Extra-2

9.4K 564 33
                                    

      ဘယ်လောက်ပဲ နောက်ကျမှအိပ်အိပ် မနက်ငါးနာရီဆို..ပုံမှန်နိုးနေတက်တာ.... ရှောင်ကျန့်ရဲ့အကျင့်ပင်....

       ဒီနေ့တော့ ပုံမှန်အချိန်တိုင်းနိုးပေမဲ့ ညကချစ်ရပါသော အမျိုးသားလေးရိပေါ်ရဲ့အလိုကိုလိုက်ထားတာကြောင့် ခန္ဓာကိုယ်ကနာကျင်ကိုက်ခဲနေလေသည်။ သူ့ခါးကိုဖက်ထားပြီးအိပ်ပျော်နေတဲ့ ရိပေါ်မျက်နှာလေးက ကလေးတစ်ယောက်လိုပင် အပြစ်ကင်းလှသည်။ အခုကျတော့လည်း အရင်ကအော်ဟစ်ပြီးခပ်ကြမ်းကြမ်းစကားတွေ‌ဆိုကာ ရန်ဖြစ်ခဲ့ကျတာသူတို့မဟုတ်ခဲ့သလိုပင်...ဘာပဲဖြစ်ဖြစ်အခုအခြေအနေလေးက စိတ်ချမ်းသာရပါသည်လေ...ခါးကိုဖက်ထားတဲ့ ရိပေါ်ရဲ့လက်လေးကိုသာသာလေးကိုင်၍ ဖယ်ကာ နဖူးပေါ်ကျနေသည့်ဆံပင်လေးတွေကိုသပ်တင်ပေးပြီး ဖွဖွလေးငုံ့နမ်းကာ ရိပေါ်အလုပ်မသွားခင်စားဖို့ မနက်စာပြင်ပေးရမည်လေ...ရိပေါ်က ဟိုအရင်တိုက်ခန်းလေးထဲမှာနေကတည်းက သူပြင်ပေးသည့်မနက်စာမစားရလျှင် အလိုမကျဖြစ်လေ့ရှိသည်။

       ရိပေါ်ကမနက်စာကို ပဲကြာဇံနဲ့အသားရောသုပ်တာစားချင်တယ်ပြောထားတာကြောင့်ပြင်ဆင်ပေးဖြစ်သည်။ ဖက်ထုပ်ပေါင်းနဲ့ ဆင်းဒဝှစ်လေးကို ပန်းကန်ထဲသေချာပြင်ဆင်ပေးပြီး ကော်ဖီလေးနှပ်ထားလိုက်ကာ..နောက်ဆုံးမီးဖိုပေါ်တင်ထားတဲ့ ဝက်နံရိုးနဲ့ကြာစွယ်ဟင်းရည်လေး အဆင်သင့်ပြင်ပြီးရင် ရိပေါ်ကိုသွားနှိုးရန် လုပ်ရဦးမည်။

      ရှောင်ကျန့် ပြင်ဆင်ရင်းရိပေါ်ကို သွားနှိုးရန်တွေးနေတုန်း အနောက်ကနေ ခါးလေးကိုဆွဲဖက်ပြီး တစ်ကိုယ်လုံးကိုရင်ခွင်ထဲ ဆွဲသွင်းခံလိုက်ရ‌တာကြောင့် ရုတ်တရက်မို့လန့်သွားမိသည်။

       "ရိပေါ် "

        " ဟွန့် ဘာရိပေါ်လဲ ကောကလဲ ညကပဲမောင် လို့ခေါ်ဖို့ပြောထားတာကို"ရိပေါ်ကအိပ်ချင်မူးတူး မျက်နှာလေးနှင့် ရန်တွေ့သည်။

      "အာ..."

      "ကောနော် အခုမှဘာမသိချင်ယောင်ဆောင်နေတာလဲ ခေါ်မယ်ပြောထားပြီးတော့ ၊ဘာလဲ ညကအခြေအနေတိုင်း ပြန်သွားပေးရမှာလား ၊ပြောနော် အဲလိုမှဆိုရင်လည်း အနစ်နာခံပြီး ပြန်သွားပေးမယ်နော်" ဟု မချိုမချဉ်ရုပ်နှင့်ဆိုလာသော ရိပေါ်ကြောင့်....

Has llegado al final de las partes publicadas.

⏰ Última actualización: Apr 16, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Look At My Heart💚❤️(Complete)Donde viven las historias. Descúbrelo ahora