စိတ်ဆိုးဒေါသ (စိတ်ဆိုးဒေါသ)

6.5K 166 6
                                    




"ဒင်းတို့က ပလူးပလဲ လုပ်နေကြပြန်ပြီ" ကျန်းချန်က ဝေ့ဝူရှန်းနဲ့ ကျန်းချန်ကို ကြည့်ပြီး အံကြိတ်ကာ ပွစိပွစိ ဆိုလာသည်။ မျက်နှာက မဲမှောင်လာပြီး ဇီတျန့်ကို ထွက်ပေါ်လာစေသည်။

လန်ရှီချန်းက သူ့အမူအယာကို မြင်ပြီး မေးလိုက်သည်။
" မင်းသူတို့ကို မနာလိုနေလို့လား?"

"ဘာကိစ္စ မနာလိုနေရမှာလဲ" ကျန်းချန် ရိုက်လည်းရိုက်လိုက်သလို မျက်စောင်းကြီးများဖြင့် လန်ရှီချန်ကို ကြည့်လေသည်။ ပြီမှ သူရပ်လိုက်ပြီး သူဘာလုပ်မိတယ်ဆိုတာကို သတိထားမိသွားသည်။

လန်ရှီချန်းကတော့ နားလည်မှူရှိရှိနဲ့ ပြုံးလိုက်သည်။ " ကျွန်တောအများကြီး စပ်စုသလိုဖြစ်သွားရင် ခွင့်လွှတ်ပေးပါ ကျန်းဂိုဏ်းချုပ်" ဒီစကားကိုပြောပြီးနောက် အရိုအသေပေးကာ တိတ်တဆိတ် အဝေးကို လျှောက်သွားတော့တယ်။

ကျန်းချန် ဘာမှမပြောနိုင်ပဲကျန်ခဲ့တယ်။ သူ့ကို စိတ်အခန့်မသင့်ဖြစ်စေတဲ့နေရာမှာ နံပါတ် (၁) ဖြစ်တဲ့ ပလူးပလဲ လုပ်နေတဲ့ နှစ်ယောက်ကိုပါ မေ့သွားတဲ့အထိပဲ။

သူဟာ ခိုင်မာလှတဲ့ နောက်ကျောတစ်ခုကို စိုက်ကြည့်နေမိတယ်။ မြူနှင်းပွင့်လို ဖြူဖွေးနေတဲ့  ကြိုးရဲ့အပိုင်းလေးက သစ်ရွက်တစ်ရွက်၊ အိပ်ပျော်နေတဲ့ ငှက်ကလေးတွေကိုတောင်မှ အနှောင့်အယှက်မပေးပဲနဲ့ လန်ရှီချန်း ခြေလှမ်း လှမ်းလိုက်တိုင်း တစ်လှပ်လှပ်ရစ်ဝဲနေတယ်။

နောက်တစ်နေ့..

"ကျန်းဂိုဏ်းချုပ်"

လန်ရှီချန်းက သူ့ကို ခေါ်လိုက်သည်။

ကျန်းချန်ရဲ့မျက်လုံးတို့မှာ ကျယ်ဝန်းစွာ ပွင့်လာတယ်။ သူရဲ့ ဖနောင့်တွေရော နောက်ကျောကိုပါ လန်ရှီချန်းဘက်သို့ လှည့်လိုက်တယ်။ ကျန်းချန်ရဲ့ အမူအယာကြောင့် ဝေ့ဝူရှန်းရဲ့ မျက်လုံတို့မှ ပြူးကျယ်သွားသည်။ လန့်ဝမ်ကျီးကတော့ အရင်အတိုင်းပင်။

ဝေ့ဝူရှန်း လှမ်းခေါ်လိုက်တဲ့အခါ ကျန်းချန်က ထွက်သွားဖို့ပြင်လိုက်သည်။

"မင်း ဘာဖြစ်နေတာလဲ"

ဝေ့ဝူရှန်းက ကျန်းချန်ကို မေးငေါ့လိုက်သည်။

Jealousy JC X LXC Fan Fiction (MM translation)Where stories live. Discover now