"ဝါး "
ဟူသော အသံရှည်တစ်ခုဆွဲကာ အညောင်းဆန့်ရင်း ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ ကောင်းကင်ကို မော့ကြည့်လိုက်တော့
အပြာရောင်ပန်ချီကားကိုတွေ့ရသလိုလို ~နေရောင်ခြည်နွေးနွေးလေးအောက် မျက်လုံးလေး အသာမှိတ်လိုက်ပြီး နေပူဆာလှုံနေလိုက်သည်။
ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လည်း နွေးထွေးမှုကို ခံစားနေရသယောင် ...။ သစ်ပင်ထက်နားနေကြသော
ကျေးငှက်လေးများဆီကလည်း အသံလေးတွေကြားနေရသည်။သြော်...။ ဆောင်းဦးရာသီရောက်ခဲ့ပြီပဲ ။
သဘာဝကို နှစ်သက်သော ကျွန်တော့်အတွက် အိပ်ရာနိုးတာနဲ့ ပြတင်းပေါက်ကိုဖွင့်ပြီး မနက်ခင်းအလှကို ခံစားတတ်သည်က အကျင့်တစ်ခုလိုဖြစ်နေသည်..။ နေရောင်ခြည်နွေးနွေးလေးအောက်မှာ မျက်လုံးလေးကိုမှိတ်ရင်း ပတ်ဝန်းကျင်က အသံလေးတွေကို နားထောင်နေကြမြဲ.။
ဒါပေမယ့် ... ခြွင်းချက်တစ်ခုတော့ ရှိသည်။ဘာကြောင့်မှန်းတော့မသိ။ ဆောင်းဦးရာသီကိုတော့ မကြိုက်။
နွေရာသီလို ပူပြင်းသော ရာသီဥတုကိုလည်း ကျွန်တော်ကြိုက်သည်၊
ဆောင်းရာသီလို အရမ်းအေးလွန်းတာကိုလည်း ကြိုက်သည်၊
မိုးရွာတာကိုလည်း ကြိုက်သည်။
သု့်သော် ...ဒီ ရာသီကိုတော့မကြိုက်။"KyungSoo ရေ နိုးပြီဆိုရင် အောက်မှာ အမေ့ကို ဝိုင်းကူပေးဦး ... ။ "
"လာပြီ အမေရေ"
ရှုပ်ပွနေတဲ့ အိပ်ရာကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုလုပ်ပြီး
အောက်ထပ်ကို ဆင်းလာခဲ့သည်။"Omma သား ဘာလုပ်ပေးရမလဲ ."
"အမေ့ကို ဒီ cake လေး ကူလုပ်ပေး ... ဒီနေ့ပို့စရာတွေများနေလို"
"ပန်ကိတ်လုပ်ပေးရမှာလား "
"မဟုတ်ဘူး ချောကလက် cake .."
YOU ARE READING
Everlasting [Z×U]
Fanfictionတစ်စုံတစ်ယောက်ကို ထာဝရဆိုတဲ့ခေါင်းစဉ်အောက်မှာ ချစ်ခဲ့မိတယ် ~ KyungSoo×JongIn