Zawgyi
Park အိမ်ရဲ့ မီးဖိုခန်းမှာ မိသားစုသူံးယောက်လုံး
ထမင်းစားပွဲ ပြင်ဆင်ရင်း အလုပ်ရှုပ်နေကြသည်..။Nov 27 ရက်ဆိုတော့ သားကြီးPark Chan Yeolရဲ့မွေးနေ့မလား..။
သမီးအငယ်ကတော့ နိုင်ငံခြားရောက်နေတာမို့ မလာနိုင်ပေမယ့် သားရဲ့မွေးနေ့ဆိုတော့ Park papa ရော Park omma ပါနှစ်ယောက်လူံးအချိန်အားအောင်လုပ်ပြီးဒီကနေ့တော့ မိသားစုနဲ့အချိန်ပေးဖြစ်ကြသည်..။
ညနေပိုင်းကျရင်သူငယ်ချင်းတွေနဲ့ အပြင်ထွက်မှာမို့ မနက်ပိုင်းကို သူ့အတွက်အချိန်ပေးပါလို့တောင်းဆိုထားတာ
ကြောင့် Park papa တစ်ယောက်လဲ ဒီနေ့တော့companyကိုနေ့တစ်ပိုင်းခွင့်ယူပြီး သားရဲ့မွေးနေ့ပွဲမှာ အချိန်ပေးနေသည်..။မွေးနေ့ပွဲဆိုပြီးလဲ အရမ်းအကြီးကြီးတော့
မဟုတ်ပေ..။မိသားစုသုံးယောက်စာ ကြက်သားကင် အမဲ ကင်တွေ ပြင်ဆင်ကြခြင်းပင်...။
မနေ့ညကတည်းက shopping centre မှာ omma နဲ့အတူ လိုအပ်တာတွေသွားဝယ်ပြီး အခုလဲ omma နဲ့အတူ မီးဖိုချောင်ဝင်ရင်း Chan Yeol အစားအသောက်တွေပြင်ဆင်နေသည်..။
အရင်နှစ်တွေတုန်းကတော့ သူငယ်ချင်းတွေကိုနေ့ခင်းပိုင်းကျွေးမွေးပြီး အိမ်ကလူတွေနဲ့ ညပိုင်းအချိန်ဖြူန်းလေ့ရှိပေမယ့်
ဒီနှစ်တော့အရင်နဲ့မတူတော့...။ရည်းစားကြီးလဲ ရှိလာပြီဖြစ်သလို ရည်းစားကြီးကလဲ
ဆိုင်မှာ လိုက်ဝယ်ကျွေးမှာထက် ကိုယ်တိုင်ချက်ကျွေးပြီးtreatတာကို စားချင်ပါတယ်လို့ပြောထားတာဆိုတော့ကာဒီညသူ့အတွက်အချိန်ပေးဖို့ပြင်ဆင်ထားတာမို့appaနဲ့omma ကိုမနက်ပိုင်းချိန်းလိုက်ခြင်းသာ..။appaနဲ့ကလဲ တအိမ်တည်းသာနေတာ..
နှုတ်ဆက်ရုံလောက်လေး ခဏတစ်ဖြုတ်သာ တွေ့ရပြီး ထမင်းတောင်အတူတူထိုင်မစားဖြစ်တာ ကြာလှပြီဆိုတော့ မွေးနေ့မှာ မိသားစုတွေအကုန်စုံအောင်စီစဉ်လိုက်ခြင်းပင်..။
YOU ARE READING
Revenge(Completed)
FanfictionHis mother was my crush in the past, but her son gave his heart to me,how luckily I am!!