အမှတ်တရများနှင့် ကျောင်းတော်ဆီ 1

40 2 0
                                    

ဖောင်း 🎉🎉
အတန်းပိတ်ပွဲမို့ အားလုံး ပျော်ရွှင်ကြသည်..
ငိုသူကငို  ပျော်ရွှင်သူက ပျော်ရွှင်နေကြသည်
အမှတ်တရ ဓာတ်ပုံ ရိုက်သူနဲ့
ကျောင်းပြောင်းရတော့မှာမို့လို့နှုတ်ဆက်နေကြသူများနဲ့
ဆရာမတွေအား နှုတ်ဆက်နေကြသည်
ထိုသည်မှာ နဝမတန်း (A) ရဲ့ အတန်းပိတ်ပွဲပင်....
အတန်းသားအားလုံး ပျော်ရွှင်နေကြသော်လည်း
-
-
-
-
အတန်းဝမှချောင်းကြည့်နေသော
မျက်ဝန်းတစ်စုံမှာ မျက်ရည် များဖြင့်ပြည့်နှက်နေသည်ကိုတော့
ဘယ်သူမှသိမည်မဟုတ်ပေ....
လှည့်အပြန် ခြေချော်ပြီး
လဲကျစဉ် လှမ်းဖမ်းလိုက်သော
လက်ပိုင်ရှင်အားမော့အကြည့်......

လွန်ခဲ့သော9 လခန့်က......

ကျွန်တော် နာမည်က ကောင်းကောင်းပါ ခင်ဗျ.
နဝမတန်းကျောင်းသားတစ်ယောက်ပါ .
Bio ယူထားပါတယ်ခင်ဗျ
အတန်းဦးဖို့ ကျောင်းသို့စောစောလာခဲ့သည်မို့
ခပ်သုတ်သုတ်ပင်ထွက်လာခဲ့သည် ..
ကျွန်တော် ဒီကျောင်းမှာ တတ်တာ 5 တန်းကတည်းကမို့
ကျောင်းအကြောင်းနှံနှံ့စပ်စပ်သိပါတယ်ခင်ဗျ
ဆရာ ဆရာမတွေနှင့် ခင်မင် ရင်းနှီးပြီးသားမို့
သူများတွေ စိတ်လှုပ်ရှားနေသော်လည်း
ကျွန်တော်အတွတ်က ပုံမှန်ကျောင်းတတ်ရက်လိုပင်..
အခန်းထဲရောက်သောအခါ..
အရှေ့ဆုံးအတန်းတွင်ပင်ထိုင်လိုက်သည်..
ဘာလို့လဲဆိုတော့
ကျောင်းစတတ်ရက်တွင် ရှေ့ဆုံးတန်းတွင် ထိုင်သူရှားပါတယ်
ဆရာမအဆူခံရမှာဆိုးသောကြောင့် ဖြစ်သည်.
ကျွန်တော်ကတော့ ကျောင်းစတတ်ရက်တွင် ဆူမယ့်ဆရာမ
ရှိမည်မထင်ပေ.
စာလည်းသိပ်သင်မည်မဟုတ်သောကြောင့်
ထိုင်ခြင်းဖြစ်သည် .
နောက်ရက်ကတော့ နောက်အတန်းတွေမှာ ဒန်တန် တန်😎
သူငယ်ချင်းတွေကတော့ မနှစ်က လူအတိုင်းပဲမို့
မထူးဆန်းပေ.

ကလင် လင်........
ကျောင်းတတ်သွားသည်မို့ နိုင်ငံတော်သီချင်းဆိုရန်
အပြင်ထွက်လာခဲ့သည်.

ဘေးအခန်းတွေကြည့်လိုက်တော့
9 တန်းကျောင်းသားအသစ်အခန်းနှင့်   10 တန်းအခန်း (D) ခန်း ကြားတွင်ပင်
အော်အခုမှသတိရတယ်
ငါတို့အခန်းက ဘာအခန်းကျတာလဲ
( A) ခန်းပဲ
  ကျောင်းသား အသစ်တွေကို (B) ခန်းထားတာပဲ
ထားပါလေ
ကိုယ့်ကိစ္စ မှ မဟုတ်ဘဲ
အတန်းထဲပြန်ဝင်လာခဲ့သည်..

ဆရာမဝင်လာသည်မို့ ညီတူညာတူ နှုတ်ဆက်လိုက်သည်.
:::::: မင်္ဂလာပါ ဆရာမ....
:::::အားလုံးပဲ
ဆရာမနာမည်က ဒေါ်သိင်္ဂီဝင်းပါ
Phy သင်မှာပါ
အတန်းပိုင်ပေါ့နော်
မော်နီတာ အရင် ရွေးမယ်လေ
ဘယ်သူကိုရွေးချင်လဲ
တိုင်ပင်ကြလေ.
.....တိတ်ဆိတ်လျက်....
:အာ့ဆို ဆရာမရွေးပေးမယ်လေ
:ကောင်းကောင်း. သား ရှိလား
: ရှိပါတယ် ဆရာမ
:ဆရာမအရှေ့မှာပါ
: အော် သား ဆရာမ မမြင်ဘူး.
: ဆရာမကလည်း.
:သားဘဲ မော်နီတာ လုပ်လိုက်လေ
:သားထက်လူကောင်ကြီးတဲ့လူတွေအများကြီးပါဆရာမကလည်း
:သားကစာတော်တယ်လေ
နောက်ပြီး အလုပ်တစ်ခုခုခိုင်းဖို့ရှိရင် ဒီ 9 တန်းပဲ လာခေါ်ကြမှာလေ
အစည်းအဝေးတွေကျရင်လည်း သားပဲတတ်ရမှာ
ခဏ ခဏ ဆိုတော့ တော်ရုံကျောင်းသားဆို စာနောက်ကျမှာဆိုးလို့လေ
သားက စာတော်တယ်လေ
အာ့ကြောင့် သားကို ရွေးလိုက်တာ
: အော် ဟုတ်ကဲ့ပါဆရာမ
: အားလုံးပဲ သူ့စကားနားထောင်ရမယ်နော်
:: ဟုတ်ကဲ့ပါဆရာမ
အတန်းရဲ့အလုပ်တွေ သားကို အပ်ထားရမယ် ခဏလောက်
သားကို စိတ်ချမယ်နော် ဆရာမက ကိုယ်ဝန်ကြီးနဲ့မို့သားရေ
ဒီအချိန်ကုန်ရင် နားနေခန်းထဲလာခဲ့နော်..
:ဟုတ်ကဲ့ ဆရာမ
:ဆရာမ ဝင်ခွင့်ပြုပါ
: သားက ဘယ်သူလဲ
: သားက ကျောင်းသားအသစ်လား
:ဟုတ်ကဲ့ ဆရာမ.
:​ကျောင်းသားအသစ်အခန်းက ဟိုဘက်အခန်းလေ သားရဲ့
:ကျေးဇူးပါဆရာမ
ကျွန်တော် အသံကြားရာသို့ လှည့်အကြည့်
အော် ကျောင်းသားအသစ်ပဲ
တွေ့ကရာလူစိတ်မဝင်စားတတ်တာ ကျွန်တော့်အကျင့်ပဲလေ
စကားမစပ် ကျွန်တော်က uke ဗျ.
ကျွန်တော် uke ဖြစ်ရတာတာလည်း
အတန်းထဲ သူငယ်ချင်းမ fujoshi တစ်သိုက်ကြောင့်ပေါ့
တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုးပေါ့
အတန်းထဲကလူအကုန်လုံးလိုလိုပါဘဲ LGBT ကို ထောက်ခံကြပါတယ်

အဲ့တော့ နေရထိုင်ရတာ အဆင်ပြေတာပေါ့

: ဟဲ့ မိကောင်း
: ဘာလဲ သဇင်
: ခုနကတစ်ယောက်စိတ်မဝင်စားဘူးလား
:နေစမ်းပါဟာ
:seme type ကြီးဟဲ့
: စိတ်မဝင်စားဘူး
:နင်စိတ်မဝင်စားလည်း ငါသဘောတူတယ်
: ဒီနေ့တော့ ကျောင်းလာရတာတန်သွားပြီ
: ဘာလို့လဲ
:အောင်သွယ်ဖို့အတွဲ တစ်တွဲတွေ့ပြီလေ.
: ရှုပ်ရှုပ်ရှက်ရှက်တွေလျှောက်မလုပ်နဲ့နော်
: ရှင်းရှင်းလေးပဲ လုပ်မှာ 😉
: စိတ်ညစ်ပါတယ် 😟😟

တောင်.
:အချိန်ကုန်ပြီ
:ဆရာမက စာမသင်ဖူးဟ
:အလုပ်ရှုပ်နေတာကို ဟဲ့
:ငါ နားနေခန်းလိုက်သွားလိုက်အုံးမယ်
:အေး အေး

ဒီလောက်ပါပဲ

အမှတ်တရများနှင့် ကျောင်းတော်ဆီ Where stories live. Discover now