Part 5

3.6K 431 3
                                    

**ဝမ်ငယ် ဆိုတာ ကိုယ့်ဘာသာ စိတ်ကူးယဉ်ပြီး
ပေးထားမိတဲ့ နာမ်စားလေး....
ဒါပေမဲ့... သူ့အသက်က ကိုယ့်အသက်ရဲ့ ၁၄ပြန်လောက် ရှိတယ့်...နှစ်ချို့ အဖိုးကြီး.....
ဒီနာမ်စားလေးပေးမိတာက ဒီတိုင်းပဲ ခေါ်ချင်လို့...
မသေချာ မရေရာတဲ့ ခံစားချက်တွေကို..
အဖြေမထုတ်ချင်ဘူး....ဖြစ်သင့်တဲ့.ခံစားချက်တွေမှ
မဟုတ်တာ.....ခံစားချက်တွေရဲ့ အဓိပ္ပာယ်ကို
နားလည်နိုင်ခဲ့ရင်လဲ ဝမ်ငယ့်ကို ထုတ်ပြောမှာ
မဟုတ်ဘူး....ကိုယ်က အိုမင်းရင့်ရော်လာမှာ.
နောက်ဆူံးမှာ.. ဘဝသစ်တခုကို ပြောင်းရမှာ....
သူကတော့....အသက်ဆက်နေအူံးမယ်....
နောက်တစ်ဘဝမှာ....ပြန်ဆုံကြမယ်.ဆိုပြီးလဲ..
အရူးမထချင်ဘူး....အဲ့ဒါက ဇာတ်လမ်းတွေထဲမှာပဲ
ရှိတယ်.....အင်း...စဉ်းစားကြည့်ရင်...
သူနဲ့ မဆုံခဲ့သင့်ဘူး.............**
.
.
.
.
.
_အိပ်ပျော်နေတဲ့ ကောင်လေးကတော့..
ရှောင်းလေးပြောနေတာတွေကို...အိမ်မက်မက်နေလေ
ရဲ့....
**အင်း..ကိုယ်တို့ မဆုံခဲ့သင့်ဘူး..**
.
.
.
.
.
.
.
"ဟေ့.. ဝမ်ပေါက်စ နိုးရင်ထတော့...
ပြီးရင် မနက်စာပြင်ပေး..."
"အင်း."
_အမ်...အရင်ကလို့ကတ်ကတ်လန်အောင်
ရန်မတွေ့တော့ပဲ...အရမ်းကိုငြိမ်နေတာကြောင့်
XZစိတ်ပူရပြီ...
"ဦးလေးဝမ် ဘာဖစ်နေတာလဲဟင်...
ကျနော့ကို ပြောပြပါ..."
"အင်း..ဒီလိုပါပဲ အလုပ်ထဲမှာ ပင်ပန်းစရာလေး ရှိလို့ပါ..."
"ကျနော့ကို ပြောပြနော် ကျနော်နားထောင်ပေးမယ်.."
".ပြီးခဲ့တဲ့ သုံးရက်တုံးက ငါတို့.လူတွေ စုပြ်ီး
ဝိညာဉ်တကောင်ကို သွားဖမ်းရတယ်.."
အဲ့ကောင်က သေတာလဲ ကြာပြီ..ပြီးတော့ သူကလုပ်ကြံခံရတာဆိုတော့ ကလဲ့စားချေချင်စိတ်နဲ့.
ဆိုးသွမ်းနေတာ.....သူက တခြားလေလွင့်ဝိညာဉ်
သုံးကောင်နဲ့ စုပြီး အဖွဲ့တောင် ဖြစ်နေတာ.....
အဲ့မှာ ငါတို့ တိုက်ခိုက်ကြတော့...သူက
ငါအားနဲနေတာကို ရိပ်မိပြီး...ငါ့ကို ဖမ်းခေါ်သွားတာ"
"ဪ.....အဲ့ဒါကြောင့် ပျောက်နေတာလား..
...တော်တော်ဆိုးတဲ့အကောင်တွေ...."
_XZက မချိတင်ကဲ ရေရွတ်လိုက်မိတယ်....
.
.
.
.
.
.
.
.
"ရှောင်းလေး.. ပင်ပန်းလာတာလား..."
".အင်း."

_XZက အကသင်တန်းတက်ခွင့်ရဖို့ ကြိုးပန်းနေရတာ
သင်တန်းက ဝင်ခွင့်ဖြေရတဲ့ အပြင်..ကိုယ်ပိုင်အက တပုဒ်နဲ့လဲ..လူတွေ့ဖြေရအုံးမှာ...အဲ့ဒါကြောင့် သူ့သူငယ်ချင်းတွေနဲ့ ပေါင်းပြီး လေ့ကျင့်နေတာ..
သူ ပင်ပန်းနေတာပေါ့....
ရိပေါ်နဲ့တောင် စကားကောင်းကောင်း မပြောဖြစ်...
.
.
.
.
.
.
*ညနေခင်းတခုဝယ်.....ဝရံတာမှာ ထိုင်နေကြသော
ကောင်လေးနှစ်ယောက်...
"ရှောင်းလေး...ငါလူပြန်ဖြစ်ချင်ပြီ.."
"ဘာလို့လဲ... ကျနော့အနားမှာ မနေချင်တော့လို့လား"
**မင်းအနားမှာ နေချင်လို့ဆိုတာကိုတော့ မပြောဖြစ်
"ငါရှင်သန်နေရတဲ့ နှစ်၂၀၀ကျော်အတွင်းမှာ..
မင်းက ပထမဦးဆုံး ရင်းနှီးမိတဲ့ လူသားပါ
ရှောင်းလေးရ....."
_XZနားလည်နိုင်ပါတယ်....သူက လူသားတွေ
ကြားမှာ နေရပြီး.လူသားတွေလို့ အခွင့်မရှိနိုင်တဲ့သူလေ
ဘယ်လိုပဲ.. psychopombလို့ဆိုစေအုံး....
သေပြီးသားသူနဲ့ ရှင်သန့်နေရတဲ့သူ....ခံစားချက်ချင်းက
တော့ ကွာဟတယ်ဆိုတာ..အသိသာကြီးမလား..
အဲ့ဒါကြောင့် မသေခင်မှာ တန်ဖိုးရှိတဲ့အရာတွေကို
လုပ်ဆောင်ကြတာမလား......
.
.
"ငါ လူ့ဘဝနဲ့ ပြန်လာရင်ရော မင်းက ငါ့ကို လက်ခံမှာလား.."
"ဘာလဲ..ကျနော်ယူမဲ့ မိန်းမ ဗိုက်ထဲ ဝင်စားမလို့လား..
အာ့ဆို ရှောင်းပေါက်စ ဖြစ်သွားမှာနော်..ဟားဟား"
"အင်းနော်..မင်းက အဲ့လို ဖြစ်စေချင်တာလား.."
**ဟင့်အင်း**
_ရိပေါ်ကြားလိုက်မိပါတယ်....
နှစ်ယောက်သား မျက်လုံးချင်းစုံမိတဲ့ အခိုက်အတန့်က
လောကကြီး ခနရပ်တန့်သွားသလို....
ငြိမ်သက်နေတဲ့ ရေပြင်ထဲ ခဲလုံးကြီးကြီးပြုတ်ကျသွားသလို....
ရင်ထဲ ဖလပ် ဖလပ်တွေကို ဖြစ်သွားတာပဲ......
ရင်တွေဘယ်လောက်ပဲ ခုန်နေပါစေ
ကြုံခဲ့ရတဲ့ အကြည့်ချင်းစုံတာလေးတော့... မလြွှဲဖစ်ခဲ့ဘူး..............

Psychopomb(Completed)Where stories live. Discover now