Unicode
အချစ်ဆိုတာဘာလဲ...?
သေချာတာတစ်ခုကတော့ ထိုအရာကို..
ကျနော်အဓိပ္ပါယ်မဖွင့်တတ်ဘူး..သူတစ်ယောက်အတွက်ကြောင့် ငိုရရင်..ပျော်ရရင်
အချစ်လို့သတ်မှတ်လား..?ဒါဆိုရင် ကျနော် သူ့ကို ချစ်နေပြီ.....။
🍃.....
Jun.1. 2002.. တနလာၤနေ့လေးမှာ
သူ့ကို စတွေ့တယ်....။သူ ဆိုတဲ့ လူက ထိုနေ့တည်းက ကျနော့် နှလုံးသားကို
အပိုင်စားရခဲ့တဲ့ လူတစ်ယောက်..အထက်တန်းနောက်ဆုံးနှစ် ကျောင်းစစဖွင့်ချင်းရက်မှာ သူ့ကို စတွေ့ခဲ့တယ်။
ပြာနုရောင် T- shirt ကို တဝက်လောက် ခေါက်တင်
ထားပြီး ရေခပ်နေတယ်။သူငယ်ချင်းတွေနဲ့ ဟေလားဝါးလား လုပ်ပြီး ကျောင်းလာတဲ့ကျနော် သူ့ ကိုမြင်ပြီး Electric bell တီးတဲ့ထိ
ငေးကြည့်နေမိတယ်။ဘာကိုမှ သတိမထားနိုင်တဲ့အထိပေါ့...သူကတော့ သိမယ် မထင်ဘူး...ထည့်လက်စ ရေပုံးလေးကို ဆွဲလို့ အခန်းထဲ ဝင်သွားတယ်။
ရေပုံး မ သွားတဲ့ လက်ဖျံရိုးတစ်လျှောက် သွေးကြောလေး တွေကနဲ့ adam's apple က သူ့ရဲ့ ယောက်ျားပီသမှုကို သက်သေထူတယ်။
တဆိတ်!!! ယောကျ်ားပီသလွန်းတဲ့ ကောင်လေးတစ်ယောက်ရဲ့ မျက်နှာက အဲ့လောက်ထိ ချစ်စရာကောင်းစရာလိုလို့လား။
မဖြူမညိုအသားရောင်နဲ့ မျက်ခုံးထူထူလေး..မေးရိုး
သွယ်သွယ်နဲ့ နောက်ဆုံး နှုတ်ခမ်းပါးအောက်က
မှဲ့လေး ....။ဘာရယ်မဟုတ် သိချင်စိတ်ကြောင့် သူဝင်သွားတဲ့ အခန်းကို မသိမသာလေး ငေးကြည့်တော့ G-1 တဲ့...
စာတော်တဲ့လူတွေ နဲ့ ဥစ္စာပေါ ရုပ်ချောတွေ နေတဲ့အခန်း...ကျနော်နေတဲ့ အခန်းက G-3
ထုံးစံတိုင်း စာသိပ်မရတဲ့ကျောင်းသားတွေ နေတဲ့အခန်းပေါ့ .. စာလည်းပုံမှန်မသင်ဘူး..။
သင်ချင်တဲ့ခါသင်ပြီး ဝင်ချင်တဲ့ခါ ဝင်တယ်..။နောက်တန်းက ကောင်တွေ ဆရာမနဲ့ စကားများထားရင် တပတ်လောက်မဝင်ဘူး..။ သာသာယာယာဘဲ...။