နေရောင်ခြည် ခပ်စူးစူး မျက်နှာပေါ်ကျလာသည်နှင့် ခန္ဓာကိုယ်က လူးလွန့်လာသည်။
သို့သော် သူမထချင်သေး။
နေရောင်ခြည်နှင့်အတူ လှောင်ပိတ်နေသော တိုက်ခန်း သဘာဝ ပူအိုက်သည့်ဓာတ်အနည်းငယ်တိုးလာသည်။ Air Con ကို အနည်းငယ်မြှင့်တော့ လက်မောင်းအသားက အေးလာသည်။
ခဏနေတော့ ပဲပြုတ်သည်၏အသံကို ကြားရတစ်ချက်မကြားရတစ်ချက်နှင့် ဆက်မှိန်းနေသည်။
လင်းလာသော ဖုန်းမျက်နာပြင်၏အလင်းကြောင့် မျက်လုံးများက Auto ပွင့်လာရသည်။
နေကြာပန်းတွေကြားက သိပ်မလှသော်လည်း ရိုးရှင်းပြီးအေးချမ်းသည့် မျက်နှာပိုင်ရှင်ကို လက်ဖြင့် ခပ်ဖွဖွတို့ထိသည်။
ပြတင်းပေါက်ကို ဖွင့်ကာ လေနုအေးကို ခံစားသည်။ မျက်နှာမသစ်ရသေးပဲ ဒီလို လုပ်နေတာ မြင်လျှင် ညစ်ပတ်လိုက်တာ လို့ သူမက ခပ်တိုးတိုး ညည်းနေမည်ထင်သည်။
ရေနွေးအိုးတည်ကာ ကော်ဖီမှုန့်ကို ခွက်ထဲသို့ထည့်သည်။
ရေနွေးပူပူကို ထည့်လျှင်တော့ အဝါရောင်နေကြာပန်းပုံပေါ်လာလိမ့်မည်။
အဝါရောင် ခပ်နုနုတွေ များများစားစား သုံးထားသည့် အခန်းငယ်ကို ဝေ့ကြည့်သည်။
နေကြာပန်းလေးသာ ရှိလျှင် သိပ်လှမည်မှာ သေချာ ပါသည်။
ရေချိုးခန်းထဲက အဝါရောင်နေကြာပန်းသေးသေးလေးတွေ စီတန်းထိုးထားသည့် မျက်နှာသုတ်ပုဝါကို ယူသည်။
သေချာကြည့်လျှင်တော့ သူ့နာမည်ကို အတိုကောက် ချည်အဖြူဖြင့် ထိုးထားသည်ကိုတွေ့နိုင်ပါသည်။
ရေချိုးပြီးအ၀တ်လဲတော့ အဝါရောင် ဟူဒီကိုသာရွေးချယ်ဖြစ်ခဲ့သည်။
ဖုန်းက အသံမြည်နေသည်မှာ အဆက်မပြတ်....
သူမ သိပ်ကြိုက်သည့် နွေဦးကံ့ကော်.......
စားပွဲပေါ်မှာတော့ နေကြာပန်းခြောက်များက စနစ်တကျတည်ရှိနေသည်။
အခန်းတံခါးကို ဆွဲဖွင့်တော့ နေကြာပန်းတစ်စည်းနှင့် ၀ိုင်းစက်စက် လက်ရေးဖြင့် Cardအဝါရောင်လေးက အသင့်....
နေကြာသည် တိမ်အသွင်ပြောင်းနိုင်မည်ဟု ထင်ပါသည်။
သူ့အပေါ်ကျလာသော အဆိုးများမှန်သမျှကို ကာကွယ်ပေးတတ်သော မိုးတိမ်ငယ်ကို Saw Andrew တကယ် သတိရမိပါသည်။
တိုက်အရိပ်အောက်က လွတ်သည်နှင့် နေပူပူဖြင့် တိုက်ရိုက်ထိတွေ့ရသည်။
တိုက်ဘေးက စက်ဘီးအဝါရောင်ကို သော့ဖြုတ်သည်။
သူမ သဘောကျသော သွားလာနည်း
ကားတွေကြားထဲက စက်ဘီးအဝါရောင်လေးပေါ်တွင်
မြင်နေကျ အမျိုးသမီးလေးမပါတော့သည်ကို စားနေကျဆိုင်မှ လူအချို့ကတော့ သတိထားမိမည်ထင်ပါသည်။
နေကြာသည် မာနကြီးသည်
နေကြာသည် ခေါင်းမာသည်
နေကြာသည် အားငယ်တတ်သည်
နေကြာသည် ပျော့ညံ့သည်
နေကြာသည် မလှ
နေကြာသည် အေးချမ်းသည်
နေကြာသည် သူ့အတွက် သီးသန့် ဖြစ်တည်မှုပင်ဖြစ်သည်။
နေကြာ့အမည်က ဖိလစ်ပိုင်ဘာသာစကားအရ ကြင်နာ မှုဟု အဓိပ္ပါယ်ရသော RIZA ဖြစ်သည်။
YOU ARE READING
SUNFLOWER
Poetryသူသာ နေကြာပန်းလေးဆို သူမျှော်ကြည့်နေမယ့် နေမင်းကြီးထက် သူ့အလှကို အားဖြည့်ပေးမယ့် အဝါရောင်ပဲ ဖြစ်ချင်တယ်....