Chapter 3

188 14 8
                                    

'မားသားသွားပြီနော် '

'အင်း ဂရုစိုက်သွားနော်'

16နှစ်အရွယ်နဲ့ မလိုက်ဖက်စွာ အရည်အချင်းရှိ ရင့်ကျက်သော သားဖြစ်သူကို စိတ်မပူပေမယ့် တစိမ်းပတ်ဝန်းကျင်မှာတော့ သားဖြစ်သူကို မထားခဲ့နိုင်ပါ။ အဲ့ဒီတော့ အိမ်ပြောင်းလာတဲ့ လူသစ်မှန်းသိအောင်တော့ ဆန်မုန့်တော့ ဝေရမည်လေ။

မျက်နှာချင်းဆိုင်က ခြံဝန်းလေးဆီကို ဆန်မုန့်ပန်းကန်လေးကိုင်ပြီး သွားလိုက်တယ်။

'မေမေရေ အန်တီကြီး တစ်ယောက်ဘဲလ်တီးနေတယ်'

'ဟုတ်ကဲ့'

'အာ .. နိဟောင် ကျွန်မက မနေ့က အိမ်ပြောင်းလာတဲ့သူ ဖြစ်ပါတယ်။ သားက တရုတ်ကနေ ဒီကိုကျောင်းလာတက်တာမလို့ လိုအပ်တာလေးတွေရှိရင် အကူအညီတောင်းပါတယ်'

'ကူညီပေးရမှာပေါ့ အိမ်နီးချင်းတွေပဲကို ဆန်မုန့်အတွက်ကျေးဇူးနော် ကောင်းကောင်းစားပါ့မယ်'

'ကျေးဇူးပါ'

'မေမေ ဆန်မုန့် Jun စားလို့ရလား'

'မေ့Junလေးက ခုနကမှ ထမင်းကြော်နဲ့ နွားနို့သောက်ထားတာ ဆန့်သေးရဲ့လား ဒီဗိုက်ပူလေးက ဟင်'

Jun ရဲ့ ဗိုက်လုံးလေးကို တို့ရင်း အူယားစွာမေးလိုက်တယ်။

Jun တစ်ယောက် မျက်လုံးလေး ထောင့်ကပ်ရင်း
'တစ်ခုလောက်ဆို ဆန့်ပါတယ် တစ်ခုစားမယ်နော် မေမေ '

မိခင်ဖြစ်သူမှာတော့ ဒီကလေးကို မနိုင်ဘူးဆိုတဲ့ အမူအယာနဲ့ပဲ လက်ထဲကို ဆန်မုန့် တစ်ခု ပေးလိုက်တယ်။

'စားပြီးရင် wed tissue နဲ့ လက်သုတ်မယ်နော် Junလေး'

'ဟုတ် မေမေ '

You've reached the end of published parts.

⏰ Last updated: Mar 16, 2020 ⏰

Add this story to your Library to get notified about new parts!

Xing's CANDY Where stories live. Discover now