နိဒါန်း ၁

22 1 0
                                    

ဇာတ်ကောင်နာမည်က ဟာ့ဗ် ထရက်စကာ (Herb Trasker) ပါ ။
ဟာ့ဗ် လို့ အတိုကောက်သုံးပါမယ်ခင်ဗျာ

...     ရဲအရာရှိတ​စ်ယောက်က ဖုန်းဆက်တယ် ပြောဖို့ သူ့အ​မေ အိပ်ခန်းတံခါးလာခေါက်တဲ့ အချိန်မှာ ဟာ့ဗ် ဟာ အိမ်မက် မက်နေတုန်းပဲရှိသေးတယ်
     မနက်​အစောပိုင်းက ဖုန်းတခုလက်ခံပြောလိုက်ရလို့ တခေါက်နိုးရပြီးပြီ..အဲတုန်းကတော့ သူငယ်ချင်းတယောက်ဆီကပဲ.. သူနဲ့ ပြောပြီးတာနဲ့ အခန်းထဲကဖုန်းကို ပလပ်ဖြုတ် ပြန်အိပ်ပလိုက်တယ်
     ခုတော့ ဟာ့ဗ် ဟာသူ့အိမ်မက်ထဲမှာပေါ့
ဟာ့ဗ် နဲ့ သူ့သူငယ်ချင်းတွေက​ြမင်း​ေတွစီးပြီး ကန္တာရ ကို​ြဖတ်​ေန​ြကတဲ့ အနောက်ပြည်ဟောင်းက ရှေ့ဆောင်လမ်းပြတွေ ဖြစ်နေတယ်
နေက ​ေခါင်း​ေပါ်မှာ​တောက်​ေတာက်ပပ ပူ​ေလာင်လို့..
ရေလည်းကုန်ပြီ မြင်းတွေထဲက နှစ်ကောင် သေလို့ ကျန်တဲ့ကောင်တွေလည်း ပန်းနေပြီ
ငရဲလိုမျိုးအခြေအနေပဲ
မျက်နှာနားဝဲနေတဲ့ ယင်ကောင်တွေကိုတောင် ထပ်ပြီးမမောင်းထုတ်နိုင်တော့ဘူး
            အဲအချိန် ဖုန်ထူထူနဲ့ ကမ်းပါးလေးတခုအောက်မှာ အရိပ်နည်းနည်းခိုလို့ ရမယ့်ပုံစံမျိူး သူတို့တွေ့လိုက်တာနဲ့မြင်း​ေတွပေါ်က ဆင်းလိုက်ကြတယ်
နား... ရင်း ရေဘယ်နားရှိမလဲရှာကြည့်ရင်း မြင်းတွေထဲက​ တကောင်ဟာ လဲသွား​ြပန်တယ်......  အကုန်လုံးလည်း ငြိမ်သက်သွားပြီး တယောက်ကို တယောက် မလှုပ်မယှက်ကြည့်မိနေကြတယ်... သူတို့ က လူစုစုပေါင်း ခြောက်ယောက် -
ဟာ့ဗ် , ဟာ့ဗ် ရဲ့ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်  ဆမ်မီ နဲ့ သီအို,
သူအမြဲတမ်းကြွေနေရတဲ့ ကောင်မလေး  အဲလက်ဆာ,
( crush ပေါ့ xD)
နောက်တယောက်က အဲလက်ဆာ ရဲ့ကောင်လေး စတီဖင် :'(
နောက်ဆုံးကတော့ လီဆာ
ကျောင်းက ပန်းပွားခေါင်းဆောင်ကောင်မလေး

Die softly - ညင်သာစွာသေဆုံးWhere stories live. Discover now