Part...24

686 56 2
                                    

ခဏ ကြာတော့ Ireneရဲ့
သွေးထွက်များတဲ့ ဒဏ်ရာက
Kang ဆေးထည့်ပေးတာကြောင့်
သွေးထွက်နည်းသွားပြီး.....
နာတာ သက်သာသွားသည်........

"နင်အဆင်ပြေရဲ့လား
သွေးထွက်တာတော့နည်းသွားပြီနော်...
အရမ်းနာမှာဘဲ........

အခုချိန်ထိ သူ့ကိုယ်သူ အပြစ်ဖို့နေတဲ့
Kang ကိုကြည့်ပြီး Irene စိတ်မကောင်း
ဖြစ်မိသည်....
Kang က အဲ့လောက်တောင်
ဂရုစိုက်တက်တဲ့သူလား.....
ကိုယ်ရေထဲကျသွားတုံးက
သူသာ မတွေ့ခဲ့ရင်.....
ကိုယ်တယောက်ထဲသာဆိုရင်
အခုလိုတောင် အသက်ရှင်နေနိုင်ပါ့မလား..

"Kang........
ငါဘာမှမဖြစ်ပါဘူးဟာ....
နင်ကအရမ်းစိုးရိမ်တက်တာဘဲနော်
ကျောင်းမှာကျ နင်မဟုတ်သလိုဘဲ........
နင်ဒီလောက်
သဘောကောင်းမှန်းမသိခဲ့ဘူး........
နင်ကျောင်းမှာကျ ဘာလို့ဒီလိုမနေတာလဲ..
နင်က ဆိုးတဲ့သူမှမဟုတ်တာ.......

"Irene ငါကလေ
လူတွေနဲ့ ဘယ်လို
ပေါင်းသင်းဆက်ဆံရမှန်းမသိဘူး........
ပြီးတော့ ငါတယောက်နဲ့မှ
စကားမပြောချင်ဘူး.....
ငါ့ကြောင့် တစုံတယောက်ထိခိုက်မှာကိုလဲ
ငါမလိုချင်ဘူး.......
ပြောနေရင်း.... ဝမ်းနည်းရိပ်သန်းသွားတဲ့
Kang ရဲ့မျက်နှာ..........

"ဘာဖြစ်နေတာလဲ Kang.....
အဆင်ပြေရဲ့လား........
တခုတခုအဆင်မပြေရင်လဲ
ငါ့ကိုပြောပြလေ...
ငါနားထောင်ပေးမယ်........

" ငါ့​ကြောင့်လေ...
ငါချစ်တဲ့သူတွေ ထိခိုက်ကြတယ်.....
အဲ့လိုဖြစ်တာကို ငါအရမ်းမုန်းတယ်.........

ပြောနေရင်းတွေ့လိုက်ရတဲ့ Kang ရဲ့
အပြူံးလေးတခု..
တခုခုကို ဝမ်းနည်းပြီး ပြူံးတဲ့အပြူံးလေး..

ငါအသက်ရှစ်နှစ်လောက်မှာပေါ့....
ကျောင်းမှာ ဆုယူပြီးပြန်လာတာ
ငါ့ရဲ့Ommaကတော့
သိပ်ပျော်နေခဲ့တာပေါ့........
ငါရဲ့ညီမလေးလဲ ပါသေးတယ်
သူကတော့ ငါ့ထပ်
နှစ်နှစ်လောက်ငယ်တယ်....
ငါရဲ့ချစ်စရာကောင်းတဲ့
တဦးတည်း​သော
ညီမလေးပေါ့......
ငါတို့စကားတွေအများ​ကြီး
ပြောနေကြပြီး
အရမ်းပျော်နေခဲ့ကြတာ
အိမ်ရောက်ရင်.....
ကိတ်ခွဲပေးမယ်ဆိုတဲ့
အကြောင်းတွေရောဘဲ......
ဒါပေမဲ့လေ...... အဲ့နေ့က
အိမ်မှာကိတ်တောင်မခွဲလိုက်ရပါဘူး......
အရှေ့က ဘရိတ်ပေါက်လာတဲ့ကားကို
Omma က ရှောင်ရင်း..............
အဲ့နေ့က Omma ရော
ငါရဲ့ ညီမလေးရော.....
လူလောကကြီးထဲကနေ....
အပြီးတိုင်ထွက်ခွာသွားခဲ့တယ်.....

Love Island Where stories live. Discover now