Fortunately, I found u!

436 33 2
                                    

#UNICODE

သိပ်ကို မထူးမဆန်းတဲ့ညနေခင်းပဲ...
သူတစ်ယောက်တည်း ကျောပိုးလွယ်အိတ်ကလေး
ကိုလွယ် ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းပြီး
ထွက်လာခဲ့တာ ... ဘယ်နေရာကို
ရောက်နေမှန်းလည်း မသေချာ..
Google map တစ်ချက်ကြည့်တော့
သေချာတာ သူမြို့ပြင်မှာမဟုတ်ဘူး
Seoul မြို့ထဲမှာပဲ ရှိသေးတယ်..

ဒါပေမယ့် .. ဒီနေရာ ဒီရပ်ကွက်က
သိပ်ကို တိတ်ဆိတ်နေတယ်..
လမ်းသွားလမ်းလာလည်း
သိပ်မရှိဘူး.. ခုဆိုလည်း
လမ်းမပေါ်မှာ သူတစ်ယောက်တည်း..

အိုကေ သူလည်းဒီလိုအခြေအနေကို
သိပ်သဘောကျတာပဲ..
စာဖတ်လို့ကောင်းမယ့်နေရာပေါ့..
တစ်ချက်မျက်စိကစားလိုက်တော့
coffee ဆိုင်တစ်ဆိုင်တွေ့လေရဲ့
ဆိုင်က ခပ်ကျဥ်းကျဥ်း..

မှန်ထဲကနေတစ်ဆင့် သူဆိုင်အတွင်းကို
မြင်နေရတယ်.. ခပ်ချောချော အမျိုးသမီး
တစ်ယောက်နဲ့ ဆိုင်ပိုင်ရှင်လို့ထင်ရတဲ့
အမျိုးသားက စကားပြောနေတယ်..
ရပါတယ် .. ဒီလေါက်ဆိုလည်း
အဆင်ပြေတယ် ရည်မွန်တဲ့
အမျိုးသမီးဖြစ်မှာပါ..
ဆူဆူညံညံနဲ့တော့ စကားပြောလောက်မှာ
မဟုတ်လောက်ပါဘူး ...

ဆိုင်တံခါးကို အသာတွန်းဖွင့်တော့
တံခါးအပေါ်နားလေးက ခေါင်းလောင်း
သံက ခပ်သာသာလေးထွက်လာသေး..
ဒီတေါ့မှ ထိုအမျိုးသားနဲ့ အမျိုးသမီးက
သတိထားမိပုံပေါ်သည်....

"ကဲ Jane ရေ ကျွန်တော်ခဏထဦးမယ်ဗျာ"
ဆိုတဲ့ စကားနဲ့အတူ အမျိုးသားကထလာပြီး
ဘာမှာမလဲ..ဘာသောက်မလဲ မေးလေရဲ့

Americano တစ်ခွက်မှာခဲ့ပြီး..
ထောင့်ကျကျစားပွဲမှာ ဝင်ထိုင်လိုက်ရ၏
အမှန်ဆို သူဒီနေ့တစ်နေ့လုံး ဘာမှ
မစားရသေး ... သို့သော်လည်း
ဆိုင်ရှင် အမျိုးသားစကားအရ
ဒီဆိုင်မှာ coffee တစ်မျိုးသာရသည်..
ဒီတေါ့လည်းမတတ်နိုင် ဝင်ပြီးမှတော့
ဆက်ထိုင်နေဖို့သာရှိတော့သည်..

"ခရီးသွားလားဗျ"
Coffee ဖျော်နေရင်း လှမ်းမေးလိုက်သည့်
ထိုအမျိုးသားရဲ့ မေးခွန်း..

"မဟုတ်ပါဘူး  Seoul ကပါပဲ
အခု မြို့ပတ်ပြီး လျှောက်သွားရင်း
ဒီဘက်ရောက်လာတာပါ"
အဖြေကဒီလေါက်မျှပဲ ထွေထွေထူးထူး
ထပ်ဖြေစရာလည်းမရှိတော့သည်မို့
လွယ်အိတ်ထဲမှာ အသင့်ပါလာတဲ့
စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်..

Perfect Things (You & Coffee)Where stories live. Discover now