Part-6

405 34 6
                                    

Unicode

Chanyeolမှာခေါင်းကိုက်နေပြီ။
သူဘာကြောင့်ငါ့ကိုမုန်းနေရတာလဲ?
ငါဘာလုပ်မိလို့လဲ?
ဘာကြောင့်...ဘာကြောင့်.... သူ့ကိုဒီလိုမျိုးဆက်ဆံရတာလဲ?

အချိန်ကား ည၆နာရီ ဒီအချိန်ဆို သူလာပြီ။
Chanyeolဆုံးဖြတ်ထားတယ် ဒီတစ်ခါတော့သူ့ကိုမေးကိုမေးရမယ်။

ဒေါက်... ဒေါက်...

အချိန်ကိုက်လာခေါက်သော တံခါးခေါက်သံ...
Chanyeolစိတ်ကိုအတက်နိုင်ဆုံးအားတင်းပြီးပြန်ဖြေလိုက်တယ်။

"ဝင်ခဲ့ပါ"

တစ်လှမ်းခြင်းဝင်လာသောသူ့ပုံရိပ်မှာ မထိရက်မကိုင်ရက်ဖြစ်ရအောင်အထိ ခန့်လွန်းသည်။

Chanyeolစိတ်ထဲရင်းနှီးသော အနံ့တစ်ခု...
ရင်းနှီးသောပုံရိပ်တစ်ချို့....
ရင်းနှီးသော...ရင်းနှီးသော....

"အား....."

Chanyeolလက်နှစ်ဖက်ဖြင့်သူ့ခေါင်းကိုကိုင်ထားကာအော်နေရသည်။
သူအလွန်ကိုခေါင်းကိုက်နေပြီ။

"ကျွန်တော်ခေါင်းကိုက်နေတယ် ဒီရေမွှေးအနံ့ကိုမခံနိုင်ဘူး ကျေးဇူးပြုပြီး အခန်းထဲကထွက်သွားပေးပါ ကျေးဇူးပြုပြီး"

"ဟား.... ဟား...အရင်ကဒီရေမွှေးနံ့ကိုမင်းအရမ်းကြိုက်ခဲ့တာပါ သြော်...မင်းကအတိတ်မေ့နေတာပဲ မစိုးရိမ်ပါနဲ့ ငါကမင်းမေ့ထားတဲ့နာကျင်စရာအတိတ်တွေကိုတဖြည်းဖြည်းချင်းတူးဖော်ပေးမှာပါ"

"ကျွန်တော်နဲ့ခင်ဗျားကြားဘာဖြစ်ခဲ့လို့ကျွန်တော့်ကိုဒီလိုနှိပ်စက်နေရတာလဲ ဟမ်"

"မင်းကတော့ မေ့နေတဲ့သူဆိုတော့ ဘာကိုများမှတ်မိမလဲ ငါ့မှာတော့ အကြောင်းအရာ အစ အဆုံးကိုမှတ်မိနေပြီ နာကျင်စရာမြင်ကွင်းကို ရင်ဝယ်ပိုက်ပြီး ညတိုင်းသွေးပျက်နေရတာ မင်းကြောင့်လေ မင်းကြောင့် သာယာနေတဲ့ငါ့ဘဝပျက်ရတာ"

"ပွင့်ပွင့်လင်းလင်းပြောစမ်းပါ ကျွန်တော်မေ့နေတဲ့အတိတ်တွေကို
ကျွန်တော့်အပြစ်ဘယ်လောက်တောင်ကြီးနေလို့များ ဒီလိုမျိုး တိရစ္ဆာန်တစ်ကောင်လိုချည်နှောင်ထားရတာလဲ ဒီလိုမျိုး ရက်စက်နိုင်ရတာလဲ"

ချစ်ခြင်းရဲ့ကလဲ့စား(ချစ်​ခြင်းရဲ့ကလဲ့စား) Completed ❣Where stories live. Discover now