little girl and love

45 4 0
                                        

‌ဖြူဖြူစင်စင် ကလေးမလေး တစ်ယောက်က အချစ်ဆိုတာ ဘာလဲ သိပ်သိချင်သတဲ့

စာဖတ်သူတွေထဲမှာ အခုချိန်ထိ အချစ်ကို မထိတွေ့ဘူးသေးတဲ့သူတွေပါခဲ့ရင် ဝမ်းသာပါတယ် 👏 ဘာလို့ဆို

အချစ်က ခက်ခဲတယ်ဗျ...

ထင်သလောက်မရိုးရှင်းဘူး

ထင်သလောက်မလွယ်ကူဘူး

Fiction တွေဖတ်ကြတဲ့သူတော်တော်များများက အချစ်ကို စိတ်ကူးယဉ်ကြမယ်ဆိုတာ အရာပြောရဲတယ် 😅

'Cause အရာလည်း စိတ်ကူးယဉ်သူတစ်ယောက်ပဲလေ

စိတ်ကူးယဉ်ရတာ ပျော်စရာကောင်းတယ် ဟုတ်တယ်မလား?

အဲ့ဒိထဲမှာမှ အချစ်ကို စိတ်ကူးယဉ်ရတာဟာ အသာယာဆုံးပဲ

တစ်ခုလောက်တော့ သတိပေးပါရစေနော် စိတ်ကူးယဉ်လွန်းရင် လက်တွေ့မှာ စိတ်ပျက်ရတယ် အဲ့တာက မလွဲမသွေပဲ

နောက်ပြီး အရာတို့ စာဖတ်သူတွေက Romantic ဆန်ကြတယ်ဗျ

ဘယ်လောက်ပဲ မျက်နှာကြီးမာထန်နေပါစေ
ဘယ်လောက်ပဲ ကိုယ့်ကိုကိုယ် စိတ်မာကြောသူပါလို့ ပြောနေပါစေ
လက်တွေ့မှာ အချစ်နဲ့တွေ့ရင် အဲ့ reader တွေက အနူညံ့ဆုံးနဲ့ အRoဆုံးပဲ

အရာပြောတာယုံ 😂

ဂရုစိုက်ခံချင်တယ် အချစ်ခံချင်တယ်
ကိုယ်တိုင်ကလည်း ချစ်ရသူကို အချိန်ပြည့် ဂရုစိုက် တုန်နေ‌အောင်ချစ်နေမှတော့ တစ်ဖက်သားဆီကလည်း တူညီတဲ့ တန်ပြန်ခံစားချက်မျိုး လိုချင်မိတာတော့ စာဖတ်သူတို့ အရာတို့ ချစ်ဖူးတဲ့သူ‌တိုင်းရဲ့ အပြစ်မဟုတ်ပါဘူး

တစ်ဖက်ကသာ ဒီလို ခံစားမှုမျိုး ပြန်မပေးခဲ့ရင်သာ သူတို့ရဲ့ "အပြစ်"
အဲ...အပြစ်လို့လဲ မပြောချင်ပါဘူးဗျာ သက်သက် blame တယ်လို့ ပြောခံရပါအုံးမယ်

သူတို့ရဲ့ အသည်းက မာလိုက်တာ လို့ပဲ ဆိုချင်ပါတယ်။

အဲ့အခါ သူတို့က ပြောလိမ့်မယ်

"နားလည်ပေးရမှာပေါ့" တဲ့

ရယ်စရာက အဲ့မှာ စတာပဲဗျာ 😂

အရာတို့ ချစ်တဲ့သူတွေကရော ဘာကြောင့် သူတို့အတွက် အချိန်ကုန်ခံနေတာလဲ ဂရုစိုက်နေတာလဲ သူတို့စဉ်းစားဖူးလားလို့ပဲ မေးခွန်းထုတ်စရာရှိတော့တယ်

You've reached the end of published parts.

⏰ Last updated: Apr 20, 2020 ⏰

Add this story to your Library to get notified about new parts!

LostWhere stories live. Discover now