" emotion တွေများလာရင် ချဉ်တဲ့အရသာ တခုခုစားပေးရတယ်တဲ့ "ဒီစကားစုကို ရိပေါ် ဘယ်ကမှန်းမသိ ဖတ်လာမိတာ !
အစကတော့ ယုံတယ်ရယ်မဟုတ်ပါဘူး !
စာမေးပွဲဖြေခါနီး ကြောက်ဒူးတုန်နေတာကို သူငယ်ချင်းဆီက ချိုချဉ်တောင်းစားပြီး စိတ်ငြိမ်သွားတာက စတယ် !
အဲ့နောက်ပိုင်း စာမေးပွဲဖြေတော့မယ်ဆို ရိပေါ်စလုပ်တဲ့အလုပ်က အချဉ်တွေစုတာပဲ !အတန်းထဲစာမေးတော့မယ်ဆို ရိပေါ် ချိုချဉ်တခု ပါးစပ်ထဲအမြန်ကောင်ထည့်လိုက်တာပဲ !
စိတ်ငြိမ်သွားပြီဆိုတော့ အနည်းဆုံး စာမရရင်တောင် ရွှီးတတ်သွားတယ် !မဟုတ်တာလုပ်ထားလို့ ပါးပါးကိုတွေ့တာနဲ့ ကြောက်နေရရင် လီမွန်အရသာ ပီကေ ကောက်ဝါးပလိုက်တာပဲ !
ချိုချဉ်ထက် ပိုစားဖြစ်လာတာ ပီကေပေါ့ !
ပီကေဝါးရတာကို ရိပေါ်ကကြိုက်တာ !
ဝါးလေဝါးလေ အချဉ်ဓာတ်တွေ ထွက်လာတာကို သိပ်သဘောကျတာပဲ !
ရိပေါ်နဲ့ ရွယ်တူတွေ ဆေးလိပ်ခိုးသောက်နေချိန်မှာ ရိပေါ်ကတော့ လီမွန်ပီကေလေးကို မက်မက်စက်စက် ဝါးတယ် !ရိပေါ်က emotion နည်းတဲ့သူ ဖြစ်တယ် !
ရိပေါ်ကို ခံစားချက်တခုခုဖြစ်အောင် လုပ်နိုင်တာက ရိုက်တော့မယ့်ဆရာတွေရယ် , နားပူအောင်ဆူတတ်တဲ့ ပါးပါးနဲ့မားမားရယ် , စာမရသေးတဲ့စာမေးပွဲရယ်ပဲ ရှိတယ် !ခုတလော ရိပေါ် လီမွန်ပီကေ ပိုစားဖြစ်နေတယ် !
တနေ့သုံးခု အနည်းဆုံးပဲ !ပီကေစားတာတောင် ရင်တွေ တဒိန်းဒိန်းတဒိုင်းဒိုင်းခုန်နေတာ !
စားများမစားထားမိရင် ရိပေါ် ရင်ဘတ်ကြီး အခုန်လွန်လို့ ပေါက်ထွက်တော့မယ် ထင်တယ် !ဆယ်ကျော်သက်လေး ရိပေါ်က စွန့်စားရတာ ကြိုက်တယ် !
တဒုန်းဒုန်းဖြစ်နေတဲ့ ရင်ခုန်သံတွေကို လျစ်လျူရှုလို့ အဲ့အကိုကြီးကို နေ့တိုင်းသွားချောင်းဖြစ်တယ် !နှုတ်ခမ်းထောင့်လေးမှာ မှဲ့နက်လေးနဲ့ အဲ့အကိုကြီးက သိပ်ချောတယ် !
ပြုံးလိုက်ရင် ညီညီညာညာ ပေါ်လာတဲ့ သွားဖြူဖြူလေးတွေက ရိပေါ်ကို အိပ်မက်ထဲထိ နှိပ်စက်တယ် !