ဝမ်စနိုးပေါ် [Unicode]

4.1K 526 35
                                    

"ရှောင်းကျန့်ကောရေ ကောရဲ့ Snow White ရောက်လာပြီ"

ဆိုင်ခင်းဖို့ပြင်နေတဲ့ ကျိရန်ရဲ့​အော်သံက မုန့်ဖုတ်နေတဲ့ ရှောင်းကျန့်ဆီ ပျံလွင့်လာတယ်။ အနောက်က ဒင်းရဲ့ တခွီခွီနဲ့ရယ်သံကလည်း ကပ်ပါလာသေးတယ်။

ဒီကောင်လေး ဘာလာလုပ်ပြန်ပြီလဲကွာ။

"Good Morning ကျန့်ကော"

"ဘာလာလုပ်တာလဲ"

"ကောကိုလာကြည့်တာလေ"

မေးမိတဲ့ ရှောင်းကျန့်ပဲ ရှက်ရှက်နဲ့ ဂျုံတွေဖိနယ်နေရပြန်တယ်။

🍎
🍎
🍎
🍎
🍎

ရှောင်းကျန့်က ဘဝကိုအပူပင်မရှိ အေးအေးဆေးဆေး ဖြတ်သန်းချင်တာ။ တကယ်လည်း သူ့ဘဝက အေးချမ်းတယ်။

ကော်ဖီဆိုင်လေးဖွင့်ထားတယ်။ ဆိုင်အတွက် ကိတ်နဲ့ pieတွေကို ကိုယ်တိုင်လုပ်တယ်။ ရှောင်းကျန့်ဆိုင်ရဲ့ ရောင်းအားအကောင်းဆုံးထဲမှာ apple pieလည်းပါတယ်။

ဒါပေမယ့် အခုတော့ ဆိုင်မှာတင် မရောင်းရဲတော့ဘူး။ ဖြစ်ကြောင်းကုန်စင် ပြောရမယ်ဆိုရင်ဖြင့် ဇာတ်လမ်းက လွန်ခဲ့တဲ့တစ်ပတ်က စတာပဲ။

​ရှောင်းကျန့်က ဆိုင်ကို ရိုးရိုးရှင်းရှင်းလေးပြင်ထားတဲ့ အပြင် ကိတ်မုန့်ဖုတ်တဲ့နေ့ရာကလည်း မှန်ကာထားတာကြောင့် ဆိုင်လာတဲ့ ဧည့်သည်တွေက အထဲကိုအကုန်မြင်ရတယ်။

ကိတ်မုန့်တွေတင် မဟုတ်ဘဲကိတ်မုန့်ဖုတ်တဲ့အစ်ကိုကြီးကလည်း အရသာရှိတာကြောင့် ရှောင်းကျန့်ရဲ့ဆိုင်လေးက အမြဲတမ်းစည်ကားနေတယ်။

ဇာတ်လမ်းကလည်း ထိုမှန်ခန်းကပဲစတယ်။ ရှောင်းကျန့် ထုံးစံအတိုင်း မုန့်ဖုတ်နေပေမယ့် ပုံမှန်မဟုတ်တာက ရှောင်းကျန့်မျက်စိရှေ့ဝိုင်းမှာ ထိုင်နေတဲ့ အတွဲတစ်တွဲ။

ရှောင်းကျန့်ရှိရာကို ကျောပေးထိုင်နေတဲ့ ကောင်လေးရဲ့မျက်နှာကို မမြင်ရပေမယ့် ရှောင်းကျန့်ဘက်မျက်နှာမူလို့ ထိုင်နေတဲ့ ကောင်မလေးရဲ့ အမူအရာကတော့ တဖြည်းဖြည်းလန့်နေတဲ့ ပုံပေါက်လာတယ်။

ရန်ဖြစ်တယ်ထင်လို့ ဆိုင်ကပစ္စည်းတွေ မထိခိုက်ရေး ဝင်ဆွဲရတော့မလားလို့ အခြေအနေ စောင့်ကြည့်နေတုံး ကောင်မ​လေးက ထိုင်နေရာက ထလို့ ကောင်တာမှာရှိနေတဲ့ ကျိရန်တို့ကိုပြေးခေါ်တယ်။

Infirmos Caritate [Oneshot Collection]Tempat cerita menjadi hidup. Temukan sekarang