<Unicode>
"ဒေါက်...ဒေါက်..."
"သားသားကောင်းခန့်ရေ ထတော့လေ။
ဒီနေ့သားသားဖေဖေဆီ သွားတွေ့ရမှာကို""ဟုတ် မေမေ သားအခုထပြီနော်"
"အင်း..သားသားအဆင်သင့်ပြင်ပီးရင် အောက်ဆင်းလာခဲ့တော့နော်။ ခုချိန်သွားမှ သားသားအဖေနဲ့ စောစောတွေ့ရမှာ"
"ဟုတ်ကဲ့ မေမေ"
ကောင်းခန့်သည် မေမေလာနိုးတာနဲ့ပဲ အိပ်နေရာကနေ ထလိုက်ပြီး ကုတင်ဘေးက စားပွဲပေါ်ရှိနာရီအား လှမ်းကြည့်လိုက်တော့ ခြောက်နာရီပဲရှိသေးပေမယ့် ဖေဖေကိုတွေ့ရဖို့က စောစောထပြီး တန်းစီမှပဲ တွေ့လို့ရမှာကြောင့် ကောင်းခန့်လည်းကုတင်ပေါ်က အမြန်ဆင်းလိုက်ပြီး အရင်ဆုံး မျက်နှာသစ်သွားတိုက်ဖို့ရန် ရေချိူးခန်းထဲ ၀င်လာလိုက်တော့တယ်။
ရေမိုးချိူးအ၀တ်စားလဲပြင်ဆင်ပြီးတာနဲ့ ကောင်းခန့်လည်း လိုအပ်တာလေးတွေကို ကျောပိုးအိတ်ထဲထည့်ပြီး အောက်ထပ်ဆင်းလာတော့ မေမေသည်သူ့အား ထမင်းစားခန်းကနေ ထွက်လာကာ...
"သားသား မနက်စာလာထိုင်စား
ပြီးမှပဲ မေမေတို့ သွားကြရအောင်""ဟုတ်...မေမေ"
ကောင်းခန့်လည်း အစကမေမေနဲ့ နှစ်ယောက်ထဲ ဖေ့ဖေ့ဆီကိုသွားရမယ်ဟု ထင်ထားသော်လည်း ထမင်းစားခန်းထဲ၀င်လာတော့ မေ့မေ့မောင်လေးလေး
ကိုပါ တွေ့လိုက်ရတာမို့ လေးလေးအား..."လေးလေး morningပါ၊ ဒါနဲ့ ဒီနေ့ လေးလေး အလုပ်မသွားရဘူးလား"
"အင်း...morning သားသား
ဒီနေ့လေးလေးက သားသားဖေဖေနဲ့လိုက်တွေ့ဖို့ အလုပ်မှာ ခွင့်တရက်ယူထားတာ မတွေ့ရတာလည်း ကြာပီဆိုတော့လေ ""အော်...ဟုတ် လေးလေး"
ကောင်းခန့်လည်း လေးလေးတို့နဲ့အတူ မနက်စာစားသောက်ပြီးတာနဲ့ ဖေ့ဖေ့ဆီသွားကြဖို့ကို လိုအပ်တဲ့ပစ္စည်းမျိူးစုံသယ်ကာ အိမ်ရှေ့ရှိ လေးလေးချွေးနည်းစာလေးနဲ့ ၀ယ်ထားတဲ့ကိုယ်ပိုင်ကားအသေးလေးရဲ့
နောက်ဖုံးကိုဖွင့်ကာ ခုနသယ်လာတဲ့ပစ္စည်းတွေ အကုန်လုံးကို ကားနောက်ခန်းထဲ စုထည့်လိုက်ပြီးတာနဲ့ လေးလေးက မောင်းသူနေရာမှာထိုင်ကာ
မေမေနဲ့ကောင်းခန့်ကတော့ ကားနောက်ခန်းထဲ ၀င်ထိုင်ပြီး ဖေဖေရှိတဲ့နေရာဆီကို
ထွက်လာခဲ့လိုက်တော့သည်။
///
![](https://img.wattpad.com/cover/221598600-288-k374897.jpg)
YOU ARE READING
မင်းမကြည့်လို့မသိတာပါ(Complete)
Romance"ငါ့...မိဘတွေကိုသတ်ခဲ့တဲ့....မင်းအဖေကိုလည်းမုန်းတယ်...သူ့သားဖြစ်တဲ့မင်းကိုလည်း သေလောက်အောင်မုန်းတယ်..." ထွဋ်ဝေယံဦီး "ကိုကို...ကျွန်တော့်ကို....ကြိုက်သလောက်မုန်းပါ ...ကိုကိုအနားက...မနှင်သရွေ့...ကျွန်တော့အချစ်တွေနဲ့...