၂၀၀၆ခုနှစ်
"ဗောက်..ဗောက်..ဗောက်.."
ကလေးတစ်အုပ်စုတော့သောင်းကျန်းနေပြီဆိုတာ ချက်ချင်းတန်းသိလိုက်သည်။ ဒီအချိန်က မီးရှုးမီးပန်းနဲ့ ဗျောက်အိုးအရောင်းသည်တွေ လာဘ်ပွင့်တဲ့့အချိန်လေ။ အသံကသိပ်ကျယ်လွန်းတာကိုတော့ မနှစ်မြို့ချင်။ ဒါပေမယ့် ကလေးတွေဘဲ ဆော့ချင်ရှာမှာဘဲ။ ဆော့ပါစေလို့ဘဲ တွေးပေးလိုက်သည်။ ရှေ့မှောက်က အိုးထဲမှ မြူစွမ်ပြုတ်ရည်ကတော့ တပွက်ပွက်ဆူလာလေပြီ။ အမေက ကျန်းမာရေးသိပ်မကောင်းတော့ အမာစာတွေ သိပ်မစားချင်ဘူးလေ..။မြူစွမ်ပြုတ်ရည်ကို အိုးထဲမှ ခွက်ထဲခပ်ထည့်နေစဉ်မှာပင်
"ဖောင်း...!"
ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံတစ်ခု။ ကျွန်တော်ပင် လန့်ဖြန့်ပြီး လက်ထဲက ခွက်ကလွတ်ကျမလိုဖြစ်လို့သွားသည်။ မီးဖိုချောင်ထဲမှ အမြန်ပြေးထွက်လာပြီး အိမ်ခန်းထဲကို ဝင်ကြည့်လိုက်တော့ အမေက အိပ်ရာကလန့်နိုးနေလေပြီ။
"သားရယ်..။ဘယ်သူတွေလဲ။ အမေရင်တွေတုန်လိုက်တာ..။"
ရင်ဘတ်လေးကို ဖိပြီး ကတုန်ကရင်ပြောနေတဲ့ အမေ့ပုံစံကြောင့် ဒေါသက ထောင်းခနဲ ထွက်သွားလေသည်။ဒီစောက်ကလေးတွေကတော့....။စိတ်ထဲကကျိန်ဆဲရင်း လုပ်သင့်လုပ်ထိုက်တာတော့ လုပ်ရမည်ဟုတော့ စိတ်ထဲတေးထားလိုက်မိသည်။ အမေ့ကို ညစာကျွေးကာ ဆေးတိုက်ပြီးတာနဲ့ ရပ်ကွက်ရုံးကို ပုဆိုးပြင်ပြီး ထွက်လာလိုက်တော့သည်။ကလေးတစ်အုပ်သည် အခုတော့လည်း ရပ်ကွက်လူကြီးရှေ့မှာ မျက်နှာငယ်လေးတွေနှင့်။ ရပ်ကွက်ထဲမှာ ဗျောက်အိုးမဖောက်ရ၊ မီးရှုးမီးပန်းမဆော့ရဆိုတဲ့ တားမြစ်ချက်ကလည်း ရှိနေတော့ ကလေးတစ်အုပ်ပိုတိုးလို့ဆူခံနေရသည်။
"ညီထင်လင်း..အရွယ်လေးကလက်တောက်လောက်ဘဲရှိသေးတယ်။ ရပ်ကွက်ထဲမှာတစ်ခုခုဆို မင်းကထိပ်ဆုံးကဘဲ။ မင်းအဖေနဲ့ကို သွားထပ်တိုင်ဦးမယ်။"
![](https://img.wattpad.com/cover/163085393-288-k386501.jpg)
DU LIEST GERADE
သက္တံမွသည္ သက္တံဆီသို႔ (သက်တံမှသည် သက်တံဆီသို့)
KurzgeschichtenUNICODE VERSION: မနီးခင်ကတည်းက ဝေးနှင့်ပြီးသော ကံကြမ္မာတို့သည် ကျွန်တော်တို့နှစ်ဦးမွေးဖွားလာကတည်းက သန္ဓေတည်လာပြီးသားဖြစ်သည်။ အချိူ့သော တူညီခြင်းတို့သည် မုန်းစရာကောင်းလောက်အောင် ကျွန်တော်တို့ကြား စည်းခြားထားလေသည်။ ZAWGYI VERSION: မနီးခင်ကတည်းက ဝေးနှင...