အခန်း (၁၅)

22.6K 1.2K 89
                                    

"မိုးလေး အိမ်မှာနေဖို့အစီအစဉ်ရောရှိသေးရဲ့လား"

အဝတ်အစားတွေကို ကျောပိုးအိတ်လေးထဲထည့်နေတဲ့ လက်တွေတုန်သွားသည်။ တီကြီးတွေ့သွားမှာစိုးလို့ တိတ်တိတ်လေးခိုးထည့်နေပါတယ်ဆိုမှ

"ဟို night duty ကျလို့လေ အဲ့ဒါ"

"နင့် နိုက်ဂျူတီကလဲ တစ်လကျော်နေပြီ အခုထိမပြီးသေးဘူးလား မိုးလေးနော် တီတီမပြောချင်ဘူးနော် ဆေးရုံက ပြန်လာလဲ အိမ်မှာမနေဘူး တစ်နေကုန်အပြင်ထွက် ကလေးမဟုတ်တော့လို့ မပြောတာနော် မိုးလေး အခုတလောဘာတွေလုပ်နေတာလဲ"

"ဘာ ဘာမှမလုပ်ပါဘူး မိုးသူငယ်ချင်းတွေနဲ့ အပြင်ထွက်နေလို့ပါ"

"အသွားအလာလဲဆင်ခြင်ဦး တီတီသူများပြောမှဆိုတဲ့ဟာတွေမကြားချင်ဘူးနော်"

"ဟုတ်ကဲ့"

တီတီကြီးဆိုတာက မိုးကိုငယ်ငယ်လေးထဲက သူ့သမီးအရင်းလိုထိန်းခဲ့သလို ဖေဖေတို့ တီလေးတို့ကိုလဲ သူကဘဲ ကျောင်းထား သူကဘဲဦးဆောင်လုပ်ပေးခဲ့တဲ့သူ။ ငယ်ငယ်ထဲက ချစ်ကြောက်ရိုသေရသလို တစ်ခုခုဆိုလဲ တီကြီးက ရှေ့မှကာကွယ်ပေးတတ်သူ။

တကယ်တော့ သူပြောတာလဲအပြစ်တော့မဟုတ်။ မိုးလဲ ဟိုအစုတ်ပလုပ်လူကြီးကြောင့် အိမ်မှာကိုမနေရ။ သူ့ဆီလာမအိပ်ရင် တကျီကျီနှင့် ကလေးကြီးလို ဂျီကြနေတဲ့ ချီးထုပ်ကြီးကြောင့်ပေါ့။

နေ့တိုင်းသူနှင့်အတူတူဆေးရုံမှာတွေ့နေရတာကိုလဲ အားမရ။ လူကိုကသူ့အပိုင်ကြီးကြလို့ ခေါ်အိပ်သေးတာ။ day off ဆိုလဲ တစ်နေကုန်အိမ်မှာမနေရဘူး။ သူ့အနားဘဲခေါ်ထားချင်နေတဲ့သူကြီး။ မိုးတို့အကြောင်းကို တီတီငယ်ကတော့ ရိပ်မိနေသည်ထင်သည်။ ဘာမှတော့မပြောချေ။ တီကြီးကသာ မိုးအပြင်ထွက်လွန်းလို့ မျက်စိနောက်နေတာ။

မသွားရင်လဲ ဟိုလူကြီးက စိတ်ကဆိုးဦးမည်။ ချစ်သူသက်တမ်းတစ်လကျော်အတွင်းမှာကို ထိုလူကြီးအကျင့်တွေနှင့် မိုးမှာအကျွမ်းဝင်နေပြီးသား။ မိုးလဲရည်းစားထားဖူးတာဘဲ ဘယ်သူမှသူ့လောက်ဂျီမကျဘူး။

"မိုးရေ ဒီမှာ အမွန်ရောက်နေတယ်"

တီတီငယ်ရဲ့အော်သံကြောင့် မိုးအခန်းထဲကသွက်သွက်လက်လက်ထကာ အပြင်ဘက်က အမွန့်ကို အခန်းထဲ ဆွဲခေါ်လာလိုက်သည်။

Hold my hand, look into my heart, feel my love 💕Where stories live. Discover now