🍃8🍃

394 83 1
                                    

"အခုမရှိတော့ဘူး"

အမည်းရောင်နဖူးစည်းကို စည်းထားတဲ့ကောင်လေးကို ဂျောင်ဆူးမော့ပြီးကြည့်နေမိသည်။
ရွယ်တူထင်သော်ငြား ကိုယ့်ထက်ထွားတဲ့ ခန္ဓာကိုယ်ကြောင့် မော့ကြည့်နေခြင်းဖြစ်သည်။

"ဘာလို့ လိုက်ဖမ်းတာလဲ "

ဂျောင်ဆူး ခပ်တိုးတိုးလေးမေးလိုက်တော့ ထိုကောင်လေးက ဟိုကြည့်ဒီကြည့်လုပ်ပြီး သူ့ရဲ့နား နားကို ကပ်ပြောလေ၏။

"ငါက သူခိုးလေ"

ထိုကောင်လေးရဲ့အဖြေကြောင့် ဂျောင်ဆူးမှာ လန့်သွားရသည်။

"ဟား ဟား မလန့်ပါနဲ့ ...မင်းကို ဘာမှမလုပ်ပါဘူး "

ဂျောင်ဆူး ပုန်းနေရာကနေ အမြန်ပြေးထွက်လာခဲ့သည်။ ရုပ်တည်ကြီးနဲ့ စနေသလို နောက်နေသလိုလုပ်နေတဲါ ထိုကောင်လေးကို ထားခဲ့ပြီး ဈေးလမ်းထဲကိုပြေးသွားလိုက်သည်။

×××

"မင်းသား ဘယ်သွားနေတာလဲ ကျွန်တော်မျိုးစိတ်ပူနေတာ ... နောက်တစ်ခါ အဲ့လိုပျောက်မသွားပါနဲ့ ကွယ် "

အထိန်းတော်ကြီးက သူ့ကိုမြင်တော့ ပျာပျာသလဲ။ သူလဲ လမ်းပျောက်သွားလို့ ပါ ဟု လိမ်ညာလိုက်ပြီး နန်းတော်ဆီကိုပြန်လာခဲ့လိုက်သည်။

ဈေးအဆုံးကနေ လျှောက်ခဲ့တာ တစ်ဝက်လောက်ရောက်တော့ ခုနက ကောင်လေးနဲ့ဆုံပြန်သည်။ ဒါပေမယ့် သူကတော့ ဂျောင်ဆူးကိုမြင်ပုံမရ။

မုန့်ဆိုင်နားကိုသွားပြီး အိတ်ထဲထည့်ကာ ခိုးယူနေတာကို မြင်တော့ ဂျောင်ဆူးအော်ဖို့ကြံလိုက်သည်။ ခိုးတာဟာမကောင်းတဲ့အတွက် ပြစ်ဒဏ်ကိုသူခံသင့်သည်။

"သ "

အော်ဖို့ ပြင်လိုက်ပေမယ့် ဂျောင်ဆူးရဲ့အသံဟာ တိတ်သွားရသည်။ အကြောင်းကတော့
ခုနကခိုးယူထားတဲ့ မုန့်တွေကို စားစရာမရှိလို့ တောင်းယူနေတဲ့ ကလေးတွေကို ပေးလိုက်သည့်အတွက်။

Everlasting [Z×U]Where stories live. Discover now