လူ့လောကကြီးမှာ ဘာအတွက် ရှင်သန်နေရသလဲဆိုတာမျိုး တွေးဘူးကြလား ?
မိဘနှစ်ပါးက ချစ်ခင်စုံမက်ပြီး သဘာဝအတိုင်း ပြုမူကြလို့ ငါတို့လူဖြစ်လာတယ် but why...
အခုအချိန်ထိ အဓိပ္ပာယ်ရှိတဲ့လုပ်ရပ်မျိုး လောကကြီးအတွက် အကျိုးရှိသွားစေမဲ့ ဖြစ်ရပ်မျိုး ဒါမှမဟုတ် ကိုယ်ကိုးကွယ်တဲ့ ဘာသာတရား အတွက် ထွန်းတောက်အောင် ထောက်ပံ့ပေးနိုင်တဲ့ အရာမျိုး...
တစ်ခုတစ်လေတောင် မလုပ်ရသေးဘူး
လူသာဖြစ်လာတယ် ဘာအတွက်ဖြစ်လာမှန်း မသိသေးဘူး
လွန်ခဲ့တဲ့ နှစ်တွေတုန်းကရော
အခုအချိန်ရော
နောက်ရှေ့ဆက်ရမဲ့ နေ့ရက်တွေ အတွက်ရော
ဘာအဓိပ္ပာယ်မှ မရှိသေးဘူး။
သူများတွေနဲ့ နှိုင်းယှဉ်ရင် ကိုယ့်ဖြစ်တည်မှုက အရမ်းကို သေးနုတ်နေသလိုပဲ
ကဲ
ညညဆို ဒီအတွေးတွေက ဝင်ပြီ။
အိပ်အုံးမှပါ
ဘာအတွက်ဖြစ်တည်နေသလဲဆိုတာ သိရဖို့ အသက်ဆက်ရှင်ရမယ်လေ။18.april.2020
11:44PM