ဇာတ်ကောင်နာမည်က ဟာ့ဗ် ထရက်စကာ (Herb Trasker) ပါ ။
ဟာ့ဗ် လို့ အတိုကောက်သုံးပါမယ်ခင်ဗျာ... ရဲအရာရှိတစ်ယောက်က ဖုန်းဆက်တယ် ပြောဖို့ သူ့အမေ အိပ်ခန်းတံခါးလာခေါက်တဲ့ အချိန်မှာ ဟာ့ဗ် ဟာ အိမ်မက် မက်နေတုန်းပဲရှိသေးတယ်
မနက်အစောပိုင်းက ဖုန်းတခုလက်ခံပြောလိုက်ရလို့ တခေါက်နိုးရပြီးပြီ..အဲတုန်းကတော့ သူငယ်ချင်းတယောက်ဆီကပဲ.. သူနဲ့ ပြောပြီးတာနဲ့ အခန်းထဲကဖုန်းကို ပလပ်ဖြုတ် ပြန်အိပ်ပလိုက်တယ်
ခုတော့ ဟာ့ဗ် ဟာသူ့အိမ်မက်ထဲမှာပေါ့
ဟာ့ဗ် နဲ့ သူ့သူငယ်ချင်းတွေကြမင်းေတွစီးပြီး ကန္တာရ ကိုြဖတ်ေနြကတဲ့ အနောက်ပြည်ဟောင်းက ရှေ့ဆောင်လမ်းပြတွေ ဖြစ်နေတယ်
နေက ေခါင်းေပါ်မှာတောက်ေတာက်ပပ ပူေလာင်လို့..
ရေလည်းကုန်ပြီ မြင်းတွေထဲက နှစ်ကောင် သေလို့ ကျန်တဲ့ကောင်တွေလည်း ပန်းနေပြီ
ငရဲလိုမျိုးအခြေအနေပဲ
မျက်နှာနားဝဲနေတဲ့ ယင်ကောင်တွေကိုတောင် ထပ်ပြီးမမောင်းထုတ်နိုင်တော့ဘူး
အဲအချိန် ဖုန်ထူထူနဲ့ ကမ်းပါးလေးတခုအောက်မှာ အရိပ်နည်းနည်းခိုလို့ ရမယ့်ပုံစံမျိူး သူတို့တွေ့လိုက်တာနဲ့မြင်းေတွပေါ်က ဆင်းလိုက်ကြတယ်
နား... ရင်း ရေဘယ်နားရှိမလဲရှာကြည့်ရင်း မြင်းတွေထဲက တကောင်ဟာ လဲသွားြပန်တယ်...... အကုန်လုံးလည်း ငြိမ်သက်သွားပြီး တယောက်ကို တယောက် မလှုပ်မယှက်ကြည့်မိနေကြတယ်... သူတို့ က လူစုစုပေါင်း ခြောက်ယောက် -
ဟာ့ဗ် , ဟာ့ဗ် ရဲ့ အခင်ဆုံးသူငယ်ချင်းနှစ်ယောက် ဆမ်မီ နဲ့ သီအို,
သူအမြဲတမ်းကြွေနေရတဲ့ ကောင်မလေး အဲလက်ဆာ,
( crush ပေါ့ xD)
နောက်တယောက်က အဲလက်ဆာ ရဲ့ကောင်လေး စတီဖင် :'(
နောက်ဆုံးကတော့ လီဆာ
ကျောင်းက ပန်းပွားခေါင်းဆောင်ကောင်မလေး
YOU ARE READING
Die softly - ညင်သာစွာသေဆုံး
Mystery / ThrillerOriginal Author: Christopher Pike 📸📸 ဒီကာလအတွင်း Eng လေ့ကျင့်ရန်အလိုငှာ ဒါလေးကို ြကိုးစား translate လုပ်ပါတယ်ခင်ဗျာ 😄😄😄