[Unicode]
တခါတလေကျ အဆင်သင့်မဖြစ်သေးတဲ့ ခွဲခွာခြင်းတွေမှာ အသားကျအောင် ပျော်ဝင်ပေးရတာကလည်း ထင်သလောက် မလွယ်ကူလှပါဘူး။
ပဲရစ်က တိုက်ခန်းလေးမှာတော့ ပြန်ဖို့အတွက် အထုပ်အပိုးတွေကို အဆင်သင့်ဖြစ်အောင် ထုပ်ပိုးပြီးနေပြီ။
အရင်နေ့တွေကလို ရိပေါ်က ရှောင်းကျန့်အတွက် ကော်ဖီပူပူလေး ဖျော်ပေးထားတယ်။
ဒီနေ့မနက်မှာတော့ ရိပေါ်နဲ့ ရှောင်းကျန့်က ရပ်ကွက်ထဲက ဈေးလေးကို အတူတူသွားကြတယ်။ ဒီနေရာမှာ ရိပေါ် ဝင်တိုက်လို့ စတော်ဘယ်ရီထုပ် ပြုတ်ကျပြီး တစ်လုံးချင်းစီ လိုက်ကောက်ရတဲ့အကြောင်းကို ပြောပြတော့ ရိပေါ်က တောင်းပန်တဲ့အနေနဲ့ အနမ်းတစ်ပွင့်ပေးပါတယ်။
တကယ်တော့ ရိပေါ်က ခါးပိုက်နှိုက်လိုက်ဖမ်းရင်းနဲ့မှ ရှောင်းကျန့်ကို ပထမဆုံး တွေ့ခဲ့တာဖြစ်ပြီး၊ ဂျန့်(ထ်)ကို သွားမယ့် ရထားပေါ် လိုက်ခဲ့တာကလည်း အဲ့နေ့ကမှ ဘူတာမှာ ရှောင်းကျန့်ကို ဖျက်ခနဲ မြင်လိုက်လို့ပဲ ဖြစ်တယ်။ ရှောင်းကျန့်ကို လွန်ခဲ့တဲ့ ရက် ၂၀ကတည်းက သိပြီး အနောက်ကနေ တကောက်ကောက် ကပ်လိုက်နေတယ်ဆိုတာက ရှောင်းကျန့်ဆီက အတန်းရှင်းလိုချင်လို့ သက်သက်ပါပဲ။
ရှောင်းကျန့်ကို ဒီအကြောင်းတွေကို ပြောပြတော့ ငလည်လေး ဆိုပြီး ရိပေါ်ပါးတွေ လိမ်ဆွဲခံရတယ်။ ဒါက အပြစ်ပေးတာဆိုရင် ရိပေါ်က ရှောင်းကျန့်ဆီက အနမ်းတစ်ပွင့်ပဲ လိုချင်တာ။ အဲဒါက ဆုပေးတာပဲဖြစ်ဖြစ်၊ အပြစ်ပေးတာပဲဖြစ်ဖြစ်။
"တရုတ်ကို ပြန်ရောက်တဲ့အခါကျရင် အရင်ဆုံး ဘာလုပ်မှာလဲ။"
ရိပေါ်က ရှောင်းကျန့်ကို မေးလိုက်တယ်။ အခု သူတို့နှစ်ယောက်က ကုတင်ပေါ်မှာ လှဲနေကြတယ်။ ရှောင်းကျန့်ကို ရိပေါ်က တင်းတင်းကျပ်ကျပ် ဖက်ထားတယ် မနက်ဖြန်ဆိုတာ မရှိတော့မယ့်အတိုင်း။
"အင်း... ချုံချင်းကို ပြန်မယ်။ ပြီးရင် ဇာတ်ညွှန်းအပြီးသတ်မယ်။ မင်းကော။"
"ကျွန်တော်လား။ ကျွန်တော့အိမ်က တရုတ်ပြည်မှာ မဟုတ်ဘူး။"
YOU ARE READING
10 days in Paris [Completed]
Fanfictionသီချင်းတွေ ရှိမယ်၊ လှပတဲ့ခရီးတွေ ရှိမယ်၊ နှစ်ကိုယ်ကြားစကားတွေ ရှိမယ်၊ ရင်ခုန်နှုန်းတစ်စုံရှိမယ်။ ရိပေါ်က ရှောင်းကျန့်အတွက် အမှတ်တရလှလှလေးတွေကို ချန်ခဲ့ပေးဖို့ ကြိုးစားနေတယ်။ သူကိုယ်တိုင်က မဖမ်းဆုပ်နိုင်ခဲ့တဲ့ မှတ်ဉာဏ်တွေ...။