Feel Me

14 0 0
                                    

ဒီနေ့က စာသင်နှစ်ရဲ့ နောက်ဆုံးနေ့ပါ။

ကျွန်တော် အခုရောက်နေတာကတော့ နှုတ်ဆက်ပွဲ ပါတီပေါ့။

နှုတ်ဆက်တယ်လို့လည်း ပြောလို့မရပါဘူး။ ဘာလို့ဆို ကျွန်တော်တို့ နောက်နှစ်လည်း ဂျူနီယာအတန်းက ဒီလူတွေပဲ ပြန်တွေ့ရဦးမှာ မို့ပါ။အဲ့တာကို ဘာလို့ တကူးတက နှုတ်ဆက်နေလဲ မသိပါ။

အတန်းတော့ မတူတော့ဘူးပေါ့လေ။
နှောက်နှစ်ဆိုရင်တော့ ကျွန်တော်က စီနီယာ အထက်တန်းကျောင်းသားကြီး ဖြစ်ပြီ။

တွေးကြည့်တာနဲ့ကို စိတ်လှုပ်ရှားစရာပဲ။

အထက်တန်းဆိုတာလည်း မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားမှာ။

ကျွန်တော် ကောလိပ်သွားတက်မယ်။ အဆောင်နေမယ်။ အိမ်က ချုပ်ချယ်မှုတွေနဲ့ ဝေးရာမှာ အရွယ်ရောက်ပြီးသား လူတွေလုပ်သမျှ ကျွန်တော် စိတ်ကြိုက်လုပ်ခွင့်ရမယ်။

ဘားတွေသွားမယ်။ ကလပ်တက်မယ်။
ညဘက်ကားလျှောက်မောင်းမယ်။

ပြီးတော့ အရွယ်ရောက်ပြီးသား လူတွေရဲ့ တကယ့်ပါတီစစ်စစ်တွေ။

အခုလို ကလေးဆန်ဆန် ပူဖောင်းတွေနဲ့ မဟုတ်ဘဲ။ ရူးကြောင်ကြောင် ကွန်ဖတ်တီစတွေနဲ့ မဟုတ်ဘဲ။

သောက်စရာဆိုလို့ ကိုလာရယ်, စပရိုက်စ်ရယ်, အောရိန်ဂ်ျ ဂျု့စ်ရယ်ပဲ ရှိတာမဟုတ်ဘဲ လူကြီးတွေရဲ့ တကယ့်ပါတီ။ အလန်းစား မြူးဇစ်ဘိ(တ်) တွေနဲ့။

အခုတော့ အူကြောင်ကြောင် သီချင်းတွေနဲ့ ဒစ်စနေးလန်းထဲရောက်နေသလို အိပဲ့ပဲ့ကနေကြတဲ့ ပျင်းခြောက်ခြောက်ကပွဲကြီး။

စိတ်ပျက်စရာ။

စိတ်ညစ်လွန်းလို့ ကပွဲကြမ်းပြင်နဲ့ ဝေးရာ ပွဲကြည့်စင်မှာသာ သွားထိုင်နေလိုက်တော့တယ်။

ကျွန်တော်တို့ အခုပါတီက အားကစားရုံထဲမှာ လုပ်နေတာလေ။ အဲ့တော့ ပွဲကြည့်စင်ဘက်က ခုံတွေက အမှောင်ကျပြီး လူတွေရဲ့ အာရုံစိုက်မှုက ရှောင်နေနိုင်တယ်။

အာရုံစိုက်ခံရတာတွေ မကြိုက်လို့ ကျောင်းက ဘတ်စကက်ဘောအသင်းထဲတောင် ကျွန်တော် မပါဘူး။ ကျွန်တော်တို့ ကျောင်းဘတ်စကတ်ဘောအသင်းက တော်တော်နာမည်ကြီးတယ်။

Feel MeWhere stories live. Discover now