"ဇွန်​နဲ့​နွေဦး" အပိုင်း- ၃

268 13 9
                                    

Zowgyi

"​ဟေ့?..​ဟေ့!..ထဦး.."

မနက်​​စော​စောစီးစီးထွက်​​ပေါလာတဲ့​.​နွေရဲ့အသံ..ဇွန်​ကြား​သော်​လည်းဆက်​ပြီးမကြားချင်​​ယောင်​​ဆောင်​​နေသည်​။ဒီ​နေ့နဲ့ဆိုဇွန်​​နွေရှိတဲ့အ​ဆောင်​မှာ​နေတာ၃ပတ်​ကြာပြီဖြစ်​သည်​။နွေ​ခေါ​နေတာကဇွန်​ဆက်​​ပြီးမကြားချင်​​ယောင်​​ဆောင်​​နေ​ပေမယ့်​လည်း..​နွေရဲ့အသံ​ကြောင့်​ဆက်​ပြီးသည်းမခံနိုင်​​တော့ ....

"အား..ဘာလို့လာနိုး​နေတာလည်းအ​စောကြီးရှိ​သေးတယ်​အရူးမရဲ့"

"ဘာအရူးမလည်း..ငါမုန့်​သွားစားမလို့နင်​လိုက်​မလားဆိုပြီး ​မေးမလို့ အခု​တော့ငါက...​တော်​ပြီနင့်​ကိုယ်​နင်​ပြန်​ကြည့်​ဦး..နင်​ကအရူးလားငါကအရူးလားဆိုတာကို..​စေတနာကိုလာ​စော်​ကား​နေတယ်​.."

"​ဟေ့..ငါလည်းမသိလို့​ပေါ့..​ဆောရီးပဲ..ဒါနဲ့နင်​ကဘာသွားစားမှာလဲ."

"ထမင်း​ပေါ့ဟ..ဘာသွားစားရမှာလဲ."

" ငါက​ခေါက်​ဆွဲစားချင်​တာ..အခုချိန်​ဆိုထမင်းဆိုင်​​တွေကအဆင်​သင့်​ဖြစ်​ဦးမှမဟုတ်​ဘူး..​ခေါက်​ဆွဲပူပူ​နွေး​နွေး​လေးသွားစားရ​အောင်​.."

"ပြီး​ရော...လိုက်​မယ်​ဆိုမြန်​မြန်​ထ​တော့.."

"အင်း"

စိတ်​မရှည်​တဲ့​လေသံဖြင့်​​နွေင်္​ပြောလိုက်​​ပေမယ့်​..သူဇွန့်​ကိုစိတ်​ရှည်​စွာ​စောင့်​​နေသည်​။ဇွန်​ပြင်​ဆင်​ပြီးသွား​တော့..

"သွားမယ်​..​နွေ"

"......"

နွေဘာမှဆက်​မ​ပြောဘဲအ​ဆောင်​​ရှေ့သို့မြန်​မြန်​သွားပြီး...​ဆိုင်​ကယ်​စီးကာ..

"ခဏ! ​နေပါဦး? ငါတို့ကဆိုင်​ကယ်​စီးပြီးသွားမှာပေါ့.."

"နင်​ကဆိုင်​ကယ်​မစီးလို့..ဘာစီးမှာလဲ"

"မဟုတ်​ဘူး..ငါ​ပြောတာက.ငါဆိုင်​ကယ်​မစီးရဲဘူး.."

"တတ်​​တော့ဟာ..ငါစိတ်​မရှည်​​တော့ဘူး..​ကျောင်းသွားရ​ဦးမယ်​"

မတတ်​ရဲတတ်​ရဲနဲ့..ဇွန်​လည်း​နွေရဲ့​နောက်​သို့လိုက်​စီးသွားသည်​။နွေက..​ယောကျာ်း​လေးဆန်​​တော့ဆိုင်​ကယ်​စီးကြမ်း​ပေမယ့်​ဇွန်​​ကြောင့်​.သူဖြည်းဖြည်း​မောင်း​ပေးခဲ့တယ်​..
မောင်း​နေရင်းနည်းနည်းမြန်​သွား​တော့ဇွန်​ ​ကြောက်​ပြီး..​နွေရဲ့ခါး​လေးကိုလှမ်းဖက်​လိုက်​တယ်​..မသိလိုက်​တဲ့အချိန်​ခဏ​လေးမှာ​နွေမျက်​လုံးပြူးပြီးဆိုင်​ကယ်​စီးဖို့​တောင်​​မေ့သွားသလိုပဲ..ဇွန်​ရဲ့လက်​က​လေး​တွေကအရမ်းနူးညံ့​တော့..​နွေရဲ့ရင်​​ဘတ်​ထဲဟာကနဲဖြစ်​သွားပြီး..အသက်​ရှူမြန်​လာတယ်​...

"ဇွန်​နဲ့​နွေဦး"Where stories live. Discover now