Soul . .

13 0 0
                                    

မေတ္တာ​တွေ ၊ သံ​ယောဇဉ်​​တွေကို ဗန်းပြ
နှလုံးသားကို ကိုယ်​တိုင်​ချခွဲခိုင်းရတာ ​ပျော်​ကြရဲ့လား?

အတုအ​ယောင်​​တွေကို​ပြော
ကြိုသိ​နေ​တော့ခက်​တယ်
အပို​တွေ သိပ်​မ​ပြောကြစမ်းနဲ့

ယိုင်​နဲ့နဲ့ လူတစ်​​ယောက်​ကို
စကားလုံး​တွေနဲ့ ထပ်​ပြီးထိုးနှက်​ကြ

စေတနာ​တွေကို ဗန်းပြ
သွေးထိုးစကား​တွေ​ပြောကြ
စောက်​ပို​တွေလုပ်​ရတာ ​ကျေနပ်​ရဲ့လား ?

စိတ်​ဓာတ်​​တွေကို ​ကြောက်​​နေလို့
ခပ်​ခွာခွာသာ​နေလိုက်​မိ

တချိန်​ကကြားခဲ့ရတဲ့
အပိုစကား​တွေ ပြန်​ကြား​ယောင်​မိ​တော့
မထီတထီ ပြုံးမိ

အတိ​တ်​နဲ့ ပတ်​သတ်​တဲ့ အမှတ်​တရ​တွေထဲမှာ
တစ်​ခုမှ ပြန်​​တွေးချင်​​လောက်​စရာမရှိ

မနက်​မိုးလင်းမှာကို​ကြောက်​​ပေမယ့်
ညဘက်​လည်း အိပ်​မ​ပျော်​ဘူး

အဆုံးထိပြိုလဲ​အောင်
ထိုးနှက်​ရတာ ​သ​ဘောကျကြရဲ့လား ?

မပူနဲ့ မင်းတို့ သတ်​လိုက်​တဲ့ သား​ကောင်​က
အကြိမ်​ကြိမ်​​သေ​နေပြီးသား

သေပြီးသား ဝိညာဉ်​ကို​တော့
ထပ်​ပြီး မသတ်​​စေလို

ဒီတိုက်​ပွဲမှာ  ဒဏ်​ရာမ​ပေါ်ဘဲ အခါခါ ​သေတယ်

Sett

Flowers that they'll never bloomWhere stories live. Discover now