( 1 ) U

251 24 3
                                    

Ding Ding !!

Alarm သံကြောင့်နိုးလာခဲ့သည် ။
ဒီနေ့လဲ သူမပုံမှန်ဖြတ်သန်းနေကြလို အပြောင်းအလဲ မရှိစွာပဲ ဖြတ်သန်းနေရဦးမည်ဖြစ်သည် ။

ကျောင်းသွားရန်ခပ်သွက်သွက်ပြင်ဆင်ပြီး အခန်းပြင်သို့ ထွက်ခဲ့သည် ။ တစ်ပတ်စာ အသင့်ဝယ်ထားသော ပေါင်မုန့် ကိုစားပြီးသည့်အချိန်တွင် ကျောင်းကားရောက်လာ
ပြီဖြစ်သည် ။

အိမ်နောက်မှ အဒေါ်ကို နှုတ်ဆက်ကာ
အိမ်ရှေ့သို့အမြန်ပြေးထွက်ကာ လွယ်
အိတ်ကိုဆွဲယူပြီး ကားပေါ်သို့ပြေးတက်ရတယ် ။

Wendy ကားပေါ်ရောက်တော့ ထိုင်နေကျ နေရာလေးမှာ ထိုင်ကာ ပြတင်းပေါက်ကိုထိုင်ငေးနေဖြစ်တယ် ။ တစ်ခါလောက်တော့ ဖေဖေတို့ကို သွားတွေ့ချင်ပါ
တယ် ။ ဖေဖေတို့က ကနေဒါမှာပဲ နေပြီး သူမကို ကိုရီးယားမှာ အဒေါ်နှင့်ထားကာ ကျောင်းတက်စေခြင်းဖြစ်တယ် ။

ကျောင်းကားကတစ်နေရာရပ်လိုက် ကျောင်းသားတွေတင်လိုက်နဲ့ပါပဲ ။ နေ့တဓူဝ သွားနေရကျ နေရာတွေ မြင်တွေ့နေရတဲ့ အရာတွေဟာလည်း ပြောင်းလဲသွားခြင်းမရှိချေ ။ Hyun ကိုချစ်တဲ့အချစ်လည်း
မပြောင်းလဲခဲ့ပါဘူးလေ ။
ဟုတ်တယ် သူမကဒီလိုပဲ ဘာမဆီညာမဆိုင်နဲ့ အဲ့ဒီ
မိန်းကလေးအကြောင်းပဲ ခေါင်းထဲရောက်လာတွေချ ည်း ။

ကားဟာကျောင်းရှေ့မှာ ရပ်လိုက်တယ် ။ သူမထိုင်တဲ့နေရာဟာ နောက်ဆုံးတော့ မဟုတ်ပေမယ့် အနောက်တော့ အနည်းငယ် ရောက်တယ် ။ သို့ကြောင့် လူတွေတော်တော်များများ ဆင်းသွားပြီးမှ ဆင်းရတယ် ။

ကျောင်းထဲဝင်လိုက်တာနဲ့ သူမတို့ကျောင်းရဲ့ တူညီဝတ်စုံနဲ့ ကျောင်းသူတွေကို တွေ့နိုင်ပါတယ် ။

ကျောင်းထဲဝင်လာပြီး အခန်းထဲရောက်တော့ Hyun ကသူငယ်ချင်းတွေနဲ့ ရယ်မောနေတယ် ။
အဲ့ဒီမိန်းကလေးဟာ သိပ်ကိုစိတ်အ
တက်အကျ လွယ်တယ် ။ သူမတွေးရင်းနဲ့ပဲ ထိုင်တဲ့ခုံနားကို လျှောက်သွားတော့ သူမကိုအကုန်မော့ကြည့်ကြတယ် ။

" ရောက်ပြီလား ဒီနေ့နည်းနည်းစောသလိုပဲနော် "

ဟုတ်ပါတယ် သူမက ပုံမှန်ဆို ကျောင်းကို ူသိပ်နောက်ကျတယ် ။

You've reached the end of published parts.

⏰ Last updated: Mar 23, 2020 ⏰

Add this story to your Library to get notified about new parts!

You are the reason of my heartbeatingWhere stories live. Discover now