(Unicode)
ကျွန်တော်ပျော်နေပါတယ်
ခင်ဗျားထားခဲ့တဲ့ အလွမ်းတွေကိုပွေ့ဖက်ရင်းပေါ့ကျွန်တော်ပျော်နေပါတယ်
အတူထိုင်နေကျထိုင်ခုံလေးကိုရောက်ရင်
ခင်ဗျားနမ်းခဲ့ဖူးတဲ့ ပါးလေးတစ်ဖက်ကို
ပွတ်သပ်ရင်းပေါ့ကျွန်တော်ပျော်နေပါတယ်
အတူလျှောက်ခဲ့ဖူးတဲ့ လမ်းတွေကိုရောက်ရင်
ခင်ဗျားဆုပ်ကိုင်ခဲ့တဲ့ လက်ကလေးတွေကို
တင်းတင်းဆုပ်ကိုင်ရင်းပေါ့ကျွန်တော်ပျော်နေပါတယ်
လမ်းမှာ အသိတစ်ချို့နဲ့တွေ့တဲ့အချိန်
ခင်ဗျားမပါဘူးလားလို့မေးတဲ့အချိန်
ကျွန်တော်ဘာမှပြန်မပြောပဲ ပြုံးပြရင်းပေါ့ကျွန်တော်ပျော်နေပါတယ်
နှစ်ယောက်အတူနေမယ်လို့ရည်စူးထားတဲ့
အိမ်ကလေးကို တစ်ယောက်တည်း
ဆေးခြယ်ရင်းပေါ့ကျွန်တော်ပျော်နေပါတယ်
ခင်ဗျားပေးခဲ့တဲ့ စုံတွဲလက်စွပ်လေးနှစ်ကွင်းကို
လက်သူကြွယ်မှာ တစ်ယောက်တည်း
ဝတ်ထားရင်းပေါ့ကျွန်တော်ပျော်နေပါတယ်
ခင်ဗျားပေးခဲ့ဖူးတဲ့ အရုပ်ကလေးတွေကို
ကျွန်တော့်ဘေးမှာထားပြီးအိပ်စက်ရင်းပေါ့ကျွန်တော်ပျော်နေပါတယ်
နှစ်ယောက်အတူပျော်ရွှင်ခဲ့ဖူးတဲ့အချိန်တွေကို
တစ်ယောက်တည်း အိပ်မက် မက်ရင်းပေါ့ကျွန်တော်ပျော်နေပါတယ်
ကျွန်တော့်ကိုထားရစ်ခဲ့တဲ့ ခင်ဗျားကို
ဝဲဘက်ရင်အုံထဲမှာ သိမ်းထားရင်းပေါ့ကျွန်တော်ပျော်ပျော်နေပါတယ်
တစ်ချိန်မှာ ကျွန်တော်အရမ်းချစ်ရတဲ့
ခင်ဗျားနဲ့ လမ်းမှာတွေ့ရင်
ကျွန်တော်ပျော်နေပါတယ် အထင်နဲ့
ခင်ဗျားနောက်ဆံမတင်းရအောင်ပေါ့ .....
Talker(Zawgyi)
ကြၽန္ေတာ္ေပ်ာ္ေနပါတယ္
ခင္ဗ်ားထားခဲ့တဲ့ အလြမ္းေတြကိုေပြ့ဖက္ရင္းေပါ့ကြၽန္ေတာ္ေပ်ာ္ေနပါတယ္
အတူထိုင္ေနက်ထိုင္ခံုေလးကိုေရာက္ရင္
ခင္ဗ်ားနမ္းခဲ့ဖူးတဲ့ ပါးေလးတစ္ဖက္ကို
ပြတ္သပ္ရင္းေပါ့ကြၽန္ေတာ္ေပ်ာ္ေနပါတယ္
အတူေလ်ွာက္ခဲ့ဖူးတဲ့ လမ္းေတြကိုေရာက္ရင္
ခင္ဗ်ားဆုပ္ကိုင္ခဲ့တဲ့ လက္ကေလးေတြကို
တင္းတင္းဆုပ္ကိုင္ရင္းေပါ့ကြၽန္ေတာ္ေပ်ာ္ေနပါတယ္
လမ္းမွာ အသိတစ္ခ်ိဳ႕နဲ႔ေတြ့တဲ့အခ်ိန္
ခင္ဗ်ားမပါဘူးလားလို႔ေမးတဲ့အခ်ိန္
ကြၽန္ေတာ္ဘာမျွပန္မေျပာပဲ ၿပံဳးျပရင္းေပါ့ကြၽန္ေတာ္ေပ်ာ္ေနပါတယ္
ႏွစ္ေယာက္အတူေနမယ္လို႔ရည္စူးထားတဲ့
အိမ္ကေလးကို တစ္ေယာက္တည္း
ေဆးျခယ္ရင္းေပါ့ကြၽန္ေတာ္ေပ်ာ္ေနပါတယ္
ခင္ဗ်ားေပးခဲ့တဲ့ စံုတြဲလက္စြပ္ေလးႏွစ္ကြင္းကို
လက္သူႂကြယ္မွာ တစ္ေယာက္တည္း
ဝတ္ထားရင္းေပါ့ကြၽန္ေတာ္ေပ်ာ္ေနပါတယ္
ခင္ဗ်ားေပးခဲ့ဖူးတဲ့ အရုပ္ကေလးေတြကို
ကြၽန္ေတာ့္ေဘးမွာထားၿပီးအိပ္စက္ရင္းေပါ့ကြၽန္ေတာ္ေပ်ာ္ေနပါတယ္
ႏွစ္ေယာက္အတူေပ်ာ္ရႊင္ခဲ့ဖူးတဲ့အခ်ိန္ေတြကို
တစ္ေယာက္တည္း အိပ္မက္ မက္ရင္းေပါ့ကြၽန္ေတာ္ေပ်ာ္ေနပါတယ္
ကြၽန္ေတာ့္ကိုထားရစ္ခဲ့တဲ့ ခင္ဗ်ားကို
ဝဲဘက္ရင္အံုထဲမွာ သိမ္းထားရင္းေပါ့ကြၽန္ေတာ္ေပ်ာ္ေပ်ာ္ေနပါတယ္
တစ္ခ်ိန္မွာ ကြၽန္ေတာ္အရမ္းခ်စ္ရတဲ့
ခင္ဗ်ားနဲ႔ လမ္းမွာေတြ့ရင္
ကြၽန္ေတာ္ေပ်ာ္ေနပါတယ္ အထင္နဲ႔
ခင္ဗ်ားေနာက္ဆံမတင္းရေအာင္ေပါ့ .....
Talker