to get notified about new parts!

သူမWhere stories live. Discover now