အမှတ်တရများနှင်ဲ့ ကျောင်းတော်ဆီ 2

20 2 0
                                    

နားနေခန်းအရောက်တွင်
: သား ကောင်းကောင်း လာခဲ့လေ
: ဟုကဲ့ ဆရာမ
: သား ရေပုံး ရေခွက် အမှိုက်ပုံး ဂေါ်ပြား ရေစစ်
တံမြတ်စည်း ဘောဖျက် marker
ရုံးခန်းမှာ ဝင်ယူသွား
9A လို့ ရေးထားတယ်
:ဟုတ်
: အသင်းဇယား အတွက် လူခွဲဖို့ လုပ်အုံး
အကူအညီလိုရင် အခန်းထဲလူတွေကို ကူခိုင်းလိုက်နော်
:ဟုတ် ဟုတ်
: သားတော့ အားနာပါတယ်
ဆရာမ ကိုယ်ဝန်နဲ့က သိပ်လှုပ်ရှားရတာ မလွယ်ကူလို့
ခွင့်ရက်ကလည်းမရသေးလို့ သားရေ.
: ရပါတယ် ဆရာမ
: အေး အေး ကျေးဇူးပဲကွယ်
: အာ့ဆို ဆရာမ သားသွားလိုက်အုံးမယ်နော်
: အေးအေး
ဟူး လုပ်စရာတွေ များလိုက်တာ
မော်နီတာ လုပ်ရတာလည်းမလွယ်ကူဘူး
အခန်းထဲ ယောကျာ်းလေးတွေ 3 ယောက်ဝင်ခေါ်ပြီးမှ လာယူတာပဲကောင်းပါတယ်လေ
:​ဟေ့ ယောကျာ်းလေး 3 ယောက်လောက်
ရုံးခန်းခဏ လိုက်ခဲ့ပါလား
တစ်ယောက်မှတုတ်တုတ်မလှုပ်.....
အောင်ကျော်ကျော် အာကာဖုန်း ဟိန်းထွဋ် လာခဲ့
ဟိန်း: အာဏာသံကြီးနဲ့
အောင်:အေးလေ
အာ: သွားစမ်းပါကွာ
ခေါ်ရင်လဲ
ဟိန်း:အေးပါ သွားမှာပါ သူ့မိန်းမကျနေတာပဲ အထိမခံ
အာ: ဟျောင့် မစနဲ့နော်
ကောင်း: ဟိုသုံးကောင် ဒီတစ်သက်လာအုံးမှာလား
နောက်တစ်ချိန်ဆရာမ ဝင်တော့မယ်
:အေးအေး လာပြီ....

တောင် တောင်.
နေ့ခင်းထမင်းစားလွှတ်ချိန်ကျတော့
ထမင်းချိုင့်ပါလာသည်မို့ စားရန်ဖွင့်လိုက်စဉ်
( အခုကနေစပြီး နာမည်လေးတွေနဲ့ရေးတော့မယ်နော်
ရောမှာဆိုးလို့)
သဇင်: ကောင်းကောင်း ငါတို့နဲ့လာစားလေ
ဘာလဲ နင်က ဟင်းကောင်းပါလာလို့
မကျွေးချင်တာလား
ကောင်း: မဟုတ်ပါဘူး
သဇင်:ကျောင်းလေး သုံးလပိတ်ထားတော့ စိမ်းကားနေတာ
ကောင်း: လာပြီ မသာမရေ
ဝတ်ရည်: ဟဲ့ နင်တို့သိပြီးပြီလား
သဇင်:ဘာကိုလဲ
ဆုလတ်:ပြောပါဟယ် သိချင်နေပြီ
ဝတ်ရည်:ဟိုဖက် အခန်းက ကျောင်းသားအသစ်လေ
သဇင်: မသာမရေ B ခန်းက ကျောင်းသားအသစ်တွေချည်းဘဲလေ
ဆုလတ်: အေးလေ
ဝတ်ရည်: မနက်က ငါတို့အခန်းကို မှားဝင်တဲ့ တစ်ယောက်လေ
သဇင်: သိပါ့
ငါတောင် ကောင်းကောင်းနဲ့ ချိတ်ပေးမလို့ လုပ်နေတာ
ဝတ်ရည်:သူ့နာမည်က ပြည့်ဖုန်းလျှံ ဆိုလားဘဲ
ဆုလတ်: ဟယ် နာမည်ကလည်း
ဝတ်ရည်: အဲ့တစ်ယောက်က အရင်ကျောင်းမှာတုန်း
မိန်းကလေးရော ယောကျာ်းလေးရော
ဘာလာလာ ဒေါင်းတယ်တဲ့
သဇင်: ဟုတ်လို့လားဟယ်
ဆုလတ်: ရုပ်ချောချောလေးနဲ့မလိုက်ပါဘူး
ကောင်း: ဒီကောင်မတွေ ထမင်းစားကြအုံးမှာလား
သူများအတင်းတုတ်ဖို့ဆို အဖော်ဆွယ်စရာမလိုဘူး
သဇင်: အေး အေး စားပြီ
ဆုလတ်: ပြီးရင် မု့န်ဈေးတန်းသွားရအောင်
ဝတ်ရည်: ထမင်းသာ အရင်စားစမ်း
ဆုလတ်: အေးပါဟယ်

အမှတ်တရများနှင့် ကျောင်းတော်ဆီ Where stories live. Discover now