Summer (1983) Somewhere in Northern Italy

8 0 0
                                    

(Unicode)

ကျွန်တော်တို့နှစ်ယောက်ရဲ့ အချစ်က နွေရာသီဇာတ်လမ်းတစ်ပုဒ်ထက် မပိုခဲ့ဘူးလား

ကျွန်တော်ခင်ဗျားကိုစတွေ့ ခဲ့တာ ကျွန်တော့်ကောင်မလေးနဲ့အတူရှိနေခဲ့တဲ့ အချိန်ပေါ့

အဲ့ဒီအချိန်မှာပဲခင်ဗျားရောက်လာခဲ့တယ်

ခင်ဗျားကိုကျွန်တော်
စတွေ့ ချိန်မှာသတိထားမိတာက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ခင်ဗျားမှာရှိနေတယ်

ဒါပေမယ့်ကျွန်တော်ကတော့ ခင်ဗျားစောင့်ကြွားကြွားပုံစံဖြစ်နေတယ်လို့ ပိုထင်တယ်

ဒီလိုထင်တာက ခင်ဗျားကိုကျွန်တော့်အခန်းပေးသုံးလိုက်ရတာလည်း
ပါတယ်

အန်တီက ညနေစာစားဖို့လှမ်းခေါ်လိုက်တော့လည်း ခင်ဗျားကျွန်တော့်ရဲ့ အိပ်ရာပေါ်မှာ အိပ်မောကျနေတယ်လေ

ကျွန်တော်စာအုပ်တစ်အုပ်ကို ခပ်ကြမ်းကြမ်းလွှတ်မချခင်ထိပေါ့

ခင်ဗျားနိုးလာအောင်လုပ်ဖို့ အလုပ်ကပြီးမြောက်ခဲ့ပေမယ့် ညနေစာစားဖို့တော့ ကျွန်တော်မခေါ်နိုင်ခဲ့ဘူးလေ

ခရီးပန်းလာတဲ့ခင်ဗျားကို မနှိုးချင်ပေမယ့်
ဖေဖေမေမေတို့ ခင်ဗျားအပေါ်စိတ်ကွက်သွားမှာကို ကျွန်တော်မလိုလားဘူး

မနက်အိပ်ရာနိုး breakfast စားချိန်မှာ သိလိုက်ရတဲ့အချက်တစ်ချက်က ခင်ဗျားကအစားကြီးမယ့်ပုံပဲ ပီးတော့ လူတိုင်းနဲ့သင့်မြတ်အောင်ပြောဆို ဆက်ဆံတတ်တယ်

ခင်ဗျားကိုကျွန်တော်
မြို့ ထဲကိုလိုက်ပို့ပေးရမလားလို့စကားစခဲ့တော့ ခင်ဗျားမငြင်းခဲ့ဘူးလေ

နွေရာသီနတ်သမီးရဲ့ ပူပြင်းတဲ့ နေခြုံလွှာအောက်မှာ စက်ဘီးတစ်စီးကိုနှစ်ယောက်အတူစီးရရင် သိပ်ကောင်းမှာ ဒါပေမယ့် ခင်ဗျားနဲ့ ကျွန်တော်ကအာ့လောက်ထိ မရင်းနှီးသေးဘူးလေ

မြို့ ထဲမှာအအေးသောက်ရင်း ခင်ဗျားမေးသမျှကိုကျွန်တော်ဖြေရတယ်
ပီးတော့ခင်ဗျားနဲ့လမ်းခွဲထွက်ခဲ့တယ်
အိမ်ပြန်ရောက်တော့လည်း အဖေနဲ့ဆွေးနွေးကြတယ် ခင်ဗျားဖျော်ရည်တစ်ဖန်ခွက်ကို တစ်ကြိုက်တည်းမော့သောက်တာတောင် ကျွန်တော်ငေးကြည့်နေမိတာ

A Letter from Elio to OliverWhere stories live. Discover now