အပိုင်း ၂ - သူရဲ့ Master အသစ် ဖြစ်လာခြင်း
" အဲဒါက ပြောရခက်တယ် အကို" ရီဝေဝေ အသံလေးနဲ့ ပြန်ဖြေတယ်
"အခု ညီမ ဖြစ်တဲ့ ပြဿနာက"
"ညီမ Master မှာ စည်းကမ်းတွေ သက်မှတ်ထားတယ်၊ အဲဒီထဲက ၂ခုကို ဖောက်ဖျက်မိလို့ သူကပစ်သွားတာ"
"ဘာတွေမို့လို့လဲ"
"ယောက်ကျားလေးနဲ့ photo တွဲမရိုက်ရဘူး၊ အရက်မသောက်ရဘူး"
"ဟာ မောင်နှမပဲ ဟာ"
"မရဘူးအကို စည်းကမ်းတွေက စည်းကမ်းတွေပဲ"
"ဒါဆိုလဲ သူ့မေ့လိုက်ပေါ့ကွာ တခြားတယောက်တွဲ"
"master လေ အကို ရည်းစားမဟုတ်ဘူး။ နောက်ပီး သူနဲ့ ညီမ သိတာ ၉ တန်းထဲက အခုဆို ၆နှစ်ရှိပီ။ ပီးတော့ သူက ညီမ အကြိုက်တွေ ကို သိပ်နားလည်တယ်"
ကျွန်တော် တိတ်ဆိတ်ညိမ်သက်သွားခဲ့တယ်။
မြန်မာစာ ပါမောက္ခကို သချာင်္မေးခွန်းတခုမေးလိုက်သလို ကိုယ်မကျွမ်းကျင်တော့ ရမ်းပီး ဖြေသိမ့်မပေးတက်တော့ဘူးလေ။
"အင်း အင်း ဒါနဲ့ သူနဲ့ ညီမ ဘာတွေ လုပ်ကြလဲ? အော် ဖြေချင်မှ ဖြေနော် အရမ်း ကိုယ်ရေးကိုယ်တာကို စပ်စုသလို ဖြစ်သွားမလား"
ပြုံးပီး သူမက ရီဝေဝေ နဲ့ ပြန်ဖြေတယ်။
"ညီမငယ်ငယ်က စိတ်ညစ်ရင် ဆေးလိပ်သောက် အရက်သောက်တယ် အရမ်းဆိုးတယ် ပီးတော့ ရည်းစားတွေလဲ များတယ်၊ အဲဒီ ဦးလေးကြီးနဲ့က culb တခုမှာစတွေ့ကြတာ၊ သူကို ညီမက မြင်မြင်ခြင်းကြွေသွားတာ ၊ အသက်က ၁၅ နှစ်လောက်ကွာတယ်၊ သူက ၃၀ကျော် ညီမက ၁၅ နှစ်၊ ပြီးတော့ ရည်းစားတွေ ဖြစ်သွားကြတယ်"
"နေပါအုံး ရည်းစားဖြစ်တာ မြန်လှချီလား၊ ဘယ်လိုတွေတောင်ဖြစ်တာလဲ"
"အော် အကိုကလဲ ညီမက သူ့ကို စကြိုက်တာလေ မြန်တာပေါ့"
"နောက်တော့ရော ဆက်ပါအုံး ဟ"
"တနေ့ သူက ပြောတယ် ငါမင်းကို ပိုင်ဆိုင်ချင်တာ ရည်းစားဖြစ်ချင်တာ မဟုတ်ဘူးတဲ့"
"အဆန်းပါလား ဟ"
"ညီမလဲ ချစ်တာပဲ သိတက်တဲ့ အရွယ်ဆိုတော့ သူစိတ်ချမ်းသာပါစေဆိုပြီးတော့ ပိုင်ဆိုင်ခွင့် ပြုလိုက်တယ်။ အဲဒီနောက်မှာ bdsm အကြောင်း စပြီး သူ ရှင်းပြတာပဲ"
"bdsm ? အဲဒါ ဘာလဲ"
"အဲဒါက အကိုရယ် လူလူခြင်း လွှမ်းမိုးရတဲ့ ကစားနည်းလေးပါပဲ"
"အော်"
"အလွယ်ပြောရရင် ညီမ ၆လ လောက်နေတော့ အရမ်းကြိုက်သွားတယ်၊ ကိုယ့်ကိုကိုယ် mesochism မှန်းလဲ မသိခဲ့ဘူး၊ သူကညီမကို train ပေးတယ်"
" ဘာတွေ train တာတုန်း ဟ"
" စည်းကမ်းတွေပေါ့၊ ပီးတော့ နာခံမှုတွေ၊ ကျွန်တယောက်ရဲ့ တာဝန်တွေ"
"ကျွန်? ဘာတွေလဲ အကို နားမလည်ဘူး ညီမ"
"အကို နားမလည်ရင် နောက်ရက်မှ ဆက်ပြောတော့မယ် ညီမ ခေါင်းကိုက်နေပီ၊ သောကြာနေ့ကြ စာသင်ပြီး ထပ်ပြောကြတာပေါ့"
"အင်း အင်း" ကျွန်တော်လဲ ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်မို့ ရှေ့ဆက်ဖို့ အားမရှိတော့ပဲ ခေါင်းညိမ့်ပီး အိမ်ပြန်လာခဲ့လိုက်တယ်။
အိမ်ရောက်တာနဲ့ laptop ဖွင့်ပီး bdsm အကြောင်း မွေနှောက်ရှာဖွေလိုက်တာ မိုးလင်းပဲ။ ဘာလို့ ဒီလောကကြီးရှိနေရတာလဲ? လူတွေကရော ဘာလို့ကြိုက်ကြတာလဲ? အံသြမှုတွေနဲ့ အတူ မေးခွန်းလေးက bdsm ကို ကြိုက်တဲ့လူတွေ အခြင်းခြင်း ဘယ်လို သိကြလဲ? ဘယ်လိုဆက်သွယ်ကြလဲ? ခေါင်းတွေ ရှုပ်ထွေးသွားစေတယ်။ ဒါပေမဲ့ ကျွန်တော် အစွမ်းကုန် bdsm အကြောင်းလေ့လာတယ် ၊ ကျွန်တော်ချစ်ရတဲ့ သူအတွက် အကောင်းဆုံး master တယောက်ဖြစ်ချင်တယ်။ ဒါတွေက ကျွန်တော့် ဆန္ဒပဲ ၊ ဒီထက်လဲ မပိုခဲ့ပါဘူး။
ဒီလိုနဲ့ သောကြာနေ့ကို ရောက်လာခဲ့တယ်။ ကျွန်တော်လဲ bdsm အကြောင်းအတော်လေး တီးမိခေါက်မိသွားပီ။ ပထမ ၂နာရီလေက်က ကျွန်တော်တို့ စာမြန်မြန်သင်ကြတယ်။ သူကလဲ အိမ်စာတွေကြိုလုပ်ထားတယ်။ ပီးတော့ ခဏလောက်နားပီး
"ဟိုနေ့က အကြောင်းဆက်ပါအုံး"
သူမက ပြုံးပီး " ဘာလဲ အကို ဟိုနေ့က မူးနေလို့ ပြောချင်တာ ပြောလိုက်တာ"
ကျွန်တော်က အစမရှိ အဆုံးမရှိ မေးခွန်းတခုမေးလိုက်တယ်
" ညီမ အကို့ slave လုပ်မလား"
"ရှင်"
"ဖြေလေ"
"အကိုကလဲ ဟိုနေ့ကမှ bdsm ဘာမှန်းမသိဘူးဆို၊ ဒီနေ့ကြ ဘာတွေလာမေးနေတာလဲ"
"လုပ်မလား မလုပ်ဖူးလား ဒါပဲပြော" အသံက ခက်မာမာ ဖြစ်သွားပုံရတယ်
သူမက ရုတ်တရက်ကြောက်စိတ်ဝင်သွားပုံရတယ်၊ ဒါကိုလဲ သူကြိုက်ဟန်တူတယ်
" အကို နောက်လ စာမေးပွဲအောင်လို့ ဆရာဝန်ဖြစ်ရင် စဉ်းစားကြတာပေါ့"
"ကောင်းပီလေ၊ မင်းလဲ အောင်အောင်ဖြေ မအောင်ရင် ငါ့ slave မဖြစ်ထိုက်ဘူး"
"အကို ဘယ်လိုပြောတာ"
"ငါ ဘာပြောမိလို့လဲ ဟ အောင် အောင်ဖြေပြောတာလေ"
"မဟုတ်ဘူး အဲဒါပီးတော့"
"ငါ့ Slave မဖြစ်ထိုက်ဘူး လေ"
"တိုက်ဆိုင်လိုက်တာ"
"ဘာကိုလဲ"
"ညီမ ၁၀ တန်းဖြေခါနီးကလဲ ညီမ Master က မင်း ဆရာဝန်မဖြစ်ရင် ငါ့slave မဖြစ်ထိုက်ဖူးလို့ ပြောဖူးတယ်"
"အဲဒါနဲ့ ဆေးကျောင်းရောက်လာတာလား?" စိတ်ပျက်တဲ့ လေသံနဲ့မေးလိုက်တယ်။ တကယ်တော့ သူကျွန်တော့်ကို master အဟောင်းနဲ့ နှိုင်းယှဉ်ပြောတာကို လုံးဝမကြိုက်တာပါ
"အင်း အဲလိုတော့လဲ မဟုတ်ပါဘူး ညီမကြိုးစားတာလဲ ပါတာပေါ့လေ" လေသံဖျော့ဖျော့လေးနဲ့ ရောချလိုက်တယ်။
နောက်နေ့ကနေ စပြီး ကျွန်တော်စာကြိုးစားတော့တာပဲ bed side တွေဆို အလွတ်ကိုရနေတာ၊ တရက်မနား စာလုပ်နေမိတယ်။ သူလဲ ကျွန်တော့်ကွယ်ရာမှာ ကြိတ်ကြိုးစားနေတဲ့ အကြောင်းတွေ ကြားနေမိတယ်။ စိတ်ထဲကတော့ ဝမ်းသာ ဝမ်းနည်းပဲ၊ ကိုယ်ချစ်တဲ့ သူတယောက်ကို slave ဖြစ်လာတာ မမြင်ရက်တာတော့ အမှန်ပါ။
ဒီလိုနဲ့ စာမေးပွဲကြီးပီးလို့ အောင်စရင်းစောင့်နေချိန် ကျွန်တော်သူနဲ့ ချိန်းတွေ့ဖြစ်ခဲ့တယ်။
" မနက်ဖြန် သဘက်ခါဆို အဖြေသိရတော့မယ်၊ တော်တော်များများ ကျတယ်လို့လဲကြားတယ်။ အောင်စရင်းမှာ (ဘွဲ့) ဆိုတာများ မပါခဲ့ရင် အကို မင်း master မဖြစ်နိုင်တော့ဘူးလား"
သူက ချစ်စရာအမူအရာလေးနဲ့ ရီပီးဖြေတယ် "master ကြီးကလဲ exam pressure ပိနေပီထင်တယ်။ stress လေးတွေလျှော့ပါအုံး၊ လေသံကလဲ ပျော့ညံ့လိုက်တာ ဒါနဲ့များ master ကြီးက ဖြစ်ချင်လိုက်သေးတယ်နော်"
"ဖြေမဲ့သာ ဖြေစမ်းပါကွာ"
"အကိုကလဲ ကတိက ကတိပဲလေ၊ အကိုလဲ အောင် ညီမလဲ အောင်မှ ဒီကိစ္စက ဖြစ်လာမှာ မဟုတ်ရင် ဆရာ တပည့်လိုပဲနေမှာ"
"အင်းပါ"
သူက ကျွန်တော့်ကို သေချာစိုက်ကြည့်လိုက်ပီး
"နေပါအုံး master ကြီးကလဲ ကြောက်စရာလဲ မကောင်းဘူး၊ ပီးတော့ စာမေးပွဲတွေ အောင်ပီပဲထားလိုက် msater ကြီးက ဘာလုပ်ရမလဲရော သိလို့လား"
"ဒီကောင်မလေးကတော့ ခြေမစုပ်ချင်နေပီထင်တယ်" ကျွန်တော်ရဲ့ ခက်မာမာ စကားကြောင့် သူကျေနပ်သွားပုံရတယ်။ အအေးလေးဆက်သောက်ပီး ညိမ်နေလိုက်တယ်
ဒီလိုနဲ့ တရက် တရက် ကုန်သွားလိုက်တာ part 1 က အောင်စရင်းအရင်ထွက်တယ်။ သူ အောင်တယ်ကြားလို့ ပိုဝမ်းသာမိတယ်။ ကျွန်တော်က ညနေထွက်မလို မနက်ပဲထွက်မလိုနဲ့ part 2 တွေက ထိုင်ရမလို ထရမလို ဖြစ်နေတယ်။ သူက ပျော်နေပုံပဲ ကျွန်တော်ဆီ ဖုန်းဆက်လာပီး "masterကြီး ဘယ်လိုလဲ ဒီမှာ slave ဖြစ်လို့ ရပီနော် masterကြီး fighting" တဲ့
ဝမ်းနဲ ဝမ်းသာကြီးဗျာ ၊ အတော်ခံရခက်တယ်။ ဒီလိုနဲ့ ညနေစောင်း ၆နာရီလောက်မှာ part 2တွေ စထွက်ပါတယ်။ ရင်ခုန်စွာ စောင့်မျှော်ရင်း ကျွန်တော်နာမည် အနောက်မှာ (ဘွဲ့) ဆိုတဲ့စာလေး လှမ်းမြင်ရတယ်။ ပျော်လိုက်တာဗျာ ၊ ဆရာဝန်ဖြစ်တာထက်တောင် ပျော်တယ်။ ဖုန်းကိုချက်ခြင်း ဆက်လိုက်တယ်
"ဘာလဲ မအောင်ဘူး မှတ်လား" တဲ့
"မအောင်ရင်တော့ sorry နော်" တဲ့ လာနောက်နေတယ်
ကျွန်တော်လဲ လေသံမာမာနဲ့ "နောက်တခါ တွေ့ရင် အချိုးပြင်တော့ ငါအောင်တယ်"
"ရှင် တကယ်လား ကိုကြီး"
ကိုကြီးခေါ်သံလေးကို မသိမသာ သဘောကျနေမိတယ်။
"ဟုတ်တယ် မင်းကိုငါပိုင်ပီ"
"အံမယ် master ဖြစ်တာနဲ့ မပိုင်ပါဘူးနော်၊ ညီမနဲ့ အဆင်ပြေမှ ဆက်ပီးလက်တွဲမှာပါ"
"ဘာပဲပြောပြော နောက်တခါတွေ့ရင် အချိုးပြင်"
"နောက်တခါက ဘယ်တော့မှ မတွေ့တော့ဘူးလေ ၊ ကိုကြီးကို သမီးအမေက ဆက်ပီး guide မလုပ်ခိုင်းတော့ဘူး"
အံမယ် သမီးဆိုပဲ စိတ်ထဲက ကျေနပ်ပီးရင်း ကျေနပ်နေမိတယ်။
"မလုပ်ခိုင်းတာနဲ့ပဲ မတွေ့ရတော့ဘူးလား"
"မသိဘူး ဒါပဲ" မပြောမဆို ဖုန်းချလိုက်တယ်အပိုင်း ၃ မျှော်
YOU ARE READING
ကတီဘာ လမ်းခွဲ (အပိုင်း ၁)
Romance18+ , bdsm based romance story , about a young doctor who become a real master , thank you for reading , #xylerlym