တိုကျို
အခုရှောင်ကျန့်ဟာ ဂျပန်မှာရိပေါ်ရဲ့ စက်ရုံဖွင့်ပွဲတစ်ခုကြောင့် ပြင်ဆင်ပေးရမှာတွေရှိနေလို့ တပတ်လောက်ကြာမှာဖြစ်လို့ တစ်ယောက်ထဲမထားခဲ့ချင်ဘူး ဟုဆိုကာ သူနဲ့အတူ ရှောင်ကျန့်ကိုပါ ခေါ်လာတာဖြစ်သည်။
ဂျပန်ရောက်တာနဲ့ ရိပေါ်ဟာ ရှယ်ယာရှင်အစည်းအဝေးတစ်ခု ကိုချက်ချင်းတက်ရောက်ဖို့ရှိတာကြောင့် ရှောင်ကျန့်ကို အရင်ဟိုတယ်သို့ ဝင်ပို့ကာ အပြင်ပြန်ထွက်ကာနီး ရှောင်ကျန့်နှုတ်ခမ်းလေးကို ဖျတ်ခနဲလှမ်းနမ်းလိုက်ပြီး....
" ကော ညနေ ကျွန်တော်ပြန်လာရင် အပြင်လိုက်ပို့ပေးမယ်၊ အနားယူရင်းတနေ့လုံး ကျွန်တော့အကြောင်းပဲ စဉ်းစားပေးနေနော်..."
ရှောင်ကျန့် က ယုန်သွားလေးနှစ်ချောင်းပေါ်အောင် ပြုံးလိုက်ကာ ခေါင်းလေးကို တဆတ်ဆတ်ညိတ်ရင်း...
" အင်း...ရိပေါ်အကြောင်းပဲ စဉ်းစားနေမှာမို့လို့ မြန်မြန်သွားတော့ ကိုယ်ကလူကြီးဖြစ်ပြီး သူများတွေစောင့်နေရရင်မကောင်းဘူး..."
"အင်း ကော အဲဒါဆိုသွားပြီနော်"
နှုတ်ဆက်ပြီးထွက်သွားသည့်ကျောပြင်လေး ကို ကြည့်ပြီး ရှောင်ကျန့် အေးချမ်းစွာပြုံးမိသည်။
တပတ်တောင်ကြာမှာမို့လို့ ယူလာသည့်အဝတ်အစားတွေနေရာချပြီး အိပ်ယာပေါ်လှဲကာရိပေါ်အကြောင်းတွေ တွေးနေမိသည်။
ရိပေါ်ကကတိပေးခဲ့သလိုပဲ ရှောင်ကျန့်ကိုအရိပ်တကြည့်ကြည့်နဲ့ လိုလေသေးမရှိအောင်ဂရုစိုက်ပေးသည်။ အမြဲတမ်းလိုလိုချစ်တဲ့အကြောင်းတွေပြောပြီး အနားကပ်က နှုတ်ခမ်းလေးတွေ ပါးလေးတွေကိုခပ်ဖွဖွလေးနမ်းတက်သေးသည်..ရိပေါ် ကရှောင်ကျန့်နာကျင်ခဲ့ရသမျှကို မေ့ပျောက်သွားအောင်လည်း ယုယပေးခဲ့သည်။
ရှောင်ကျန့် ရိပေါ်အကြောင်းတွေတွေးနေရင်း ခရီးပန်းလာသောကြောင့် အိပ်ပျော်သွားပြီး ရုတ်တရက်ပြန်နိုးလာတော့ ညနေငါးနာရီကို နာရီလက်တံလေးကညွှန်ပြနေသည်။ ရှောင်ကျန့် ကမန်းကတမ်း အိပ်ယာကနေထပြီး ရေမိုးချိုးပြင်ဆင်ပြီးတော့ ငါးနာရီခွဲ ရိပေါ်ဝယ်ပေးထားတဲ့ ဖုန်းလေးကို ဖွင့်ကြည့်လိုက်တော့ စာအဝင်လေးတောင်မရှိ..