Part 32

13.9K 1.1K 42
                                    

Part 32

" Yibo ဘယ်မှာလဲ "

Xiao Zhan ရောက်ရောက်ချင်း Yiboကို မေးလိုက်သည် ဆရာဝန်ဖုန်းဆက်ကတည်းက သူ့စိုးရိမ်ပြီး အိမ်ကိုတန်းပြန်လာခြင်းဖြစ်သည်

" ခေါင်းမိုးပေါ်မှာပါ "

"ဘာ! "

Xiao Zhan ဓာတ်လှေကားစီးပြီး အပေါ်ဆုံးထပ်ကို
နှိပ်လိုက်သည် 

" Yibo ကခေါင်းမိုးပေါ်မှာ ဟုတ်လား "

" ဟုတ်တယ် "

Yu Bin စိုးရိမ်သွားကာ

" အဲ့တာဆိုမြန်မြန်လိုက်မှဖြစ်မယ် "

" မလိုက်ပါနဲ့ လွှတ်ထားလိုက်ပါ အစ်ကို "

ဖန်ရှင်းပြောပေမဲ့ Yu Bin မနေနိုင်စွာ အပေါ်ထပ်ကို တက်ရင် ဓာတ်လှေကားစောင့်နေလိုက်သည်

" Baby ဘာလို့အဲ့မှာ ထိုင်နေရတာလဲ "

ခေါင်းမိုးပေါ်ရောက်တော့ အမိုးအစွန်းဘောင်မှာ ထိုင်နေတဲ့ Babyကို တွေ့ရသည်

" အနားမလာနဲ့ "

Baby သူ့ကိုတွေ့တာနဲ့ ထရပ်ကာ ပြောလိုက်သည်

" ကောင်းပြီ..မလာနဲ့ဆိုမလာပါဘူး ရပ်နေတဲ့ နေရာကနေ ကိုယ့်ဆီဆင်းလာခဲ့ပေးပါ "

" အစ်ကိုက ကျွန်တော့်တစ်ခုခုဖြစ်မှာ ကြောက်နေတယ်ပေါ့ "

" ကြောက်တယ်...အရမ်းကိုကြောက်တယ် အဲ့ဒါကြောင့် ကိုယ့်ရှင်းပြပါမယ် ဆင်းလာခဲ့ပေးပါ "

" ဘယ်တုန်းက သိခဲ့တာလဲ "

" ကြာပြီ..ကြာပါပြီ Babyက ကိုယ့်ကိုမသိစေချင်တဲ့အတွက် ကိုယ့်မသိသလို နေပေးခဲ့တာပါ "

" အစ်ကိုက ကလေးနဲ့ ကျွန်တော့်ကို ရွေးချယ်တဲ့နေရမှာ ကျွန်တော့်ကို ရွေးလိုက်တယ်ပေါ့  "

" အစ်ကိုမင်းကိုအဆုံးအရှူံးမခံနိုင်လို့ပါ  ကလေးက..ကလေးက ကိုယ့်တို့ထပ်ယူလို့ရတာပဲ "

" ဘာလို့လဲ ကျွန်တော့်က ကလေးမွေးနိုင်တဲ့ကောင်မို့လို့ ကလေးကို အချိန်မရွေးယူလို့ရတယ်လို့ အစ်ကိုက သတ်မှတ်ထားတယ်ပေါ့ "

"Baby! "

" ဘယ်မိဘက ကလေးထပ်မွေးနိုင်တယ်ဆိုပြီး အရင်ကလေးကို သူ့ကျန်းမာရေးအတွက်သတ်တာ အစ်ကိုမြင်ဖူးလဲ..ကျွန်တော့်ကျန်းမာရေးကောင်းဖို့အတွက် ကျွန်တော့်ကလေးကို သတ်ရမယ်ပေါ့ ဟုတ်လားအစ်ကို "

စပွန်ဆာကိုကိုWhere stories live. Discover now