Chapter (1) ခ်ဴးပိုင္ / ချူးပိုင်

14.5K 1.7K 41
                                    

{Unicode}

ချူးပိုင်က အနုပညာမေဂျာကရှုယဥ်ကိုကြိုက်သွားသည်

ထိုမိန်းကလေးဟာကျော့ရှင်းပြီး ရှည်လျားဖြောင့်တန်းတဲ့အနက်ရောင်ဆံပင်ရှည်ကြီးတွေလည်းပိုင်ဆိုင်ထားသည် သူမရဲ့တင်းရင်းပြီးဖြူဖြူဖွေးဖွေးအသားအရေရယ် သူမရဲ့သိမ်မွေ့ပြီးလှပတဲ့အပြုံးတွေက ချူးပိုင်ရဲ့စိတ်ဝင်စားမှုကိုရရှိသွားသည် ထိုညကကျောင်းအိပ်ဆောင်ကိုပြန်လာတော့ သူဆုံးဖြတ်ချက်ချလိုက်သည် သူအဲ့ကောင်မလေးကို လိုက်ချင်တယ်လို့ပေါ့

ဒုတိယသခင်လေးချူးက ချစ်ရေးချစ်ရာကိစ္စမှာအတွေ့အကြုံမရှိသေးပေမဲ့လည်း သူကခန့်ချောဆိုတဲ့အချက်ကတော့ သူ့ကိုယ်သူလုံးဝယုံကြည်ချက်ရှိသည် သူကချမ်းသာပြီး သူ့ရဲ့ပင်ကိုယ်စရိုက်ကလည်းကောင်းတဲ့အတွက်ကြောင့် သူမအနေနဲ့သူ့ရဲ့ရည်းစားဖြစ်လာဖို့အသင့်တော်ဆုံးပဲ အထက်တန်းနောက်ဆုံးနှစ်တုန်းကရည်းစားစာတွေထောင်ချီမကရခဲ့တာကိုသူမလေးသိသင့်တယ် ငါဘယ်လောက်တောင်ကျော်ကြားလဲဆိုတာ မှန်းကြည့်လိုက်စမ်း!!!

အကယ်၍သူ့ရဲ့စံနှုန်းတွေသာအရမ်းမြင့်မနေဘူးဆိုရင် ဒီအသက်အရွယ်ရောက်တဲ့အထိ အချစ်ရေးရာကိစ္စမှာအတွေ့အကြုံမရှိဘူးဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ

ဟေး အခုတော့ သူမကြာခင်ရည်းစားရတော့မယ်

ချူးပိုင်အိပ်ရာပေါ်လှဲနေရင်း လေချွန်နေသည် သူ့ရဲ့လေချွန်သံက အိပ်ခန်းရဲ့အပြင်ဘက်ကိုတောင်ဟိန်းထွက်သွားသည်

ဝမ်ပန်းက ဆန်းကျင့်ဘက်အိပ်ရာရဲ့အလယ်မှာဆော့နေသည် ထိုအချိန် ဝမ်ပန်းက သူ့ကိုကြည့်ပြီးလှောင်လိုက်သည် "ဘာလဲ ဒုတိယသခင်လေးချူးက မိတ်ဆုံစားပွဲသွာစပြီးတော့ အခုမင်းရင်ထဲမှာပန်းတွေပွင့်နေပြီမလား?"

အိပ်ခန်းတံခါးကိုဖွင့်ပြီးဝင်လာတဲ့တုဝေကောင်းက ထိုစကားကိုကြားသွားခဲ့သည် သူ့ရဲ့လက်လှမ်းလာပြီး မျက်လုံးတွေဟာလည်းမှောင်မဲနေသည် အနီးအနားကလေထုဟာ ဝမ်ပန်းကိုခိုက်ခိုက်တုန်သွားစေသည်အထိအပူချိန်ကျဆင်းသွားတော့သည်

တကယ်တော့ ငါ့ရန်သူက ငါ့ကိုတိတ်တိတ်လေးချစ်နေတယ် [ဘာသာပြန်] ✔️Where stories live. Discover now