💚

903 49 5
                                    

"ဟဲ့ ဟိုမှာကျောင်းသားအသစ်လေးရောက်တာဟယ်ချစ်စရာလေး ချေချက်တွေဆိုတာလဲ ပြောမနေနဲ့"

အတန်းထဲက ကောင်မလေးတွေက
အမြဲတမ်းချစ်စရာကောင်လေးတွေတွေ့ရင်
ဆွဲစားမယ်။ ခပ်မိုက်မိုက်​ကောင်လေးတွေတွေ့ရင်အစားခံမယ်။

အဲ့စိတ်နှစ်စိတ်ဘဲရှိတယ်။ကိုယ်လည်းအဲ့စိတ်ဘဲရှိတာပါ။

ECဖြစ်ပြီး စံပြကျောင်းသားလေးဆိုတော့ ဆန္ဒကိုသိက္ခာနဲ့ထိန်းရတာကတော့တစ်​ပိုင်းပေါ့။

ထိုကောင်လေးကတကယ်ကို တည်တည်
‌ငြိမ်ငြိမ်လေးရယ် ခြေမိုးနေတာလဲလွန်ရော
ကိုယ်ကလဲ လူတိုင်းနဲ့ပျော်ပျော်နေတတ်​တဲ့သူ။ မဖြစ်ချေဘူး ရန်တွေဖြစ်ရအုန်းမှာကို
မြင်ယောင်မိသေးတယ်။

ပြောလို့ပြောတာမဟုတ်။စီနီယာဖြစ်ပေမဲ့
ကိုယ့်ထက်အငယ်လေးတွေကိုလဲ
စေတနာမေတ္တာ​ရှေ့ထားပြီးဆက်ဆံတတ်​တာမို့ဘယ်သူနဲ့​နေနေ ဟေးလားဝါးလား။
ကုန်ကုန်ပြောရရင် ​ကျောင်းအုပ်တောင်
ကိုယ့်ကိုမနိုင်။
ရည်းစားမရှိတာလည်း တစ်​ပိုင်း​ပေါ့၊၊

အဲ့ကောင်လေးရောက်လာကတည်းက
အနေကျပ်တာတော့အမှန်။
ကိုယ့်မှာရီချင်တာမရီရ။

မျက်ထောင့်နီကြီးနဲ့ကြည့်လိုကြည့်
သူဘာဖြစ်ချင်နေတာလဲ.......... -.-
နည်းနည်းလေးများရင်းနှီးလို ရင်းနှီးငြား
စကားလေးတော့ သွားစရမယ် ဟဲဟဲ

"ဟိတ် ဟိတ် ကောင်လေး"

အေးအဲ့မှာလှည့်မကြည့်ဘဲ ငါ့ကိုပစ်နေလိုက်။
အဖက်​မလုပ်​တာ​လောက်​စိတ်​တိုတာမရှိဘူး။

"Oh Sehunဆိုတဲ့ ကောင်လေး"

အေး။လှည့်ကြည့်တော့လဲ မျက်နှာသေနဲ့
ကျေးဇူးရှင်က စောက်ချိုးမပြေရင်ဇတ်ပိုးအုပ်မယ်။

"ကိုယ့်သူငယ်ချင်းရဲ့ညီဆို သူကမင်းကို
စောင့်ရှောက်လိုက်ပါအုန်းတဲ့
ကိုယ့်ကိုလာပြောတယ် ကိုယ့်နာမည်က..."

"Jong"

ဟဲ့။သူဘယ်လိုကြီးခေါ်ချလိုက်​တာ Jong တဲ့ အားသေပါပြီ။ငါ့ကိုလာကယ်ကြပါအုန်း စိတ်ထဲမှာတော့ ကုလားဘုရား လှည့်လိုက်သလိုပါဘဲ။ ရုပ်ကြီးကို ဖြစ်ညစ် တည်ပလိုက်ရင်း

WAITING FOR A MIRACLE Where stories live. Discover now