Chapter 1

1.6K 176 40
                                    

Pls scroll down for Zawgyi

ဆန်ဖရန်စစ္စကိုမြို့ရဲ့လမ်းတွေဟာ ထူးထူးခြားခြား ဆိတ်ငြိမ်နေခဲ့တယ်။ ခါတိုင်းလို ကားတွေရှုပ်နေခြင်းလည်းမရှိခဲ့။ အိမ်ပြန်လမ်းငယ်‌လေးပေါ်မှာရှိနေတဲ့ လူအရေအတွက်ဟာ ဖေးယွီအပါအဝင် ငါးယောက်သာရှိတယ်။ ငါးယောက်ထဲက နှစ်ယောက်က အတွဲတွေထင်ရဲ့ လမ်းဘေးမှာ ဖက်နမ်းနေကြတယ်။ ဒီလို COVID-19ပြန့်ပွားနေချိန်မှာ social distancingလုပ်ရမယ်ဆိုတာ ဒီသောက်အတွဲတွေက နားမလည်ကြဘူးလား။
"ရှေ့ဆုံးက သေမယ့်ဟာတွေ ထွီ"
FAသက်တမ်းကြာလာတာနဲ့အမျှ ဖေးယွီက စုံတွဲတွေဆိုရင် အမြင်မကြည်ချင်တော့ဘူး။ Surgical maskအောက်က နှုတ်ခမ်းတစ်စုံကလည်း မကျေနပ်မှုနဲ့အတူ စူထွက်လို့။

ဖေးယွီက ဒီနေ့တစ်နေ့လုံး စိတ်မကြည်စရာတွေပဲတွေ့နေရတယ်။ သူများတွေ အလုပ်တွေနား ကျောင်းတွေပိတ် အိမ်မှာအနားယူနေချိန် သူကတော့ work form homeရမယ်တဲ့။ Software developerတစ်ယောက်ဖြစ်လို့ ဘယ်နေရာ ဘယ်အချိန်ဖြစ်ဖြစ် Computerတစ်လုံးရှိရင်ပဲ အလုပ်လုပ်လို့ရနေတာကို သူအရင်က ဂုဏ်ယူခဲ့ဖူးတယ်။ အခုတော့ သူများတွေရဲ့ work from homeလို အလုပ်လည်းလျော့မသွားသလို "အိမ်ကနေ အေးအေးဆေးဆေးအလုပ်လုပ်ခဲ့ကြ"ဆိုပြီး Team leaderက သူ့ကို အလုပ်တောင်ပိုပေးလိုက်သေးတယ်။ Pornhubကတောင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ premium freeပေးထားချိန်မှာ သူကတော့ အိမ်တွင်းအောင်းပြီး အလုပ်လုပ်နေရမယ်တဲ့။ သောက်ကျိုးနည်းဘဝ!

"ညှောင်"
စိတ်ပျက်လက်ပျက်လမ်းလျှောက်နေတဲ့ ဖေးယွီရဲ့ ရှေ့မှာ ကြောင်နက်တစ်ကောင်က လမ်းပိတ်ပြီးထိုင်နေတယ်။ ဖယ်ပေးမယ့်ပုံလည်းမပေါ်ဘူး။ ဖေးယွီက ဘေးကရှောင်သွားရင်ရပေမယ့် ကြောင်တစ်‌ကောင်ကိုတော့ သူ့အလျှော့မပေးချင်ဘူး။

"ဟေ့ကြောင် လမ်းဖယ်စမ်း"

"ညှောင်"
ကြောင်က အသံတစ်ချက်ပြုရင်း ခေါင်းယမ်းလိုက်တယ်။

ကြောင်ကလေးက ခေါင်းယမ်းပြတာကိုမြင်တော့ ဖေးယွီလန့်သွားတယ်။ ဒီကောင်က လူလိုနားလည်တာလားဟ။

"မင်းက ငါပြောတာ နားလည်လို့ ခေါင်းယမ်းရတာလား"
ဖေးယွီက ကြောင်လေးကို စချင်စိတ်ပေါ်လာလို့ ဘာရယ်မဟုတ် ပါးစပ်ထဲရှိတာ မေးရင်း ငုတ်တုတ်ထိုင်ချလိုက်တယ်။ ပြီးတော့ ကြောင်လေးကို ပွတ်သပ်ပေးဖို့ လက်လှမ်းလိုက်တယ်။

You've reached the end of published parts.

⏰ Last updated: May 03, 2020 ⏰

Add this story to your Library to get notified about new parts!

A weird catWhere stories live. Discover now