Part-19{Zawgyi}

1.2K 35 4
                                    

Comapnyထဲပြေးဝင်သွားသော ဇွဲလေးအား နေရဲ နဲ့ ရှိုင်းကတော့ အတွေးကိုယ်စီနဲ့ လိုက်ကြည့်နေမိသည်..
ပြီးမှ ရှိုင်းက နေရဲ ဘက်လှည့်၍...

"ပိုင်ဇေ ငါ Companyနှစ်ပတ်လည်ပွဲအတွက် အစီအစဉ်တွေ သေချာပြင်ဆင်ထားပြီးပြီ.."
ရှိုင်း အလုပ်ကိစ္စ အကြောင်းကိုသာ ပြောလိုက်သည်..

ဇွဲလေး နဲ့ ကိစ္စကို ရှိုင်း မမေးချင်ပါ..နေရဲ ဆီကထွက်လာမယ့် အဖြေကို မကြားရဲတာဆိုလျှင် ပိုမှန်လေသည်...

"Ok..သားကြီး..မနက်ဖြန် ရှယ်ယာရှင်အစည်းအဝေးရှိသေးတယ်မလား.."

"omm..ဟုတ်တယ်.."

နေရဲ နဲ့ ရှိုင်း အလုပ်ကိစ္စအကြောင်း ဆွေးနွေးရင်း Companyထဲသို့ဝင်ခဲ့ကြသည်..

ဇွဲလေး နဲ့ပတ်သက်ပြီး ရှိုင်း ကလည်းမမေးခဲ့သလို နေရဲ လည်း အလုပ်ကိစ္စဘက်ကိုအာရုံရောက်သွားတော့ အဲ့ကိစ္စကို ဘာမြှပန်မရှင်းပြဖြစ်ခဲ့...

•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

နေရဲ ရုံးခန်းထဲတွင် itemအသစ်ထုတ်ဖို့ အတွက်အလုပ်ရှုပ်နေတုန်း  ရုံးခန်းထဲသို့ high heelဒေါက်သံ တဂွက်ဂွက်နဲ့ဝင်လာသူက လရောင်မေ...

"ကိုကို.."

နေရဲ လရောင်မေ ခေါ်သည်ကို လျစ်လျူရှုကာ အလုပ်သာဆက်လုပ်နေသည်...

"ကိုကို! ကိုကို မနေ့က ကိစ္စနဲ့စိတ်ဆိုးနေတုန်းလား.."

လရောင်မေ ပြောရင်း နေရဲ၏ လက်ဆီ အကြည့်တစ်ချက်ရောက်သွားကာ..

"ဟင်! ကိုကို ဒဏ်ရာရ ထားတာမလား..ဆေးခန်းမသွားဘဲ ဘာလို့ ဒီHazaplusလေးပဲ ကပ်ထားရတာလဲ..လာ မေ နဲ့ဆေးခန်းသွားရအောင်.."

ဘေးကနေ အဆက်မပြတ်စကားလာများနေသော လရောင်မေ ကြောင့် နေရဲ အလုပ်ထဲစိတ်မပါတော့ချေ။

"ကျစ်! လရောင်မေ မင်းဒီကိုဘာကိစ္စနဲ့လာတာလဲ..ငါ့ဆန္ဒ ငါ့သဘောထား ကို မနေ့တည်းက မင်းကို အပြတ်ပြောပြီးသားနော်"

"ကိုကိုရာ မလောပါနဲ့..ကိုကိုက ဖုန်းပြန်ဆက်မယ်ဆိုပြီး ပြန်မဆက်တော့ မေ က လိုက်လာတာပေါ့"

"ဘာလဲ ဘာကိစ္စလဲ.."

"​စေ့စပ်လက်စွပ်...."

"ငါ မင်းကို လက်မထပ်နိုင်ဘူးလို့ပြောပြီးသားနော်..အဲဒါကြောင့် စေ့စပ်မယ့်ကိစ္စကို ဖျက်သိမ်းလိုက်"

သူပိုင်ဆိုင်သော ကျနော့်နှလုံးသားWhere stories live. Discover now