Part 1

4 0 0
                                    

တဖက်သတ်အချစ်တဲ့
ကိုးတန်းကျောင်းသူလေးတယောက်အတွက် အချစ်ကို ကိုးကွယ်ခြင်း ရိုးသားခြင်း နားလည်ခြင်းလို့ သူမသတ်မှတ်ထားတယ်
နွေဦးလေပြေတွေတိုက်ခတ်လာတိုင်း
အတန်းဖော်သူငယ်ချင်းတွေလိုမျိုး လူသားတယောက်ကို ဖြူဖြူစင်စင်နဲ့တပ်မက်မှုတွေမပါဘဲ ချစ်ချင်ခဲ့တယ်
အတန်းထဲမှာ သူမလို ရုပ်အချောကြီးထဲမပါဘဲ
အတန်းထဲမှာအမြဲအဆင့်တစ်ဝင်နေတဲ့
မျက်မှန်ထူထူကြီးတပ်ထားတဲ့ကောင်မလေးတ​ယောက်လည်း အချစ်ဆိုမျိုးတွေ့ကြုံဖူးချင်ခဲ့တယ်
နွေကျောင်းပိတ်ရက် တရက်မှာတော့ နွေဦးလေပြေရူးလေးနဲ့အတူ အချစ်ဦးလို့သတ်မှတ်ပြီး ရူးရူးမိုက်မိုက်ချစ်ခဲ့ရတဲ့ ကောင်လေးကို သူမစတွေ့ခဲ့တယ်
အဲ့နေ့က မှတ်မှတ်ရရ သောကြာနေ့
ကျွန်မ အိပ်ရာထ​နောက်ကျလို့
ကျောင်းကို အမြန်ပြေးလာခဲ့တဲ့အချိန်
မျက်နှာမှာသနပ်ခါးတောင် လိမ်းချိန်မရခဲ့လို့ ပကတိမျက်နှာပြောင်လေးနဲ့ဆံပင်တွေဖွာလန်ကြဲနေတဲ့ အဖြူအစိမ်း ခပ်နွမ်းနွမ်းလေးနဲ့ ကျွန်မ
စာသင်ခန်းထဲရောက်တော့ ဆရာစာသင်နေပြီ
ကျောင်းနောက်ကျတဲ့ကျွန်မကို ဆရာက အတန်းရှေ့ထွက်လာခိုင်းပြီး ဆူတယ်
ဆရာဆူပြီး ကျွန်မခုံကိုပြန်လာထိုင်တဲ့အချိန်ဘေးကသူငယ်ချင်းမလေး နေခြည်က
"ဟဲ့ ဖြိုးမွန်မွန်သန့် ဒီနေ့ ကျောင်းသားသစ်ရောက်တယ်"
ကျွန်မရှေ့ကခုံတွင်ထိုင်နေသဖြင့် သူ့မျက်နှာကို ကျွန်မ မမြင်ရပေ သူ့နောက်ကျောပြင်လေးကိုသာ ကျွန်မငေးကြည့်ခဲ့တယ်
ဆရာက စာဆက်သင်တော့ maths noteစာအုပ်များကိုဖွင့်ခိုင်းကာ ကျွန်မတို့ကို fomulaများရွတ်ဆိုခိုင်းသည်
ထိုစဥ် ကျောင်းသားသစ်က ကျွန်မဆီသို့ လှည့်လာပြီး ကျွန်မထဲမှ noteစာအုပ်လာငှားသည်
သူ့ဘေးတွင် ယောကျ်ားလေးအတန်းဖော်များရှိနေသော်လည်း ကျွန်မဆီလှည့်ပြီးစာအုပ်လာငှားသော်ကြောင့် ကျွန်မကြောင်သွားသည်
သူက ကျွန်မစားပွဲပေါ်ဖွင့်ထားတဲ့စာအုပ်ကို လှမ်းယူပြီး စာအုပ်အဖုံးက ကျွန်မနာမည်ကို ဖတ်နေတာတွေ့လိုက်သည်
ကျွန်မအနေနဲ့ သူ့ရဲ့လက်ရဲဇက်ရဲရှိမှုကို လန့်သွားသော်လည်း ဆရာဆူမှာစိုး၍ စာကိုပုံမှန်အတိုင်းဆက်သင်နေလိုက်သည်
Bioချိန်ရောက်သော်
သောကြာနေ့တိုင်း bioဆရာက tutoဖြေခိုင်းသဖြင့် သူမတို့ ဒီနေ့လည်း bioဖြေရန်ပြင်ဆင်ခဲ့တယ်
သူကတော့ ကျောင်သားသစ်မလို့ tutoမဖြေရဘဲ အတန်းရှေ့က ဆရာ့စားပွဲတွင်ထိုင်ကာ စာတွေကူးနေခဲ့တယ်
ကျွန်မကတော့ အတန်းထဲမှာစာတော်သလို အပေါင်းအသင်းလည်းများ၍ စာမရတဲ့ သူငယ်ချင်းများကို ဆရာမအလစ်မှာ စာခိုးပြဖို့ကြိုးစားနေခဲ့တယ်
မှတ်မှတ်ရရ ကျွန်မရဲ့ခိုးကြောင်းခိုးဝှက်နှင့်စာပြနေတဲ့ပုံကို သူကကြည့်ပြီး သဘောကျစွာပြုံးနေသည်ကို ကျွန်မတွေ့လိုက်ရတယ်
နောက်ရက်တွေမှာလည်း သူဟာ အကြောင်းမရှိအကြောင်းရှာပြီး ကျွန်မဆီမှ စာအုပ် ခဲတံ ခဲဖျက်တို့ကို ခနခနလာငှားလေတော့တယ်
ဒီလိုနဲ့ ကျွန်မအနေနဲ့ သူ့ပေါ်စိတ်ယိုင်စပြုလာတယ်
စာသင်ချိန်မှာ သူ့ကျောပြင်လေးကိုငေးကြည့်ရတာကို ကြည်နူးမိတယ်
စာသင်ချိန်တခုနဲ့တခုကြားနားချိန်တွေမှာ သူငယ်ချင်းတွေနဲ့ရယ်မောနေတဲ့သူ့ရဲ့မျက်နှာလေးကို ငေးကြည့်နေရတာကို စွဲလန်းလာတယ်
ဒီလိုနဲ့ ကျွန်မဘဝထဲကို အချစ်ဦးအဖြစ် ဝင်ရောက်လာခဲ့တယ်
ကျွန်မတို့ကျောင်းမှာ သူကတော်တော်လေးနာမည်ကြီးခဲ့ပါတယ် သူ့ရဲ့အရပ်အမောင်းရယ် ရုပ်ရည်ရယ်ကြောင့်ပေါ့
အတန်းထဲမှာလည်း သူ့ကိုကြိုက်တဲ့သူတွေများလာတယ် ဆယ်တန်းအမကြီးတွေလည်း သူ့ကိုကြိုက်နေတယ်လို့သတင်းထွက်လာတော့ ကျွန်မဝမ်းနည်းလာတယ် ကျွန်မရုပ်ရည်ကအချောလှကြီးမဟုတ်တော့ ကျွန်မထက်ပိုချောတဲ့ကောင်မလေးတွေကို သူကြိုက်သွားမှာ အရမ်းစိုးရိမ်ခဲ့တယ်
တရက် ကျောင်းက ပြင်ဦးလွင်ကို short tripအနေနဲ့ လိုက်ပို့ပေးတော့
ကျွန်မအရမ်းဝမ်းနည်းခဲ့တယ် သူမပါလို့ပဲ
လူတွေအများကြီးရှိနေပေမယ့် ပန်းလေးတွေနဲ့သာယာပြီး romanticဆန်တဲ့တောင်ပေါ်မြို့လေးကို သူမပါဘဲ လာခဲ့ရတာလေ
ပြတင်းပေါက်ကနေ တောလမ်းလေးတွေကိုကြည့်ပြီး ကျွန်မ သူ့ရဲ့လက်ကိုဆွဲပြီး ပြင်ဦးလွင်ကိုထပ်လာဖို့ ဆုံးဖြတ်ခဲ့တယ်
ကန်တော်ကြီးထဲရောက်တော့ မြက်ခင်းပြင်ကြီးနဲ့ ပန်းလေးတွေကို ကြည့်ပြီး သူ့ရဲ့လက်ကိုဆွဲပြီး လမ်းလျှောက်ချင်ခဲ့တယ် ပင်ပန်းလာတဲ့အခါ မြက်ခင်းပြင်ကြီးပေါ်လှဲချပြီး တိမ်တွေကိုတူတူငေးကြည့်မယ် တိမ်တွေကိုပုံဖော်ပြီး ဒါကနဂါးရုပ် ဒါကမြင်းရုပ်ဆိုပြီး စကားနိုင်လုကြမယ်
ကျွန်မက poseတွေပေးပြီး သူက ကျွန်မကိုဓာတ်ပုံရိုက်ပေးမယ်
အဲ့လိုစိတ်ကူးလေးတွေနဲ့ ကျွန်မ သူမပါတဲ့ပြင်ဦးလွင်ခရီးကို ကုန်ဆုံးခဲ့တယ်
ဒါနဲ့ သူဆိုတာ ကျွန်မရဲ့ အချစ်ဦး အောင်မင်းသန့်ပါ

One sided LoveWhere stories live. Discover now