အပိုင်း ၁ - Bdsm အား စတင် သိရှိခြင်း
အချစ်ဆိုတာ ဒါလား?
ခွဲခွဲခြားခြား သိရှိချိန်လေး ခဏမှာပေါ့......
သူ ကျွန်တော့ အနားကနေ အဝေးဆုံးကို ထွက်သွားခဲ့ပီ။လွန်ခဲ့သော ၇ နှစ်က ....
"ကျော်ဇင် မင်း ကြိုးစား ကွာ နောက်ဆုံးနှစ် ဒီနှစ်ပီးရင် ဆရာဝန်ဖြစ်ပီ"
"ဟုတ်ကဲ့ အဖေ ကျွန်တော် ကြိုးစားမှာပါ"
"အေး ငါတို့ကတော့ အမွေဆိုလို့ ပညာပဲ ပေးနိုင်တယ်ကွာ"
"ဟုတ်ကဲ့ပါ အဖေရာ"
"ရည်းစားမထားနဲ့အုံး ကြားလား"
"မထားပါဘူးဗျာ"
ပြောပြောဆိုဆို ကျွန်တော် ဆေးရုံသို့ ထွက်လာခဲ့သည်။ငွေကြေးအဆင်မပြေတဲ့ မိသားစုမှာ ဆရာဝန် တယောက်ဖြစ်လာအောင် ပံ့ပိုးရတာ မလွယ်မှန်းသိပေမဲ့ ကျွန်တော်လဲ ခြွေတာရလွန်းလို့ အပြင်မှာ လက်ဘက်ရည်တခွက် ဘယ်ဈေးဆိုတာ မေ့တောင်နေပါပီ။
ရည်းစားဆိုတာ မပြောပါနဲ့ ကြိုက်မဲ့လူရှိတာတောင် အရမ်းကံကောင်းလှပါပီ။ သို့သော် ကျွန်တော် ရင်ထဲမှာတော့ မိန်းခလေးတယောက်က ရှိနှင့်နေပီး ဖြစ်ပါတယ်။ သူကတော့ အငယ်တန်းက ကျွန်တော်စာသင်ပေးနေကြ ရှမ်းမလေးပါ။ သဘာဝ နှုတ်ခမ်းရဲရဲလေး မှာ သဘာဝ ပါးနီနီလေးနဲ့ စကားသံချိုချိုလေးတွေက ရင်ထဲကို ကလိကလိ ဖြစ်စေခဲ့တယ်လေ။
တနေ့ အဆောင်က သူငယ်ချင်းက စာနားမလည်လို့ စာရှင်းပြခိုင်းလို့ ကျွန်တော် ညသွားအိပ်ခဲ့တယ်။ ဆင်းရဲသား တယောက်အတွက် စာမေးပွဲကျခြင်းက ငွေကုန်ကြေးကျများစေလို့ စာကို ကြိုးစားရင်း သူငယ်ချင်းတွေကြား စာတော်သူဖြစ်လာခဲ့တယ်။ guide သင်တဲ့ ငွေနဲ့ပဲ နောက်ဆုံးနှစ် ၂နှစ်ကို ဖြတ်သန်းလာခဲ့တာပါ။
ညဘက် စာကျက်ပီး အိပ်ချိန်တန်လို့ အိပ်မယ်အလုပ် "ဟျောင်သားကြီး မင်း တပည့်လေးက အလန်းနော်"
"ဟေ ဘယ်သူတုန်း ဟ"
"အကိတ်လေးလေကွာ ရှမ်းကိတ်လေးကို ပြောတာ"
"မလန်းပါဘူးကွာ သူက ယဉ်ယဉ်လေးနဲ့ ချစ်စရာကောင်းတာပါ"
"ဟားဟားဟား fb မသုံးတာ သိသာလိုက်တာကွာ"
"ဘာလို့လဲ ကွ fb နဲ့ ဘာဆိုင်လဲ"
" ဒီ မှာကြည့် ဟေ့ ဒီမှာ"
ကျွန်တော့လက်ထဲ ထိုးပေးလိုက်တဲ့ ဖုန်းတလုံးကို အချိန်ကြာကြီး ငေးကြည့်နေမိသည်။
ဟုတ်ပါတယ်။ ဂျင်းဘောင်းဘီ တိုတိုလေးနဲ့ t shirt အဖြူလေး ဝတ်ထားတဲ့ ကျွန်တော့်ရဲ့ ချစ်လှစွာသော ရှမ်းမလေး၊ စိတ်မကောင်းစွာပဲ ဘေးမှာ အသားဖြူဖြူရှမ်းတရုတ်လေးတယောက်က ရှိနေတယ်။ သူငယ်ချင်းပါလို့ ဖြည့်တွေးရအောင်လဲ လက်ခြင်းချိတ်ထားသေးတယ်။ အတွေးတွေထဲ အစုံကိုဝေခွဲရ ခက်သွားစေခဲ့တယ်။
"ဟျောင် ဘာဖြစ်သွားတာလဲ မင်းရည်းစားမို့လား"
"မဟုတ်ပါဘူးကွာ ငါက မြင်နေကြမဟုတ်လို့ပါ"
"အေး ပီးတာပဲ အိပ်တော့"
စိတ်ထဲကနေ ပြောလိုက်မိတယ် ၊ သေနာလေးတွေ အိပ်တော့မှာကို အခုတော့ မင်းတို့လုပ်လို့ အိပ်မရတော့ဘူး။
ဒီလိုနဲ့ ၁ပတ်လောက်နေတော့ ထူးဆန်းစွာ ဖုန်းဆက်လာတယ်
"အကို သမီး တရက်လောက် နားလို့ရမလား"
"ရတယ်လေ ညီမ ဒါနဲ့ ညီမ အသံက တမျိုးပဲ ဘာဖြစ်လို့လဲ"
"မဖြစ်ပါဘူး အကိုရယ် စိတ်ညစ်လို့ပါ"
"ညီမနားချင် နားလေ စာမေးပွဲတော့နီးပီ ၊နောက်နေ့ကြ စိတ်နှစ်ပီး စာလုပ်တော့ Supply ထိရင် အကိုလဲ မကောင်းဘူး"
"အင်းပါ ဒါပဲနော်"
သူ အဆင်မှပြေပါ့မလား? ဘာဖြစ်တာလဲ? မေးခွန်းတွေ များစွာနဲ့ပဲ စိတ်ပူနေမိခဲ့တယ်။
နောက်နေ့ မနက်အစောကြီး သူ့အခန်းနားကို သွားစောင့်နေမိတယ် သူမလာ မလာနဲ့ ဆေးရုံချိန်နီးပီမို့ ထပ်မစောင့်ပဲ ပြန်လာခဲ့လိုက်တယ်။ ညနေကြ ဖုန်းဆက်လိုက်မိတယ်။
" ညီမ ဘာဖြစ်တာလဲ အရင်နေ့က"
" အကို ရယ် ဒီိလိုပါပဲ မမေးပါနဲ့ "
" အင်းပါ "
"ဒီနေ့လဲ စာမသင်လို့ ရမလားအကို"
"ဒီအတိုင်း ပြန်လိုက်ရင် အန်တီကို ဘယ်လိုပြောရမလဲ ညီမ"
"အင်း အမေ စိတ်ပူနေမယ် အကိုသမီးနဲ့ စကားပြောပေးမလား စိတ်ညစ်နေလို့ပါ"
"အော် အင်း အင်း" အားကိုးတဲ့ အသံလေးကြောင့်ပဲ စိတ်ထဲ ပိုပြီး သနားမိသွားတယ်။
ဒီလိုနဲ့ စာမသင်ပဲ စကားပြောဖော်အဖြစ်နေရန် သူ့အိမ်သို့ လာခဲ့သည်။
"ဘာလို့များလဲ ညီမ စိတ်ညစ်စရာ ဘာအကြောင်းရှိလဲ"
"အများကြီးပဲ အကို"
"ဟို တရုတ်လေး က ထားသွားလို့လား" ရုတ်တရက် လျှာရှည်မိတဲ့ ကျွန်တော့်စကားကြောင့် သူကြောင်သွားတယ်
"အကိုက ဘယ်သူ့ကိုပြောတာလဲ"
"ညီမနဲ့ လက်တွဲထားတဲ့ တရုတ်လေးလေ"
"အော် အဲဒါက မောင် ဝင်းကွဲပါ အကိုရယ်၊ ဒါနဲ့ ဘယ်လိုသိတာလဲ အကိုက"
"ဟိုနေ့ကလေ သူငယ်ချင်းတွေက fb မှာ ညီမ ပုံလေး ပြရင်း အမှတ်မထင်တွေ့မိတာပါ"
"အော် ပြဿနာက သူ့ကြောင့်မဟုတ်ပေမဲ့ သူကြောင့်လဲ ပါတာပေါ့နော်"
"ဟင် အကိုနားမလည်ဘူး ညီမ"
"ထားလိုက်ပါ အကိုရာ ရိုင်းတယ်တော့ မထင်ပါနဲ့ ညီမ အရက်တခွက်လောက်သောက်ရင် ဖြစ်မလား"
"ဖြစ်နိုင်ရင် အကိုပြန်မှ သောက်လေ အန်တီမြင်ရင် မကောင်းဘူး"
"တခွက်ထဲပါ စိတ်ညစ်လို့"
"ဒါဆိုလဲ အန်တီ မသိစေနဲ့နော် အကိုလဲ မကောင်းဖြစ်မယ်"
"ညီမ အဲလောက်တော့ နားလည်ပါတယ် အကိုရယ်"
"အင်းပါ"
ရေခဲသတ္တာဘေးက စင် တခုကနေ အရက်တခွက်ထည့်လိုက်ပီး အမြန်ပဲ မော့ချလိုက်တယ်။ သောက်နေကြ ဝါရင့်မှန်း သိသာလွန်းလှသည်။
"ဘာဖြစ်ကြတာလဲ" ကျွန်တော်ကပဲ စကား စ လိုက်သည်။
"ညီမ ပြောရရင် အရှည်ကြီးပဲ"
"စာသင်ချိန် ၃ နာရီဆိုတော့ အချိန်ရပါတယ် ဟ"
"အင်း အကို နားထောင်ချင်ရင် ပြောပြမယ်၊ ဒါပေမဲ့ ဒီစကားတွေက ဘယ်သူကိုမှ ပြန်ပြောဖို့ မဟုတ်ဘူးနော်"
"အေးပါ ဟ"
"ညီမ မှာ mild psychotic behaviour ရှိတယ်"
"ဟေ ဟုတ်လား"
"ဟုတ်တယ် အကို ပီးတော့ ညီမက mesochism လေ"
"ဟေ နင် ဘယ်ဆရာဝန်နဲ့ ပြနေလဲ"
"မပြဘူး အကို ညီမက ကြိုက်ကိုကြိုက်တာ"
"အင်းပါ ကြိုက်တာနဲ့ စိတ်ညစ်တာ ဘယ်လိုသက်ဆိုင်သွားလဲ စာမေးပွဲနီးမှ"
"ညီမ မှာ Master ရှိတယ် အကို"
"ဟေ master ဟုတ်လား အဲဒါ ဘာလဲ"အပိုင်း ၂ မျှော်
YOU ARE READING
ကတီဘာ လမ်းခွဲ (အပိုင်း ၁)
Romance18+ , bdsm based romance story , about a young doctor who become a real master , thank you for reading , #xylerlym