2016.6.1
ကျောင်းတေအကုန်ပြန်ဖွင့်တဲ့အချိန်လေး ကျောင်းသားကျောင်းသူတေ တရုံးရုံးနဲ့ မနက်ခင်းလေးတခု
ကျောင်းနောက်ကျနေတဲ့ ပတ်ဆိုရီ တယောက်ကတော့ ခွေးပြေးဝက်ပြေးပြေးနေရပါတယ်
ဆိုရီကတော့ ဝဝတုတ်တုတ် ပုံတုံးတုံးလေးပါပဲ အထွေအထူးပြောပြစရာမရှိတဲ့သူပုံစံလေးဒီလောက်ပြေးတာတောင်မမှီလိုက်ဝူး ဘယ်အတန်းတက်ရမယ်မှန်းလဲမသိ တော်သေးတယ် ၅တန်းအောင်တယ်ဆိုတာသူငယ်ချင်းပြောပြလို့သိခဲ့ရတာ
ကျောင်းမှာပျော် ရတယ်ဆိုတဲ့အကြောင်းအရင်းမရှိခဲ့လို့ ကျောင်းနဲ့ပတ်သတ်ပြီး အမှတ်ရတာမရှိတာမဆန်းပါဝူး
သူငယ်တန်းမှာ အတန်းပိုင်နဲ့အဆင်မပြေ
၁တန်း ၂တန်း ၃တန်း မှာလဲဖစ်လိုက်တဲ့ပြသာနာတွေ
၎တန်းမှာ အတန်းသားအချင်းချင်းအနိုင်ကျင့်တာတေခံခဲ့ရလို့ကျောင်းကိုသွားချင်စိတ်မရှိတဲ့ထိဖြစ်ခဲ့တယ်
၅တန်းမှာတော့ အဆင်ပြေပြေနေနိုင်ခဲ့ပါတယ် သူငယ်ချင်းမလေးတယောက်နဲ့ အရမ်းခင်ခဲ့တော့ သူကတော့ ကိုယ့်ထက်ပုတယ် ချစ်စရာကောင်းတယ် ကျောင်းကကောင်လေးတော်တော်များများကလဲ စိတ်ဝင်စားကြတယ် နာမည်က Poeတဲ့ကဲ ၆တန်း တနှစ်လုံးဘယ်လိုလာမယ်တော့မသိဝူး ဟူး
အခုအခန်းကိုရှာမတွေ့ဝူး တကယ်ပါပဲ H တန်းကဘယ်မှာလဲ အား ရုးချင်လာပြီ မေးစရာလူလဲမတွေ့ဝူး ကျောင်းကတက်သွားပြီ ဟိုနားကတခန်းပဲကျန်တော့တာ အဲ့ခန်းပဲဖြစ်ရမယ် အဲ့နားကိုအပြေးလေးသွားလိုက်တော့
အား နောက်ဆုံးတော့ရှာတွေ့ပြီ အတန်းပိုင် မရောက်သေးဝူးပဲတော်သေးတယ် ဟူး poeဘယ်မှာလဲ မသိဝူးဟဲ့ ငါဒီမှာ လာလာ နေရာဦးထားတယ် ဟိုကောင်မတေလေ ဒီနေရာကို လာလုနေတာ ငါနဲ့ရန်ဖြစ်ထားသေးတယ် ငါ့ကိုအဲ့လိုလာလုပ်လို့ရမလား သေသွားမယ် ဟွန့်
ဆိုရီတယောက်ကတော့ ပြုံးနေရင်းသာ သူ့သူငယ်ချင်းမလေး ကိုကြည့်နေလေရဲ့
ဟဲ့ဟဲ့ ဆိုရီမ ငါပြမယ်သိလား ဟိုနားကတယောက်ကိုကြည့်
Poe ညွန်ပြတဲ့နေရာကိုကြည့်လိုက်တဲ့ ဆိုရီ
စာဂျပိုးပုံစံပေါက်တဲ့ကောင်လေး မျက်မှန်ပုံတုံးတုံးလေးနဲ့ အသားအရေကတော့ ဖြူဖွေးနေရောပဲလက်က သွေးကြော စိမ်းစိမ်းလေးတေမြင်ရလောက်တဲ့အထိပင်
သူ့ကိုအကဲခတ်နေရင်း သူငယ်ချင်းမလေးက ဆက်ပြောလာတယ်အဲ့ငါ့အိမ်အပေါ်ထပ်ကလေ သူကဒီနှစ်မှပြောင်းလာတာ
ငါ့ကိုကြိုက်နေတာလေအော် ဟုတ်လား ဒီတိုင်း အမူမဲ့အမှတ်မဲ့ပဲထားခဲ့မိတယ်
ကျောင်းတက်ရတဲ့နေ့တေက အရင်နှစ်တေလိုမဟုတ်ပဲ နည်းနည်းပျော်ဖို့ကောင်းလာပါတယ် သူငယ်ချင်းအသစ်တေလဲရလာပါတယ်လေ သူငယ်ချင်းအသစ်တေနဲ့ပဲစကားပြောနေလို့ ငိုသွားတဲ့ သူ့သူငယ်ချင်းမလေးကိုလဲချော့လိုက်ရပါသေးတယ်
ကျောင်းတက်ပြီး တပတ်အကြာ
ထိပ်ဆုံးမှာထိုင်ရတာပဲကြိုက်တဲ့ ဆိုရီတယောက် ဒီနေ့လဲ ပုံမှန်အတိုင်း ထိုင်နေခဲ့ပါတယ် ပြောင်းလဲသွားတာက ဘေးကလူ အရင်က သူ့နေရာမဟုတ်တဲ့နေရာကိုရောက်နေတာ
အော် poeပြောတဲ့တယောက်ပဲစာတော်တော်လုပ်ပုံရတယ် ကြည့်နေရင်းနဲ့ သူကစကား ပြောလာတယ် ဒီနေ့ဘယ်နှရက်နေ့လဲတဲ့
၈ရက်နေ့ အဲ့စကားက သူနဲ့ကိုယ်နဲ့ကြားက ပထမ စကားလေးတခွန်း
နောက်တော့ထပ်မေးလာတယ် ဘယ်နှခုနှစ်လဲတဲ့ဟားဟား ၂၀၂၀ ဟေး လို့ပေါ့ပျက်ပျက်ပြောခဲ့တယ်
နောက်ပိုင်းသိပ်ရင်းရင်းနှီးနှီးလဲမရှိခဲ့ ဒီလိုနဲ့ ပုံမှန်အတိုင်းပဲ စာသင်နှစ်တနှစ်ပြီးခဲ့ရော
################################
YOU ARE READING
School love story
FantasyNormal လေးပါ ကျောင်းမှာ ချစ်ရဆုံးCrush တယောက်တော့ရှိခဲ့ကြတယ်ဟုတ်