ရှောင်ဒရဲလား (Unicode)

11K 831 76
                                    

Beijing United Family Hospital,

Roundလှည့်ပြီးလို့ ဂျူတီမchangeခင်အထိ ဘာအရေးပေါ် caseမလာလောက်တော့ဘူးဆိုပြီး သက်ပြင်းချရုံရှိသေးတယ် Emergency Departmentတစ်ခုလုံးကို အချက်ပေးသံကလွှမ်းမိုးသွားတယ်။

SHIT!!!!!!!

လက်ထဲကကော်ဖီခွက်ချပြီးပြေးရပြန်တယ်။

"ဘာcaseလဲ"

တာဝန်ကျတဲ့နာ့စ်ကိုလည်းလှမ်းမေးရသေးတယ်။

"ဆိုင်ကယ်accidentလို့​ကြား​တယ်"

"Patientဘယ်နှစ်ယောက်လဲ"

"တစ်​ယောက်တည်းပဲ ဆရာ VIP လူနာလို့တော့ကြားတယ်"

"ဘာလို့လဲ"

အဖြေကိုမကြားရခင်မှာပဲ ဆေးရုံရဲ့ Orthopedist ဒေါက်တာကျန်းနှင့်အတူ ဆေးရုံအုပ်ပါ Emergency Departmentထဲကိုမပြေးရုံတမယ်ဝင်လာတယ်။ ဆေးရုံအုပ်ကပါဘာလို့...။

"လူနာရောက်ပြီလား။"

ဆေးရုံအုပ်ကိုကြည့်တော့မျက်နှာကအခြေအနေမကောင်း။ ဘယ်လောက်တောင်အရေးကြီးတဲ့လူနာမလို့လဲ။

"မိန်းမရယ်။ စိတ်မပူပါနဲ့။ လက်လေးကျိုးတာ အသက်နဲ့မဝေးကြီး။ မင်း သားဘာမှမဖြစ်ဘူး"

ဆေးရုံအုပ်ရဲ့ခပ်တိုးတိုးဖုန်းပြောသံကိုကြားမှ ဘာလို့VIPလူနာလဲဆိုတာကိုသဘောပေါက်သွားတယ်။

Patientရောက်လာတော့ အသက်အန္တရာယ်မစိုးရိမ်ရပေမယ့် Open Reduction Internal Fixation (ORIF)လုပ်ဖို့အတွက်လိုအပ်တာတွေဆောင်ရွက်ရတယ်။

ညာလက်ထိသွားပေမယ့် တစ်​ခြားsevere injuryမရှိတာက အဆိုးထဲကအကောင်းလို့ပဲပြောရမယ်။

Operationကလည်း အတွေ့အကြုံရှိတဲ့သူတွေချည်းပဲဆိုတော့ အေးအေးဆေးဆေးနဲ့အောင်အောင်မြင်မြင်ပဲပြီးသွားတယ်။

လူနာအခြေအနေစိတ်ချရတဲ့ အနေအထားရောက်သွားတာကြောင့် ခွဲစိတ်ခန်းကနေ VIP roomကိုရွှေ့ဖို့ရှောင်းကျန့်တို့ ပြင်ဆင်ကြတယ်။

ခွဲစိတ်ခန်းကနေလူနာကိုထုတ်လာတဲ့အထိ ဆေးရုံအုပ်ကအပြင်မှာရှိနေသေးတယ်။

VIP roomရောက်ခါနီးမှာပဲလူနာကသတိလည်လာပုံရတယ်။

"ချောလိုက်တာ"

Infirmos Caritate [Oneshot Collection]Where stories live. Discover now