<Unicode>
"တစ်"
"နှစ်"
"သုံး"
_
_
_
"တစ်ဆယ်"
မှန်ဘောင်အတွင်းက ကိတ်လေးနှစ်လုံးကို တစ်လှည့်စီထောက်ရင်း ရေတွက်နေတဲ့ဖြူဖြူဖွေးဖွေးလက်တုတ်တုတ်လေးက အဖြူရောင် cream cakeလေးပေါ် စတော်ဘယ်ရီသီးလေးတွေအလှဆင်ထားတဲ့ cake လေးမှာရပ်တန့်သွားတယ်
ရိပေါ်ပြုံးလိုက်တယ်
သူနောက်ဆုံးတော့ရွေးချယ်နိုင်သွားပြီ
အစကရွေးရခက်နေခဲ့တာ
ဝက်ဝံရုပ်အညိုလေးနဲ့ချောကလက်ကိတ်လေး နဲ့ သူသိပ်ကြိုက်တဲ့စတော်ဘယ်ရီသီးတွေနဲ့အလှဆင်ထားတဲ့ cream cake လေးရယ်က သူ့ကိုရွေးရခက်စေခဲ့တယ်လေ
ခုသူရွေးပြီးသွားပြီ
Strawberry cream cake လေးကိုပေါ့
အမှန်တော့ သူကဒီကိတ်လေးကိုပိုကြိုက်ပါတယ် ဟီး......
"ဒီမှာ အမ သားဒီကိတ်လေးယူမယ်နော်"
ရိပေါ် မှန်အပြင်ဘက်ကနေ cream cakeလေးကို လက်ညိုးလေးနဲ့ထောက်ပြရင်း cakeဆိုင်ကဝန်ထမ်းအမကိုလှမ်းပြောလိုက်တယ်
" ကျွန်တော့်ကို ဒီcakeလေးထည့်ပေး"
"ဟင်!"
ရိပေါ်ရဲ့လက်ညိုးဝတုတ်လေးဘေးကို လက်ချောင်းသွယ်သွယ်လေးကလာထောက်တယ်
ဟွန့်... ဘယ်သူကငါအရင်ယူထားတဲ့ဟာကို
လာလုတာလဲ
ရိပေါ်ဘေးကလက်ပိုင်ရှင်ကို မျက်ခုံးတွေကိုအလိုမကျစွာတွန့်ကွေးရင်းကြည့်လိုက်တယ်
ရှုပ်ပွနေတဲ့ဆံပင် ခေါင်းစွပ်အင်္ကျီအမဲ
ဂျင်းဘောင်းဘီအပြဲ အရပ်ကလန်ကလားနဲ့ ခပ်ဆိုးဆိုးပုံပေါက်တဲ့ အစ်ကိုကြီးတစ်ယောက်
ရိပေါ် ဘေးကအစ်ကိုကြီးကို ခေါင်းအစခြေအဆုံးကြည့်ပြီးနှာခေါင်းရှုံ့မိတယ်
ဟွန့်.... လောရှည်ကောင်....
"ဒီမယ် လောရှည်Ge Ge ဒီကိတ်ကသားအရင်ယူထားတာ"
"မင်း ပိုက်ဆံမရှင်းရသေးဘူးမလား"
လောရှည်Ge Geက သူ့ရဲ့နှုတ်ခမ်းတစ်ဖက်ကိုတွန့်ကွေးလို့ သူ့ရင်ဘတ်နားလောက်ပဲရှိတဲ့ရိပေါ်ကိုငုံ့ကြည့်လာပြီးပြောတယ်
ဂရုမစိုက်တဲ့လေသံ လှောင်နေတဲ့မျက်နှာထားနဲ့ မျက်နှာကြီးက ဆွဲကုတ်ဖဲ့ချင်စရာ
ခက်တာက ဆွဲမဖဲ့ရက်အောင်ချောနေတဲ့မျက်နှာကြီးဖြစ်နေတာပဲ
အားးးးးအမြင်ကပ်စရာကောင်းလိုက်တာ
"ရှင်းမှာပေါ့ .....မား....မားလို့!!!"
ဆိုင်ရှင် အန်တီရှင်းနဲ့လေပေါနေတဲ့ မားကရိပေါ်ခေါ်သံကိုတော်တော်နဲ့မကြား
"မား!!!!!"
" ဟင်... ဝမ်လေး ..လန့်လိုက်တာသားရယ်
ဘာဖြစ်လို့လဲ.. သား"
"ဒီမှာ... သားဒီcake လေးရချင်တယ်"
"အဲ့ဒါ ဒီGe Geက...."
"ဟင်!"
ရိပေါ် မားကိုခေါ်ပြီး လှည့်ကြည့်လိုက်တော့
လောရှည် Ge Geကဘေးမှာမရှိတော့
YOU ARE READING
With A Letter And A Little Strawberry Cake