Sunflower

90 4 0
                                    

နေရောင်​ခြည်​ ခပ်​စူးစူး မျက်​နှာပေါ်ကျလာသည်​နှင့်​ ခန္ဓာကိုယ်​က လူးလွန့်​လာသည်​။
သို့သော်​ သူမထချင်​သေး။
နေရောင်​ခြည်​နှင့်​အတူ လှောင်​ပိတ်​နေသော တိုက်​ခန်း သဘာဝ ပူအိုက်​သည့်​ဓာတ်​အနည်းငယ်​တိုးလာသည်​။ Air Con ကို အနည်းငယ်​မြှင့်​တော့ လက်​မောင်းအသားက အေးလာသည်​။
ခဏနေတော့ ပဲပြုတ်​သည်​၏အသံကို ကြားရတစ်​ချက်​မကြားရတစ်​ချက်​နှင့်​ ဆက်​မှိန်းနေသည်​။
လင်းလာသော ဖုန်းမျက်​နာပြင်​၏အလင်းကြောင့်​ မျက်​လုံးများက Auto ပွင့်​လာရသည်​။
နေကြာပန်းတွေကြားက သိပ်​မလှသော်​လည်း ရိုးရှင်းပြီးအေးချမ်းသည့်​ မျက်​နှာပိုင်​ရှင်​ကို လက်​ဖြင့်​ ခပ်​ဖွဖွတို့ထိသည်​။
ပြတင်းပေါက်​ကို ဖွင့်​ကာ လေနုအေးကို ခံစားသည်​။ မျက်​နှာမသစ်​ရသေးပဲ ဒီလို လုပ်​နေတာ မြင်​လျှင်​ ညစ်​ပတ်​လိုက်​တာ လို့ သူမက ခပ်​တိုးတိုး ညည်းနေမည်​ထင်​သည်​။
ရေနွေးအိုးတည်​ကာ ကော်​ဖီမှုန့်​ကို ခွက်​ထဲသို့ထည့်​သည်​။
ရေနွေးပူပူကို ထည့်​လျှင်​တော့ အဝါရောင်​နေကြာပန်းပုံပေါ်လာလိမ့်​မည်​။
အဝါရောင်​ ခပ်​နုနုတွေ များများစားစား သုံးထားသည့်​ အခန်းငယ်​ကို ဝေ့ကြည့်​သည်​။
နေကြာပန်းလေးသာ ရှိလျှင်​ သိပ်​လှမည်​မှာ သေချာ ပါသည်​။
ရေချိုးခန်းထဲက အဝါရောင်​နေကြာပန်းသေးသေးလေးတွေ စီတန်းထိုးထားသည့်​ မျက်​နှာသုတ်​ပုဝါကို ယူသည်​။
သေချာကြည့်​လျှင်​တော့ သူ့နာမည်​ကို အတိုကောက်​ ချည်​အဖြူဖြင့်​ ထိုးထားသည်​ကိုတွေ့နိုင်​ပါသည်​။
ရေချိုးပြီးအ၀တ်​လဲတော့ အဝါရောင်​ ဟူဒီကိုသာရွေးချယ်​ဖြစ်​ခဲ့သည်​။
ဖုန်းက အသံမြည်​နေသည်​မှာ အဆက်​မပြတ်​....
သူမ သိပ်​ကြိုက်​သည့်​ နွေဦးကံ့ကော်​.......
စားပွဲပေါ်မှာတော့ နေကြာပန်းခြောက်​များက စနစ်​တကျတည်​ရှိနေသည်​။
အခန်းတံခါးကို ဆွဲဖွင့်​တော့ နေကြာပန်းတစ်​စည်းနှင့်​ ၀ိုင်းစက်​စက်​ လက်​ရေးဖြင့်​ Cardအဝါရောင်​လေးက အသင့်​....
နေကြာသည်​ တိမ်​အသွင်​ပြောင်းနိုင်​မည်​ဟု ထင်​ပါသည်​။
သူ့အပေါ်ကျလာသော အဆိုးများမှန်​သမျှကို ကာကွယ်​ပေးတတ်​သော မိုးတိမ်​ငယ်​ကို Saw Andrew တကယ်​ သတိရမိပါသည်​။
တိုက်​အရိပ်​အောက်​က လွတ်​သည်​နှင့်​ နေပူပူဖြင့်​ တိုက်​ရိုက်​ထိတွေ့ရသည်​။
တိုက်​ဘေးက စက်​ဘီးအဝါရောင်​ကို သော့ဖြုတ်​သည်​။
သူမ သဘောကျသော သွားလာနည်း
ကားတွေကြားထဲက စက်​ဘီးအဝါရောင်​လေးပေါ်တွင်
မြင်​နေကျ အမျိုးသမီးလေးမပါတော့သည်​ကို စားနေကျဆိုင်​မှ လူအချို့ကတော့ သတိထားမိမည်​ထင်​ပါသည်​။
နေကြာသည်​ မာနကြီးသည်
နေကြာသည်​ ခေါင်းမာသည်
နေကြာသည်​ အားငယ်​တတ်​သည်
နေကြာသည်​ ပျော့ညံ့သည်
နေကြာသည်​ မလှ
နေကြာသည်​ အေးချမ်းသည်
နေကြာသည်​ သူ့အတွက်​ သီးသန့်​ ဖြစ်​တည်​မှုပင်​ဖြစ်​သည်​။
နေကြာ့အမည်​က ဖိလစ်​ပိုင်​ဘာသာစကားအရ ကြင်​နာ မှုဟု အဓိပ္ပါယ်​ရသော RIZA ဖြစ်​သည်​။

You've reached the end of published parts.

⏰ Last updated: Mar 30, 2020 ⏰

Add this story to your Library to get notified about new parts!

SUNFLOWERWhere stories live. Discover now