" ရှောင်ကျန့် အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းဘယ်လိုစဉ်းစားထားလဲ? "
"...........''
" ငါကတော့ ကျီလျုံဆိုတဲ့ကောင်က တစ်ခုခုကြိတ်ကြံနေတယ်လိုပဲထင်တယ် ။ အဲ့ဒီလူက တခြားနိုင်ငံတွေအတွက် ဘယ်တုန်းက ဂရုစိုက်ပေးဖူးလို့လဲ ။ အခုမှလာပြီး နိုင်ငံအချင်းချင်း ပြေပြေလည်လည်ရှိဖို့အတွက် ဒီတစ်ခါကပ်ပါးကောင်တွေကို သွားတိုက်ရင် အတူသွားကြမယ်ဆိုတော့... ဒါကလုံးဝကို မူမှန်မနေဘူး ''
" ငါလည်းသေချာမသိဘူး ထျန်ဖုန်း ။ ဒါပေမဲ့ အတူသွားမယ်ဆိုရင် သေဆုံးမှုတွေကို လျော့ချပေးနိုင်လိမ့်မယ် ''
" ရှောင်ကျန့် မင်းရူးသွားပြီလား!! အဲ့ဒီကာင်မှာ စိတ်ကောင်းရှိတယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး ''
".........''
" ငါထင်တာကတော့ သူတို့တွေက တစ်ခုခုကိုကြံနေတာပဲ ''
" ဒါပေမဲ့ သူတို့တွေက ပိုအင်အားတောင့်တယ်လေ ။ တကယ်လို့ တစ်ခုခုလုပ်ဖို့ကြံလာရင်လည်း စစ်ပွဲတွေဖြစ်ကုန်ကြမှာပေါ့ ။ ပြီးတော့ တစ်ခြားနိုင်ငံတွေက ကပ်ပါးကောင်တွေကိုသွားသတ်ရင် သူတို့နဲ့ပူးပေါင်းဖို့ကို လက်ခံလိုက်ပြီ ။ ငါတို့နှစ်နိုင်ငံရယ် ၊ မီဟီးနိုင်ငံရယ်ပဲ ကျန်တော့တာ ''
".........''
" လက်ခံလိုက်ကြရအောင် ။ တစ်ခုခုဆိုရင်လည်း မင်းရော ငါရော ရှိနေတာပဲ ။ သူတို့ဘက်က ကျီလျုံဆိုတဲ့လူ မပါလာသရွေ့ ငါတို့ကောင်းကောင်း ကိုင်တွယ်နိုင်တယ် ''
" တကယ်လို့ သူပါလာရင်ရော? ။ အဲ့ဒီအခါကျရင် ဘယ်လိုကိုင်တွယ်ကြမှာလဲ? ။ ဒီကိစ္စက ပေါ့သေးသေးမဟုတ်ဘူးနော် ရှောင်ကျန့် ''
" ဒါပေမဲ့ ငါတို့ဘက်ကလက်မခံရင်လည်း စစ်ပွဲခေါ်တယ်ဖြစ်ကုန်အုံးမယ်လေ ''
" ကျစ်! တကယ့်ကိုပြသာနာကောင်ပဲ ''
" အိမ်ရှေ့စံမင်းသားနဲ့ မင်းသားကိုးက တစ်ဖက်နဲ့တစ်ဖက် အားပြိုင်နေကြတယ် ။ ငါထင်တာတော့ သူလိုက်လာနိုင်မယ်မထင်ဘူး ''
" မင်းထင်တာမှန်ပါစေလို့ပဲ ဆုတောင်းရတာပေါ့ ''
" အင်း ''
ВЫ ЧИТАЕТЕ
My Lovely Omega [ Completed ]
ФанфикStart Date - 8 Feb 2020 End Date - 19 Apr 2020 { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]